Home Parenting Child Teaching ကျန်းမာစွာ စားသောက်ခြင်းအလေ့အထကို အားပေးရင်း ကလေးတွေနှင့်အတူ ဘယ်လိုချက်ပြုတ်ကြမလဲ?

ကျန်းမာစွာ စားသောက်ခြင်းအလေ့အထကို အားပေးရင်း ကလေးတွေနှင့်အတူ ဘယ်လိုချက်ပြုတ်ကြမလဲ?

0
ကျန်းမာစွာ စားသောက်ခြင်းအလေ့အထကို အားပေးရင်း ကလေးတွေနှင့်အတူ ဘယ်လိုချက်ပြုတ်ကြမလဲ?

မေမေတို့ရေ့…ယနေ့ခေတ် မိဘတွေဟာ ကလေးတွေနှင့်အတူ ချက်ပြုတ်တာကို ပိုလုပ်လာကြပါတယ်နော်။ ဒါက ကလေးတွေအား အချက်အပြုတ်နှင့်ပတ်သတ်တဲ့ အခြေခံအချက်တွေနဲ့ မီးဖိုချောင်ထဲမှ အမူအကျင့် စည်းမျဉ်းတွေကို လေ့လာမိစေပါတယ်။ ဒါ့ကြောင့် ကလေးတွေကို ငယ်ငယ်လေးထဲက ချက်ပြုတ်တတ်အောင် သင်ပေးချင်တဲ့ မေမေတို့အတွက် အသုံးဝင်မယ့် အချက်တစ်ချို့ကို မျှဝေပေးလိုက်ပါတယ်နော်။

  • မေမေတို့ကလေးက ဘာဟင်းချက်ချင်လဲဆိုတာရှာပါ။ ကလေးတစ်ဦးက ဟင်းချက်ပြုတ်ခြင်းလုပ်ငန်းစဉ်မှာ ပါဝင်လာတဲ့အခါ နောက်ပိုင်းမှာ သူတို့ဟာ အစားအသောက်ပိုင်းကို ပိုစိတ်ဝင်စားလာကြပါတယ်။ စျေးသွားမဝယ်ခင် စျေးဝယ်စာရင်းကို ကူညီဖို့ ကလေးကို တောင်းဆိုပါ။ချက်ပြုတ်နေစဉ် ကလေးရဲ့ စိတ်ကူးတွေနဲ့ အကြံပြုချက်တွေကို နားထောင်ပါ။ သူတို့ဘာကြိုက်လဲဆိုတာ မေးပါ။ ဒါက မိသားစုထဲမှာ လူတိုင်းနှစ်သက်မယ့် အစားအသောက် စာရင်းကို ဖန်တီးဖို့ မေမေတို့အတွက် ပိုလွယ်ကူစေပါလိမ့်မယ်။
  • မေမေတို့ကလေးအား မတူညီတဲ့ အရသာတွေနဲ့ အနံ့တွေကို ခွဲခြားတတ်အောင် သင်ပေးပါ၊ ကလေးတွေဟာ အထူးသဖြင့် အနံ့(သို့) အရသာ ထူးခြားပါက မရင်းနှီးတဲ့ အစားအစာတွေဆိုရင် စားဖို့ ငြင်းဆန်နိုင်ပါတယ်။ ဒါပေမယ့် အတူတူချက်ပြုတ်တဲ့အခါ ကလေးက ဟင်းတစ်ခွက်ရဲ့ ပါဝင်ပစ္စည်းတွေကို သင်ယူနိုင်ပါလိမ့်မယ်။ ပြီးတော့ သူတို့မရင်းနှီးသေးတဲ့ ဟင်းလျာတစ်ခုမှာ စိတ်ဝင်စားမှုနှင့် ယုံကြည်မှု တိုးပွားစေပါလိမ့်မယ်။ ကျွန်မတို့ရဲ့လျှာပေါ်ရှိ ရသာရုံကလပ်စည်းနှင့် အနံ့ခံအာရုံက ဟင်းလျာကိုအသိအမှတ်ပြုတဲ့အခါ ခက်ခဲရှုပ်ထွေးတဲ့ အရသာတွေနှင့်အတူ ဟင်းလျာတွေကို ပိုနားလည်လာပါတယ်။ ဒါ့ကြောင့် အချို့အခြေအနေတွေမှာ ကလေးအား ပထမဆုံး ဟင်းအနံ့ခံဖို့ ကမ်းလှမ်းပြီး နောက်မှသာ အရသာမြည်းစမ်းခိုင်းပါ။
  • သိပ္ပံနယ်ပယ် အသီးသီးမှ ဗဟုသုတတွေက မီးဖိုချောင်မှာ အသုံးဝင်နိုင်ကြောင်း ကလေးအား ပြောပြပါ။ အပူချိန်ပြောင်းလဲမှုတွေက အစားအစာတွေနဲ့ သူတို့ရဲ့ ဂုဏ်သတ္တိတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာကို ရှင်းပြပေးဖို့လည်း အရေးကြီးပါတယ်။ အစားအစာတိုင်းက လူ့ခန္ဓာကိုယ်အတွက် ဘာ့ကြောင့်မကောင်းသလဲ? ဘယ်အစားအစာတွေ ပါဝင်သလဲ? ဆိုတာ ပြောပြပေးပါ။
  • မိသားစု အစဉ်အလာဖြစ်အောင်လုပ်ပါ။ မိသားစုထမင်းဝိုင်းက စားပွဲမှာသာ စတင်နိုင်တာမဟုတ်ပါဘူး။ လူကြီးတွေက ကလေးတွေနဲ့ အတူတူ ချက်ပြုတ်ကြရင်း သူတို့ရဲ့အတွေ့အကြုံတွေကို လက်ဆင့်ကမ်းပေးကြတဲ့ မီးဖိုချောင်ထဲမှာလည်း ဖြစ်နိုင်ပါတယ်။ ချက်ပြုတ်နည်းအသစ်တွေကို အတူတူကြိုးစားကြည့်နိုင်ပါတဘ်။ ဒါက ကလေးတွေအား အရသာရှိသော ၊ ကျန်းမာသော အစားအစာတွေကို မိတ်ဆက်ဖို့ အခွင့်အလမ်းကောင်းတစ်ခုလည်း ဖြစ်ပါတယ်။
  • လုံခြုံရေးစည်းမျဉ်းတွေကို သင်ပေးပါ။ ချက်ပြုတ်နေစဉ် ဘယ်အရာတွေကို safe ဖြစ်အောင်ထားရမယ်၊ ဘာ့ကြောင့် အရေးကြီးလဲ ဆိုတာ ကလေးကို ရှင်းပြပါ။ မတူညီတဲ့ အရာဝတ္တုတွေကို ဘယ်လိုစနစ်တကျကိုင်မလဲ၊ ဘယ်လိုသုံးမလဲ၊ မီးဖိုချောင်သုံးပစ္စည်းတွေကို ဘယ်လိုဖွင့်လဲဆိုတာ ရှင်းပြပေးပါ။ ကလေးက safety rules တွေကို လိုက်နာလားဆိုတာ အမြဲကြည့်ပြီး သူတို့ရဲ့ အသက်အရွယ်နဲ့ သင့်လျော်တဲ့ အလုပ်တွေကို လုပ်စေပါနော်။

ကလေးတွေအတွက် စိတ်ချရနိုင်တဲ့ မီးဖိုချောင်အလုပ်များ

၁။ အသက် ၂-၃နှစ်

အရမ်းငယ်သေးတဲ့ ကလေးတွေဟာ သူတို့ရဲ့ အရသာ၊ အနံ့၊ အမြင်၊ အကြားနဲ့ ထိတွေ့မှုတို့ဖြင့် လောကကြီးကို စူးစမ်းလေ့လာရတာ နှစ်သက်ကြပါတယ်။ အချို့ကလေးငယ်တွေအတွက် မီးဖိုချောင်မှာ မေမေတို့ရဲ့ လုပ်ဆောင်ချက်တွေကို ရှင်းပြရင်း ကြည့်စေယုံနဲ့တင် လုံလောက်ပါတယ်။ ကလေးကို အလုပ်ရှုပ်နေအောင် အိုးအလွတ်နဲ့ ဇွန်းတစ်ချောင်းပေးပြီး “သားဘာဟင်းတွေ ချက်နေလဲ”ဆိုတာ မေးနိုင်ပါတယ်။ ဒီအသက်အရွယ်ကလေးတွေကို ဒီလိုရိုးရှင်းတဲ့ အလုပ်တစ်ချို့ကို လုပ်ခိုင်းနိုင်ပါတယ်။

  • သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို ရေနဲ့ ဆေးကြောခိုင်းခြင်း၊ အာလူးအခွံက အညစ်အကြေးတွေကို ဘရပ်တစ်ခုနဲ့ သန့်စင်ခိုင်းခြင်း။
  • ပါဝင်ပစ္စည်းတွေ (သို့) အစားအစာတွေကို ပန်းကန်ပြားတစ်ခုထဲ ထည့်ခိုင်းခြင်း
  • ရေခဲသေတ္တာ (သို့) မီးဖိုချောင်စင်ပေါ်က လိုအပ်တဲ့ အစားအစာတွေကို ကူရှာခိုင်းခြင်း

၂။ အသက် ၃- ၄နှစ်

ကလေးဟာ အစားအစာထက် communication မှာ ပိုစိတ်ဝင်စားကြောင်း ပြသနိုင်ပါတယ်။ အောက်ပါတို့ကို လုပ်ဆောင်ဖို့ ကလေးကို အကူအညီတောင်းနိုင်ပါတယ်။

  • ကြက်ဥပြုတ််တွေကို အခွံခွာခိုင်းပါ။
  • ရိုးရိုးအသားညှပ်ပေါင်မုန့်လုပ်ပါ (သို့) ပီဇာပေါ်မှာ ပါဝင်ပစ္စည်းတွေ တင်ခိုင်းပါ
  • အာလူး(သို့) ငှက်ပျောသီးကို ချေခိုင်းပါ

၃။ အသက် ၄- ၆နှစ်

ဒီအသက်အရွယ်မှာ အချို့ကလေးတွေက အစားအသောက်မှာ သူတို့ရဲ့အကြိုက်ကို စတင်ပြသနိုင်ပါတယ်။ ကလေးက မေမေတို့လုပ်ကျွေးတဲ့ အရာတွေကို မစားချင်ရင်တောင် စိတ်ရှည်ရှည်ထားပြီး လုပ်ငန်းစဉ်တွေမှာ ပါဝင်ခိုင်းခြင်းက အနာဂတ်မှာ ဟင်းလျာအသစ်တွေကို မြည်းစမ်းဖို့ စိတ်ဝင်စားစေတယ်ဆိုတာ သတိရပါ။ ကလေးအား အောက်ပါအလုပ်တွေလုပ်ဖို့ ဖိတ်ခေါ်ပါ။

  • ဥပမာ အသုပ်ပြုလုပ်ဖို့ မတူညီတဲ့ အစားအစာပါဝင်ပစ္စည်းတွေကို ပန်းကန်အလွတ်တစ်ခုထဲ ထည့်ခိုင်းပါ။
  • ပြုတ်ထားတဲ့ ဟင်းသီးဟင်းရွက်တွေ၊ နူးညံ့တဲ့အသီးတွေ (သို့) တို့ဟူးတွေကို ပလတ်စတစ်ဓါးနဲ့ လှီးခိုင်းပါ။

၄။ အသက် ၆- ၈နှစ်

ဒီအသက်အရွယ်မှာ ကလေးတစ်ယောက်ဟာ ရိုးရှင်းတဲ့ အဆင့်ဆင့်ချက်ပြုတ်နည်းကို ကျွမ်းကျင်ဖို့ လုံလောက်တဲ့ အရွယ်ရောက်နေပါပြီ။ ဒါ့ကြောင့်

  • မီးဖိုချောင်သုံးပစ္စည်းတွေ၊ ခြစ်ခုံ၊ ပေါင်မုန့်ကင်စက်၊ ကြိတ်စက် ကဲ့သို့သော မီးဖိုချောင်သုံး ကိရိယာတွေကို အန္တရာယ်ကင်းစွာ ဘယ်လိုသုံးရမလဲဆိုတာ ပြသထားပါ။
  • ကြက်ဥကြော်ဖို့ ပါဝင်ပစ္စည်းတွေ ထည့်ခိုင်းတာမျိုး၊ အသုပ်သုပ်ဖို့ ပါဝင်ပစ္စည်းတွေ ရောမွှေခိုင်းတာမျိုး၊ မနက်စာ ပေါင်မုန့်ယိုသုတ်ခိုင်းတာမျိုးမှာ ယုံကြည်လို့ရနိုင်ပါပြီ။

၅။ အသက် ၈- ၁၁နှစ်

ဒီအသက်အရွယ်မှာ ကလေးတစ်ယောက်ဟာ လှုပ်ရှားမှုအသီးသီးကို ဟန်ချက်ညီအောင် ထိန်းချုပ်နိုင်လာပြီး မတူညီတဲ့ အသုံးအဆာင်တွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေကို ဘယ်လိုသုံးရလဲဆိုတာ နားလည်လာပါတယ်။ ဒါ့ကြောင့် အောက်ပါအလုပ်တွေထဲက တစ်ခုကိုလုပ်ဖို့ သူတို့ကိုဖိတ်ခေါ်ပါ။

  • နူးညံ့တဲ့ ဝက်အူချောင်းတွေတ၊ ချိစ်၊ တို့ဟူး၊ ပေါင်မုန့်ကဲ့သို့သော အစားအစာတွေကို ဖြတ်ဖို့ တုံးတဲ့ဓါးကို သုံးခိုင်းပါ
  • မေမေတို့ရဲ့ ကြီးကြပ်မှုအောက်မှာ ရိုးရှင်းတဲ့ ချက်ပြုတ်နည်းတွေအတွက် မိုက်ခရိုဝေ့ဗ်နဲ့ မီးဖိုကို သုံးခိုင်းခြင်း (ဥပမာ- ဟင်းအိုးနွေးတာမျိုး)
  • ကျောင်းမှာစားလို့ရတဲ့ မနက်စာ (သို့) နေ့လည်စာကို သူတို့ကိုယ်တိုင် ပြုလုပ်ခိုင်းပါ။ နည်းနည်းခက်မယ့် ဟင်းလျာဆိုရင် မေမေတို့နဲ့ အတူတူပြုလုပ်နိုင်ပါတယ်။

Chit_MayMay

LM_Nandar

Source-5minutecrafts

LEAVE A REPLY

Please enter your comment!
Please enter your name here