ကျောပိုးအိတ်အလေးကြီးတွေ လွယ်ရခြင်းက ကလေးတွေအတွက် ဆိုးကျိုးဖြစ်စေတယ်တဲ့လား

0
125
- Advertisement -

သင့်ကလေးက အင်မတန်လေးလံတဲ့ ကျောပိုးအိတ်အလေးချိန်ကြောင့် ဒယိမ်းဒယိုင်ဖြစ်နေပါသလား။ ဒါပေမယ့်လည်း ဒီအခြေအနေက ကလေးတော်တော်များများမှာ တွေ့ရလေ့ရှိတဲ့ မြင်ကွင်းတစ်ခုလိုဖြစ်နေပါတယ်။ မနက်တိုင်း ကလေးတွေကျောင်းသွားပြီဆိုရင် ကျောပိုးအိတ်အလေးကြီးတွေလွယ်သွားလေ့ရှိတာကို အမြဲတွေ့ရပြီး အခုလိုလွယ်ခြင်းက သူတို့ရဲ့ နောက်ကျောနဲ့ ပုခုံးတွေပေါ်မှာ ဖိအားတွေသက်ရောက်စေပါတယ်။ QI Spine Clinic မှ အရိုးအကြောဆရာဝန်ကြီး ဒေါက်တာ Garima Anandani ၏ ပြောစကားအရ ကျောပိုးအိတ်ရဲ့အလေးချိန်ဟာ ကလေးရဲ့ ကိုယ်အလေးချိန် ၁၀ ရာခိုင်နှုန်းအောက် ရှိသင့်ပါတယ်။ ဒီ့ထက်လွန်သွားခဲ့မယ်ဆိုပါက ကလေးရဲ့ခါးကျန်းမာရေးပေါ်မှာ မကောင်းတဲ့သက်ရောက်မှုတွေ ဖြစ်လာစေနိုင်ပါလိမ့်မယ်။

အလေးချိန်အင်မတန်များတဲ့ ကျောပိုးအိတ်တွေလွယ်ခြင်း ဒါမှမဟုတ် လွယ်ပုံလွယ်နည်း မမှန်ကန်ခြင်းတို့ဟာ ကလေးရဲ့ကျောရိုးပေါ်မှာ အချိန်ကြာလာတာနဲ့အမျှ ဖိအားတွေဖြစ်လာစေလို့ အရှေ့ကုန်းကုန်းလာကာ ခါးရိုးကိုင်းသွားစေနိုင်ပါတယ်။ တစ်ချို့ကျောင်းသားတွေကျတော့ ကျောပိုးအိတ်ကို ပုခုံးတစ်ဖက်မှာသာလွယ်ပြီး လမ်းလျှောက်မယ်ဆိုရင် ဇက်ကျောနာခြင်းကို ခံစားရလာပါလိမ့်မယ်။

အခုလိုနေ့တိုင်းလွယ်နေရတဲ့ ကျောပိုးအိတ်အလေးကြီးတွေကြောင့် ကလေးရဲ့ခန္ဓာကိုယ်ကျန်းမာရေးအခြေအနေ ဆိုးရွားလာမှုရှိမရှိကို မိဘတွေအနေနဲ့ ဘယ်လိုသိနိုင်မလဲ။ အဖြေကတော့ သူတို့ကျောပိုးအိတ်လွယ်ရတဲ့ ပုခုံးနှစ်ဖက်နဲ့ ဇက်ကြောတွေနာလာတယ်လို့ မကြာခဏ ညည်းတွားတဲ့အသံတွေကို သေချာဂရုစိုက်နားထောင်ပါ။ ပုခုံးတွေနာတာ သို့မဟုတ် ထိုင်ရတာအဆင်မပြေတာတွေဟာ ကျောပိုးအိတ်အလေးကြီးတွေလွယ်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်နိုင်ပါတယ်။

ဒါကြောင့် မိဘတွေအနေနဲ့ ကလေးအတွက် ကျောပိုးအိတ်ဝယ်ပေးတဲ့အခါ အသင့်တော်ဆုံးဖြစ်မယ့် အမျိုးအစားကို ရွေးချယ်ဝယ်ယူဖို့ အရေးကြီးပါတယ်။ ပုခုံးကြိုးနှစ်ဖက်က ကျယ်ကျယ်ပြန့်ပြန့်ရှိတဲ့ ကျောပိုးအိတ်ကို ရွေးချယ်ပါ။ ထိုမှသာလျှင် အလေးချိန်ကညီမျှမှာဖြစ်ပါတယ်။ နောက်ထပ်အရေးကြီးတဲ့တစ်ချက်က သူတို့ကျောင်းချိန်ရဲ့ အချိန်ဇယားအတိုင်း လိုအပ်တဲ့စာအုပ်လေးတွေကိုပဲ သယ်ခိုင်းပါ။ မလိုအပ်တဲ့ စာအုပ်တွေ၊ အလေးချိန်စီးတဲ့ ပစ္စည်းကြီးတွေထည့်သယ်တာက ပမာဏကို ညီညီမျှမျှ ဖြစ်စေမှာမဟုတ်ပါဘူး။

#Chit_May_May

#Thinzar

Ref- timesofindia

LEAVE A REPLY

Please enter your comment!
Please enter your name here