ကျန်းမာတဲ့ ကလေးတစ်ယောက်ကို ပိုင်ဆိုင်ချင်သော မိဘတွေအတွက် သတိပေးနေတဲ့ လက္ခဏာများ

0
14

မိဘတိုင်းက ကိုယ်မွေးဖွားလာတဲ့ ရင်သွေးလေးကို ကျန်းကျန်းမာမာနဲ့ ချို့ယွင်းချက်မရှိတဲ့ ကလေးတွေ ဖြစ်စေချင်ကြပါတယ်။ ဒါ့ကြောင့် သူတို့ကြုံတွေ့ရနိုင်တဲ့ ဖြစ်နိုင်ချေရှိသော ပြဿနာတွေကို ကာကွယ်ဖို့နှင့် အနည်းဆုံး လျော့ချနိုင်ဖို့ သတိထားရမယ့် လက္ခဏာလေးတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ ကလေးတွေမှာ ဦးခေါင်းခွံအချိုးအစားမညီတာ

မိခင်အများစုက cranial asymmetry လို့သိကြတဲ့ မွေးကင်းစကလေးတွေရဲ့ ဦးခေါင်းခွံအချိုးအစားမညီတဲ့ ဖြစ်စဉ်ကို သတိပြုမိကြပါတယ်။ များသောအားဖြင့် ဦးခေါင်းခွံပုံသဏ္ဍာန်က သိသိသာသာ ပုံပျက်သွားနိုင်ပါတယ်။
၎င်းကို ရှောင်ရှားဖို့ ဆရာဝန်များက အိပ်ချိိန်အတွင်းမှာ ကလေးရဲ့ ဦးခေါင်း အနေအထားကို ပြောင်းပေးဖို့ အကြံပြုထားပါတယ်။ ကလေးမအိပ်တဲ့အချိန်မှာ ဒါမှမဟုတ် ချီတဲ့အချိန်မှာ လက်ဖဝါးပေါ်မှာ ကလေးဦးခေါင်းကို ပိုပြီးကိုင်ထားပေးပါ။ များသောအားဖြင့် အသက် ၆လမှာ ကလေးရဲ့ ဦးခေါင်းခွံဟာ ပုံမှန်ပုံသဏ္ဍာန် ဖြစ်လာပါတယ်။

၂။ ကလေး ခေါင်းစောင်းခြင်း

၎င်းကို မွေးကင်းစကလေးတွေမှာ တွေ့ရလေ့ရှိပြီး ငယ်ရွယ်တဲ့ မိခင်တွေကို မကြာခဏ ထိတ်လန့်စေပါတယ်။ ဆရာဝန်အများစုက ကလေးခေါင်းစောင်းတာဟာ သားအိမ်အတွင်းရှိ သန္ဓသားရဲ့ အနေအထားမှားယွင်းမှု ၊ မွေးဖွားစဉ်ကာလအတွင်း လေစုပ်ပစ္စည်းတွေ အသုံးပြုခြင်းနှင့် ဆက်စပ်မှု ရှိတယ်လို့ ယုံကြည်ကြပါတယ်။
ဒီဖြစ်စဉ်ကို သတိပြုမိဖို့ မလွယ်ပါဘူး၊ ဘာ့ကြောင့်လည်းဆိုတော့ ကလေးဟာ တစ်ဘက်တည်းကိုသာ သူ့ခေါင်းကို လှည့်လိုပါတယ်။ ကလေးဝမ်းလျားမှောက်ချိန်၊ ခေါင်းထောင်နိုင်တဲ့အချိန်မှာ သတိထားမိတတ်ကြပါတယ်၊ ဒီပြဿနာကို ဆရာဝန်မပြဘဲ ဖြေရှင်းနိုင်ပါတယ်။ ကလေးရဲ့ ခေါင်းစောင်းတဲ့ ဘက်ကို လှည့်ပြီး မှောက်ခုံသိပ်ပါ။

၃။ W အနေအထား

တချို့ကလေးတွေက ဒီအနေအထားနဲ့ ထိုင်ရတာကို နှစ်သက်ကြပါတယ်။ ဆရာဝန်တွေက ဒီအနေအထားဟာ သူတို့ရဲ့ ကျန်းမာရေးအတွက် သိပ်မကောင်းကြောင်း ပြောကြပါတယ်။ W အနေအထားက ကလေးတွေအတွက် ခန္ဓာကိုယ်အပေါ်ပိုင်းကို သက်တောင့်သက်သာ ဖြစ်စေပါတယ်။ဒါပေမယ့် ရေရှည်ထိုင်တဲ့အခါ W အနေအထားက ကလေးတွေကို အဆစ်လွဲတာတွေ ဖြစ်ပေါ်စေပါတယ်။ အထူးသဖြင့် ဒါက ကြွက်သားပြဿနာတွေ၊ အဆစ်နာရောဂါရာဇဝင်ရှိတဲ့ ကလေးတွေမှာ ဆိုးပါတယ်။
သင့်ကလေးက Wအနေအထားကို အချိန်အနည်းငယ်သာ သုံးပါက စိုးရိမ်စရာမလိုပါဘူး၊ သို့သော် ဒီအနေအထားက သူတို့ရဲ့ အကြိုက်ဆုံးအနေအထားဖြစ်ပါက ပုံစံပြောင်းထိုင်ဖို့ ကလေးကို သတိပေးပါ။

၄။ ခြေဖျားထောက်ပြီး လမ်းလျောက်ခြင်း

တခါတရံမှာ ကလေးတွေ လမ်းစလျောက်တဲ့အခါ ဘဲလေးအကသမားလို လျှောက်တတ်ကြပါတယ်။ အစပိုင်းမှာ ရယ်စရာကောင်းပုံရပေမယ့် ၃နှစ်လောက်အထိ မကြာခဏ ဒီလိုလျှောက်နေတာကို မြင်ရင် ဆရာဝန်နှင့် ပြသသင့်ပါတယ်။
ဒီလမ်းလျှောက်ပုံက ဆိုးဝါးတဲ့ ကျန်းမာရေးအခြေအနေတစ်ချို့မှာ ပါလေ့ရှိတာကြောင့် စိုးရိမ်ဖွယ်လက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။

၅။ အိပ်နေစဉ် သွားကြိတ်ခြင်း

အချို့လူတွေက သွားကြိတ်တာက တုတ်ကောင်တွေကြောင့်လို့ ယုံကြည်ကြပါတယ်။ သို့သော် လူအများစုက ဘာ့ကြောင့် သွားကြိတ်တာလည်း ဆိုတာတော့ တိတိကျကျ မသိကြပါဘူး။ ဆရာဝန်တွေကတော့ စိတ်ပိုင်းဆိုင်ရာနှင့် ခန္ဓာဗေဒ အကြောင်းရင်း ၂ခုရှိတဲ့ bruxismလို့ခေါ်တဲ့ အံကြိတ်ခြင်းကြောင့်လို့ ဆိုပါတယ်။ စိတ်ပိုင်းဆိုင်ရာကြောင့်ဖြစ်တဲ့ အံကြိတ်ခြင်းက စိတ်ဖိစီးမှုနှင့် စိုးရိမ်စိတ်တို့ကြောင့် ဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ စကားများတာ၊ ကျောင်းတွင် လူရှေ့မှာ စကားပြောရတာ စတာတွေကြောင့် ကလေးတွေဟာ စိတ်ဖိစီးမှုဖြစ်ပြီး ညဘက်မှာ သွားကြိတ်လေ့ရှိပါတယ်၊ ခန္ဓာဗေဒ အကြောင်းရင်းကတော့ သွားမညီတာကြောင့်၊ မှားကိုက်မိတာကြောင့်ဖြစ်ပါတယ်။ ဘယ်အခြေအနေမဆို ကလေးရဲ့ အနာဂတ်မှာ သွားပြဿနာတွေမဖြစ်အောင် သွားဆရာဝန်ဖြင့် ပြသသင့်ပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-brightside

Zawgyi

က်န္းမာတဲ့ ကေလးတစ္ေယာက္ကို ပိုင္ဆိုင္ခ်င္ေသာ မိဘေတြအတြက္ သတိေပးေနတဲ့ လကၡဏာမ်ား
မိဘတိုင္းက ကိုယ္ေမြးဖြားလာတဲ့ ရင္ေသြးေလးကို က်န္းက်န္းမာမာနဲ႔ ခ်ိဳ႕ယြင္းခ်က္မရွိတဲ့ ကေလးေတြ ျဖစ္ေစခ်င္ၾကပါတယ္။ ဒါ့ေၾကာင့္ သူတို႔ႀကဳံေတြ႕ရႏိုင္တဲ့ ျဖစ္ႏိုင္ေခ်ရွိေသာ ျပႆနာေတြကို ကာကြယ္ဖို႔ႏွင့္ အနည္းဆုံး ေလ်ာ့ခ်ႏိုင္ဖို႔ သတိထားရမယ့္ လကၡဏာေလးေတြကို မွ်ေဝေပးလိုက္ပါတယ္။

၁။ ကေလးေတြမွာ ဦးေခါင္းခြံအခ်ိဳးအစားမညီတာ

မိခင္အမ်ားစုက cranial asymmetry လို႔သိၾကတဲ့ ေမြးကင္းစကေလးေတြရဲ႕ ဦးေခါင္းခြံအခ်ိဳးအစားမညီတဲ့ ျဖစ္စဥ္ကို သတိျပဳမိၾကပါတယ္။ မ်ားေသာအားျဖင့္ ဦးေခါင္းခြံပုံသ႑ာန္က သိသိသာသာ ပုံပ်က္သြားႏိုင္ပါတယ္။
၎ကို ေရွာင္ရွားဖို႔ ဆရာဝန္မ်ားက အိပ္ခ်ိိန္အတြင္းမွာ ကေလးရဲ႕ ဦးေခါင္း အေနအထားကို ေျပာင္းေပးဖို႔ အႀကံျပဳထားပါတယ္။ ကေလးမအိပ္တဲ့အခ်ိန္မွာ ဒါမွမဟုတ္ ခ်ီတဲ့အခ်ိန္မွာ လက္ဖဝါးေပၚမွာ ကေလးဦးေခါင္းကို ပိုၿပီးကိုင္ထားေပးပါ။ မ်ားေသာအားျဖင့္ အသက္ ၆လမွာ ကေလးရဲ႕ ဦးေခါင္းခြံဟာ ပုံမွန္ပုံသ႑ာန္ ျဖစ္လာပါတယ္။

၂။ ကေလး ေခါင္းေစာင္းျခင္း

၎ကို ေမြးကင္းစကေလးေတြမွာ ေတြ႕ရေလ့ရွိၿပီး ငယ္႐ြယ္တဲ့ မိခင္ေတြကို မၾကာခဏ ထိတ္လန္႔ေစပါတယ္။ ဆရာဝန္အမ်ားစုက ကေလးေခါင္းေစာင္းတာဟာ သားအိမ္အတြင္းရွိ သႏၶသားရဲ႕ အေနအထားမွားယြင္းမႈ ၊ ေမြးဖြားစဥ္ကာလအတြင္း ေလစုပ္ပစၥည္းေတြ အသုံးျပဳျခင္းႏွင့္ ဆက္စပ္မႈ ရွိတယ္လို႔ ယုံၾကည္ၾကပါတယ္။
ဒီျဖစ္စဥ္ကို သတိျပဳမိဖို႔ မလြယ္ပါဘူး၊ ဘာ့ေၾကာင့္လည္းဆိုေတာ့ ကေလးဟာ တစ္ဘက္တည္းကိုသာ သူ႔ေခါင္းကို လွည့္လိုပါတယ္။ ကေလးဝမ္းလ်ားေမွာက္ခ်ိန္၊ ေခါင္းေထာင္ႏိုင္တဲ့အခ်ိန္မွာ သတိထားမိတတ္ၾကပါတယ္၊ ဒီျပႆနာကို ဆရာဝန္မျပဘဲ ေျဖရွင္းႏိုင္ပါတယ္။ ကေလးရဲ႕ ေခါင္းေစာင္းတဲ့ ဘက္ကို လွည့္ၿပီး ေမွာက္ခုံသိပ္ပါ။

၃။ W အေနအထား

တခ်ိဳ႕ကေလးေတြက ဒီအေနအထားနဲ႔ ထိုင္ရတာကို ႏွစ္သက္ၾကပါတယ္။ ဆရာဝန္ေတြက ဒီအေနအထားဟာ သူတို႔ရဲ႕ က်န္းမာေရးအတြက္ သိပ္မေကာင္းေၾကာင္း ေျပာၾကပါတယ္။ W အေနအထားက ကေလးေတြအတြက္ ခႏၶာကိုယ္အေပၚပိုင္းကို သက္ေတာင့္သက္သာ ျဖစ္ေစပါတယ္။ဒါေပမယ့္ ေရရွည္ထိုင္တဲ့အခါ W အေနအထားက ကေလးေတြကို အဆစ္လြဲတာေတြ ျဖစ္ေပၚေစပါတယ္။ အထူးသျဖင့္ ဒါက ႂကြက္သားျပႆနာေတြ၊ အဆစ္နာေရာဂါရာဇဝင္ရွိတဲ့ ကေလးေတြမွာ ဆိုးပါတယ္။
သင့္ကေလးက Wအေနအထားကို အခ်ိန္အနည္းငယ္သာ သုံးပါက စိုးရိမ္စရာမလိုပါဘူး၊ သို႔ေသာ္ ဒီအေနအထားက သူတို႔ရဲ႕ အႀကိဳက္ဆုံးအေနအထားျဖစ္ပါက ပုံစံေျပာင္းထိုင္ဖို႔ ကေလးကို သတိေပးပါ။

၄။ ေျခဖ်ားေထာက္ၿပီး လမ္းေလ်ာက္ျခင္း

တခါတရံမွာ ကေလးေတြ လမ္းစေလ်ာက္တဲ့အခါ ဘဲေလးအကသမားလို ေလွ်ာက္တတ္ၾကပါတယ္။ အစပိုင္းမွာ ရယ္စရာေကာင္းပုံရေပမယ့္ ၃ႏွစ္ေလာက္အထိ မၾကာခဏ ဒီလိုေလွ်ာက္ေနတာကို ျမင္ရင္ ဆရာဝန္ႏွင့္ ျပသသင့္ပါတယ္။
ဒီလမ္းေလွ်ာက္ပုံက ဆိုးဝါးတဲ့ က်န္းမာေရးအေျခအေနတစ္ခ်ိဳ႕မွာ ပါေလ့ရွိတာေၾကာင့္ စိုးရိမ္ဖြယ္လကၡဏာတစ္ခုလည္း ျဖစ္ႏိုင္ပါတယ္။

၅။ အိပ္ေနစဥ္ သြားႀကိတ္ျခင္း

အခ်ိဳ႕လူေတြက သြားႀကိတ္တာက တုတ္ေကာင္ေတြေၾကာင့္လို႔ ယုံၾကည္ၾကပါတယ္။ သို႔ေသာ္ လူအမ်ားစုက ဘာ့ေၾကာင့္ သြားႀကိတ္တာလည္း ဆိုတာေတာ့ တိတိက်က် မသိၾကပါဘူး။ ဆရာဝန္ေတြကေတာ့ စိတ္ပိုင္းဆိုင္ရာႏွင့္ ခႏၶာေဗဒ အေၾကာင္းရင္း ၂ခုရွိတဲ့ bruxismလို႔ေခၚတဲ့ အံႀကိတ္ျခင္းေၾကာင့္လို႔ ဆိုပါတယ္။ စိတ္ပိုင္းဆိုင္ရာေၾကာင့္ျဖစ္တဲ့ အံႀကိတ္ျခင္းက စိတ္ဖိစီးမႈႏွင့္ စိုးရိမ္စိတ္တို႔ေၾကာင့္ ျဖစ္ပါတယ္။ သူငယ္ခ်င္းေတြနဲ႔ စကားမ်ားတာ၊ ေက်ာင္းတြင္ လူေရွ႕မွာ စကားေျပာရတာ စတာေတြေၾကာင့္ ကေလးေတြဟာ စိတ္ဖိစီးမႈျဖစ္ၿပီး ညဘက္မွာ သြားႀကိတ္ေလ့ရွိပါတယ္၊ ခႏၶာေဗဒ အေၾကာင္းရင္းကေတာ့ သြားမညီတာေၾကာင့္၊ မွားကိုက္မိတာေၾကာင့္ျဖစ္ပါတယ္။ ဘယ္အေျခအေနမဆို ကေလးရဲ႕ အနာဂတ္မွာ သြားျပႆနာေတြမျဖစ္ေအာင္ သြားဆရာဝန္ျဖင့္ ျပသသင့္ပါတယ္။

Lifestyle_Myanmar

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here