ကျန်းမာတဲ့ မိသားစုရဲ့ ရိုးရှင်းသော်လည်း တန်ခိုးရှိသော အလေ့အကျင့်(၇)ချက်

0
305
- Advertisement -

၁။ အတူတကွစားသောက်ပါ

မိသားစုတွေ အတူတကွစားသောက်ကြတဲ့အခါ ”ဖြစ်သလို”စားသောက်တာထက် ပိုကျန်းမာစေတဲ့အစားအစာတွေပဲ စားလေ့ရှိကြတယ်။ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေနှင့် အစားအသောက်စားပွဲတစ်ခုလုံးက ရယ်ဒီမိတ်တွေ ၊ ကိုယ်အလေးချိန်တက်စေတဲ့ အစားအသောက်တွေထက် အများကြီးပိုသာပါတယ်။ ကျန်းမာရေးနှင် ညီညွှတ်တဲ့ အစားအစာတွေပါဝင်တဲ့ ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေအပြင် မိသားစုအချိန်က ကလေးတွေရဲ့ လူနေမှုအဆင့်အတန်းမြင့်မားလာအောင် ပြုပြင်သင်ပြပေးနိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဆေးလိပ်၊ အရက်နှင့် မူးယစ်ဆေးဝါးတွေ ရှောင်ကြဉ်ဖို့ ဆုံးမသင့်တဲ့ နေရာတစ်ခုပါ။ အမြဲတမ်းမဖြစ်နိုင်ရင်တောင် တစ်ပတ်လျှင် နှစ်ကြိမ်လောက် မိသားစုအတူတကွ စားသောက်နိုင်ဖို့ ကြိုးစားပါ။ ၎င်းကို စွဲစွဲမြဲမြဲလုပ်ဆောင်ပါ။ အချိန်ကြာလာတာနဲ့ အမျှ ၎င်းကို အလေ့အထတစ်ခုဖြစ်စေဖို့ ကြိုးစားပါ။

၂။ အားလပ်ရက်တွေကို အတူတကွစီစဥ်ပါ

မိသားစုနှင့်အတူ အားလပ်ရက်အပန်းဖြေခရီးစီစဥ်တဲ့အခါ ကလေးတွေရဲ့ အသံကို နားထောင်ခြင်းက ၎င်းတို့အတွက် ထည့်သွင်းစဥ်းစားခြင်းနှင့် အလျှော့ပေးလိုက်လျောပေးခြင်းဖြစ်ပါတယ်။ တကယ်လို့ မိဘတွေက အစီအစဥ်ရေးဆွဲခြင်းလုပ်ငန်းမှာ အာဏာရှင်ဆန်နေမယ်ဆိုရင် ကလေးတွေက တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်ခံစားချက်တွေ တိုးပွားလာနိုင်ပါတယ်။

၃။ ကိုယ်ပိုင်အချိန်(တစ်ယောက်တည်းရှိချိန်)တွေကို လေးစားပါ

မိသားစုဝင်တိုင်းက အတူတကွလုပ်ဆောင်ကဲ့သို့ ကြီးမားတဲ့ မိသားစုဝင်အားလုံးက ကိုယ်ပိုင်အချိန်တစ်ချိန်လိုချင်ကြတာကို မလွှဲမရှောင်သာ တွေ့ရှိနိုင်ပြီး ၎င်းက ကျန်းမာစေတဲ့ အရာဖြစ်ပါတယ်။ အထူးသဖြင့် ဒီလိုဆက်သွယ်မှုခေတ်မှာ လူတိုင်းက မိုဘိုင်းလ်ဖုန်းနှင့် ချိတ်ဆက်ထားကြတယ်။

တစ်ယောက်တည်းနေဖို့ လိုအပ်တယ်လို့ ခံစားရတဲ့အခါ တစ်ဦးနှင့် တစ်ဦးအဆက်ပြတ်ခွင့်ပြုဖို့ အရေးကြီးပါတယ်။ ကျန်းမာတဲ့ မိသားစုဝင်တစ်ဦးချင်းစီက တစ်ခြားသူတွေရဲ့ တစ်ဦးတည်းအချိန်၊ ကိုယ်ပိုင်အချိန်တွေကို လေးစားတတ်တဲ့ အလေ့အကျင့်ရှိပါစေ။

၄။ နားထောင်တတ်ဖို့ သင်ယူပါ

မိဘတွေဟာ ကလေးတွေနှင့် စကားပြောဆိုတဲ့နေရာမှာ သူစိမ်းမဆန်သင့်ပါဘူး။ သင့်ကလေးနဲ့ စကားပြောဆိုဖို့ အရမ်းအရေးကြီးပါတယ်။ ဒီလိုစကားပြောဆိုကြခြင်းက စကားပြောရုံသက်သက်ပဲ မဟုတ်ပါဘူး။ စကားစမြည်ပြောဆိုခြင်းမှာ နားထောင်ခြင်းတွေ ပါဝင်ပါတယ်။ ကျန်းမာတဲ့မိသားစုဝင်တွေဟာ အလှည့်ကျပြောခြင်းထက် ပိုနားထောင်တတ်ဖို့ အလေ့အကျင့်ဖြစ်စေပါတယ်။ သင့်မိသားစုဝင်တွေနဲ့ ပတ်သက်ပြီးတော့ သင် သူတို့ကိုပြောတဲ့အရာထက် သူတို့သင့်ကို ပြောတဲ့အရာက ပိုအရေးကြီးပါတယ်။ ဆွေးနွေးမှုတွေအပြန်အလှန်ပြုလုပ်တတ်တဲ့ မိသားစုတွေက တစ်ဦးနှင့် တစ်ဦးပိုမိုနားလည်မှုရှိဖို့ ပိုသေချာပါတယ်။

၅။ လေ့ကျင့်ခန်းလုပ်ပါ

ကိုယ်ခန္ဓာကြံ့ခိုင်မှုအထူးသဖြင့် လက်ရှိကလေးဘဝမှာ အဝလွန်ခြင်းနှင့်ပတ်သက်ရင် ကျန်းမာရေးနှင့် ညီညွတ်တဲ့အစာစားခြင်း အလေ့အထကို ဖော်ပြပြီး အချို့လေ့ကျင့်ခန်းတွေကို လိုက်နာခြင်းကနေပြီးတော့ ရရှိပါတယ်။

မိသားစုလမ်းလျှောက်ခြင်း (သို့) စက်ဘီးစီးခြင်းတွေကို သွားပါ။ ကစားခြင်း ပါဝင်တဲ့ တနင်္ဂနွေလှုပ်ရှားမှုတွေအတွက် စီစဥ်ပါ။ သင့်မှာ မွေးနေ့အတွက် ကိတ်မခွဲခင်မှာ relayပြိုင်ပွဲတစ်ခုစီစဥ်ပါ။

၆။ တစ်ချို့သော နားချိန်တွေကို အပြည့်အဝနားပါ

မိသားစုတွေဟာ အလွန်အလုပ်များကြတယ်။ အိမ်စာတွေ၊ ကလေးတွေအတွက် အားကစားအစီအစဥ်တွေ၊ တက်ရောက်ဖို့ လူမှုရေးပွဲတွေရှိတယ်။ စနေ၊ တနင်္ဂနွေတွေဟာလည်း တစ်နေရာကနေ တစ်နေရာကို ပြေးနေရတဲ့ နေ့တွေဖြစ်နေတတ်ပါတယ်။

သင်လုပ်ဆောင်မှုအားလုံးက အနားယူဖို့ လိုအပ်တယ်လို့ သင်ခံစားရတဲ့အခါ မိသားစုက ထိုနည်းတူစွာ ခံစားရနိုင်တယ်။ လူမှုရေးတာဝန်ဝတ္တရားတွေကို လေးစားခြင်းနှင့် ကလေးတွေအတွက် အလုပ်များနေတာက အလွန်ကောင်းပါတယ်။ သို့ ပေမယ့် လတစ်လမှာ တနင်္ဂနွေကိုတော့ ဘေးဖယ်ထားတတ်တဲ့ အလေ့အကျင့်ဖြစ်စေဖို့ ကြိုးစားပါ။

အနားယူပါ။ သင့်အိမ်ထောင်ဖက်ကို အနားပေးပါ။ သင့်ကလေးတွေကို အနားယူစေပါ။ တစ်ခါတလေမှာ တစ်ရက်လုံးအနားယူလိုက်ခြင်းက သင့်မိသားစုတစ်ခုလုံးအတွက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အထောက်အကူပြုနိုင်ပါတယ်။

၇။ ပွင့်လင်းပါ။ ရိုးသားပါ

လူမှုဆက်ဆံရေးအကြံပေးပုဂ္ဂိုလ်က သင့်မိတ်ဖက်နှင့်ပွင့်လင်းရိုးသားခြင်းက အပြုသဘောဆောင်တဲ့ ဆက်ဆံရေးရရှိဖို့ အလွန်အရေးကြီးတယ်လို့ ဆိုကြပါတယ်။ ဒီလိုပါပဲ။ မိသားစုမှာလည်း အတူတူပါပဲ။

ဒါ့ကြောင့် မိသားစုဝင်တိုင်းက အတူရိုးသားဖို့ အရေးကြီးပါတယ်။ ဘာမှဖုံးကွယ်မထားဖို့ အထူးအရေးကြီးပါတယ်။ သင်ကအိမ်ထောင်ဖက်၊ မိဘတစ်ဦးဖြစ်မယ်ဆိုရင် သင့်ပါတနာနှင့် သင့်ကလေးတွေအပေါ်မှာ ပွင့်လင်းရိုးသားသင့်ပါတယ်။ ဒါ့ကြောင့် အလေ့အကျင့်ဖြစ်စေဖို့ လုပ်ယူသင့်ပါတယ်။

ကျန်းမာတဲ့ မိသားစုတစ်ခုရဲ့ အုတ်မြစ်တစ်ခုမှာ ယုံကြည်မှုဖြစ်ပါတယ်။ ယုံကြည်မှုကို ရိုးသားဖြောင့်မတ်ခြင်းနဲ့ သာ တည်ဆောက်နိုင်ပါတယ်။ အမှန်တရားကို ဖုံးကွယ်မထားပါနှင့်။ မိသားစုဝင်တွေနဲ့အတူ သတိရှိရှိပွင့်လင်းတဲ့အလေ့အထပြုလုပ်ခြင်းက ကျန်းမာသော မိသားစုကို ထူထောင်ဖို့အတွက် အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

Chit_May_May

Nyein_Thu

Ref-lifehack.org/

LEAVE A REPLY

Please enter your comment!
Please enter your name here