ကျန်းမာရေးအတွက် ကောင်းမွန်ပေမယ့် ကလေးငယ်တွေကို အလွန်အကျွံမကျွေးသင့်တဲ့ အစားအစာများ

0
124
- Advertisement -

အချို့သောအစားအစာတွေဟာ ကျန်းမာရေးအတွက် လွန်စွာအကျိုးပြုပေမယ့် အလွန်အကျွံစားသုံးဖို့တော့ မသင့်တော်ပါဘူး။ ဒါကြောင့်မို့ အလွန်အကျွံစားသုံးဖို့မသင့်တော်တဲ့ အစားအစာတွေကို သိစေနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

၁။ မုန်လာဥနီ( ခါကြက်ဥ )

မုန်လာဥနီဟာ ဗီတာမင်-အေ ပြည့်ဝတဲ့အစားအစာတမျိုးဘဲဖြစ်ပါတယ်။ မုန်လာဥနီတွင် ဗီတာမင်-အေအဖြစ်ပြောင်းလဲနိုင်စွမ်းရှိတဲ့ beta-carotene ပါရှိတာကြောင့်ခန္ဓာကိုယ်က လိုအပ်သမျှ ဗီတာမင်-အေဓါတ်ကို ပြောင်းလဲထုတ်လုပ်ပေးနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်အတွင်း beta-carotene ပိုလျှံမှုက သင်ရဲ့ အရေပြားကို အဝါရောင်အဖြစ်ပြောင်းလဲသွားစေနိုင်တဲ့ carotenemia ကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ၎င်း carotenemia ဟာ ခန္ဓာကိုယ်ကိုတော့ အန္တရာယ်မဖြစ်စေပါဘူးလို့သိရပါတယ်။ အသားအရောင်ဟာလည်း မူလအသားအရေပုံစံမျိုးပြန်လည်ရရှိဖို့အတွက် အလိုလိုပြန်လည်ပြုပြင်သွားတယ်လို့လည်း သိရှိရပါတယ်။

၂။ ထောပတ်သီး

ထောပတ်သီးတွင် ဖိုင်ဘာနဲ့ ဗီတာမင်ဓါတ်တွေများစွာပါရှိပါတယ်။ ထောပတ်သီးသည် မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့နည်းစေပြီး ပိုလျှံတဲ့အဆီဓါတ်တွေကိုလည်း ခန္ဓာကိုယ်ရဲ့ဆဲလ်တွေကို ပြုပြင်ထိန်းသိမ်းဖို့အတွက်လည်း monosaturated fats တွေအဖြစ်ထိန်းသိမ်းထားရှိပေးပါတယ်။ ဒါပေမယ့် ပိုလျှံတဲ့အဆီတွေဟာ အဆီခဲအဖြစ်တည်ရှိနေဆဲဖြစ်သလိုထောပတ်သီးတွင် ကယ်လိုရီပါဝင်မှုများပြားတာကြောင့် အလွန်အကျွံစားသုံးပါက သွေးလွှတ်ကြောပိတ်ဆို့မှုတွေဖြစ်ပေါ်စေနိုင်ပါတယ်။

၃။ Beetroot

Beetroot တွင် ဗီတာမင်နဲ့ သတ္ထုဓါတ်များစွာပါရှိပါတယ်။ ၎င်းတွင် သွေးပေါင်ချိန်ကို လျော့ချပေးနိုင်တဲ့ နိုက်ထရိတ်အောက်ဆိုဒ်များစွာလည်း ပါဝင်ပါတယ်။ ဒါပေမယ့် အသားများတွင် တွေ့ရတတ်ပြီး ရောဂါဖြစ်ပွားမှုကိုတိုးပွားစေတဲ့ နိုက်ထရိုစမင်များလည်းပါရှိတာမို့ ကောင်းမွန်စွာချက်ပြုတ်မထားတဲ့အသားတွေနဲ့ တွဲဖက်စားသုံးတာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။

၄။ ရေညှိ

ပင်လယ်ရေညှိတွင် ဗီတာမင်- B12 ကြွယ်ဝစွာပါရှိတဲ့အတွက် သတ်သတ်လွတ်စားသုံးတဲ့လူတွေ အသားအစားထိုး စားသုံးသင့်တဲ့ အစားအစာတမျိုးဘဲဖြစ်ပါတယ်။ ဒါ့အပြင် အိုင်အိုဒင်းနဲ့ အမျှင်ဓါတ်ကြွယ်ဝစွာပါရှိတာကြောင့် ကိုယ်အလေးချိန်ကို ထိန်းညှိဖို့အတွက် အကောင်းဆုံးသောအစားအစာတမျိုးလည်းဖြစ်ပါတယ်။ ဒါပေမယ့် အိုင်အိုဒင်းများစွာပါဝင်တာကြောင့်မို့ အလွန်အကျွံစားသုံးပါက သိုင်းရွိုက်ပြဿနာများနဲ့ ခန္ဓာကိုယ်အလေးချိန်ကိုပါ တိုးစေနိုင်တယ်လို့သိရပါတယ်။

#Chit_May_May

#Dmo_aung

#Ref- Brightside

LEAVE A REPLY

Please enter your comment!
Please enter your name here