ကျော်ကြားသော စိတ်ပညာရှင်တစ်ဦးပြောပြသော မေမေတို့သိသင့်တဲ့ ဘဝရဲ့ အဆင့် (၅) ဆင့်

0
1058
- Advertisement -

၂၀ ရာစုအတွင်းမှာ ကျော်ကြားခဲ့သော စိတ်ပညာရှင် Erik Erikson က လူတွေရဲ့ ဘဝအဆင့် (၈) ဆင့်အယူအဆနဲ့ပတ်သက်ပြီး နာမည်ကြီးသူဖြစ်ပါတယ်။ Erikson ဟာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စိတ်ပညာနှင့် စိတ်ပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်းဆိုင်ရာ အလုပ်နှင့် ဖွံ့ဖြိုးတိုးတက်မှုနောက်ကွယ်က ၎င်းရဲ့ သီအိုရီတွေကြောင့် ကျော်ကြားလာသူဖြစ်ပါတယ်။ အဲဒီ့သီအိုရီတွေထဲက မေမေတို့သိသင့်သော သီအိုရီတစ်ချို့ကို မျှဝေပေးမှာဖြစ်ပါတယ်။

၁။ နို့စို့အရွယ် – ယုံကြည်မှုနှင့် အထင်လွဲမှု

ဘဝရဲ့ ပထမဆုံးအဆင့်အနေနဲ့ လူတစ်ယောက်မွေးဖွားလာတဲ့အခါမှာ စတင်ပြီး သူတို့က အသက် ၁၂ လနှင့် ၁၈ လအကြားကို ဆိုလိုပါတယ်။ မွေးကင်းစကလေးတွေဟာ ယုံကြည်မှုနှင့် မယုံကြည်မှုရဲ့ စိန်ခေါ်မှုကို ကျော်လွှားရမည့်အရွယ်ဖြစ်ပါတယ်။ သူတို့ရဲ့ လိုအပ်ချက်တွေကို ချက်ချင်းဖြည့်ဆည်းပေးမယ်ဆိုရင် မွေးကင်းစကလေးတွေဟာ သူတို့ရဲ့ ပြုစုစောင့်ရှောက်ပေးသူကို ယုံကြည်မှုရှိလာပါလိမ့်မယ်။

မွေးကင်းစကလေးရဲ့ လိုအပ်ချက်တွေကို မဖြည့်ဆည်းပေးဘူးဆိုရင် တစ်ခြားလူတွေအပေါ် မယုံကြည်မှုတွေရှိလာပါလိမ့်မယ်။ မွေးကင်းစကလေးတစ်ယောက် လျစ်လျူရှုခံရတဲ့အခါ မယုံကြည်မှုတွေဖြစ်ပေါ်လာစေပြီး အနာဂတ်အတွက် မျှော်လင့်ချက်ဖြစ်နိုင်စွမ်းကို အဟန့်အတားဖြစ်စေပါတယ်။ မွေးကင်းစကလေးတစ်ယောက်ကို ယုံကြည်မှုနှင့် လုံခြုံမှုကို ဖော်ဆောင်ပေးမယ်ဆိုရင် သူတို့ဟာ နောက်ပိုင်းမှာ ပိုမိုယုံကြည်မှုရှိလာပါလိမ့်မယ်။

၂။ ကလေးဘဝ – ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် သံသယ

နို့စို့အရွယ်အဆင့်ပြီးဆုံးသွားတဲ့အခါ ကလေးဘဝကို ရောက်လာပါတယ်။ ကလေးအသက် (၃)နှစ်အရွယ်အထိကို ဆိုလိုပါတယ်။ လမ်းလျှောက်တတ်စကလေးကို တစ်ယောက်တည်းလုပ်တတ်ဖို့ သင်ယူလာတာနဲ့အမျှ သူတို့ရဲ့ ပြုစုစောင့်ရှောက်ပေးသူက ချီးမွမ်းအားပေးမှုတွေ လုပ်ပေးတဲ့အခါ ကလေးက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဖွံ့ဖြိုးစေပါတယ်။

အပြုသဘောဆောင်သော အားပေးမှုကို ခံခဲ့ရတဲ့ ကလေးတွေဟာ လွတ်လပ်မှုနှင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိသော ပြင်းပြသော ဆန္ဒရှိသူတွေအဖြစ် ကြီးထွားလာကြပါတယ်။ သူတို့က အခြေခံဘဝစွမ်းရည်တွေကို ပိုမိုလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်စေမယ့် အန္တရယ်ကင်းသော စွမ်းရည်တွေကို တိုးမြှင့်ပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ပတ်ဝန်းကျင်က ကမ္ဘာကြီးကို စူးစမ်းလေ့လာဖို့ အရာတွေကို ဖော်ထုတ်လိုက်တဲ့အခါ ယုံကြည်မှုရှိသူတွေဖြစ်လာကြပါတယ်။

၃။ မူကြိုကလေး – အစပြုမှုနှင့် အပြစ်ရှိကြောင်း

မူကြိုနှစ်တွေက ကလေးအသက်သုံးနှစ်ကနေ စတင်ပြီး အသက်ငါးနှစ်အထိဖြစ်ပါတယ်။ ဒီအသက်အရွယ်အပိုင်းအခြားမှာ ကလေးတွေဟာ သူတို့အတွက် အကြောင်းအရာတွေကို လုပ်ဆောင်ဖို့နှင့် ပန်းတိုင်တွေချမှတ်ခြင်းအပေါ် အာရုံစိုက်ရမှာဖြစ်ပါတယ်။ သူတို့ဘဝရဲ့ ဒီအချိန်မှာ ကလေးဟာ တစ်ခြားရွယ်တူကလေးတွေနဲ့ အတူရှိနေသင့်ပါတယ်။

ပြုစုစောင့်ရှောက်သူရဲ့ အားပေးမှုနှင့်အတူ မူကြိုကလေးတစ်ယောက်ဟာ အစပျိုးမှုနှင့် ရည်ရွယ်ချက်ရှိသူအဖြစ် ကြီးပြင်းလာမှာဖြစ်ပါတယ်။ ဝေဖန်မှုကြုံလာရတဲ့အခါ အပြစ်ရှိသလိုခံစားရတတ်တဲ့လူတစ်ယောက်အဖြစ် ကြီးပြင်းလာမှာဖြစ်ပါတယ်။

၄။ ကျောင်းသူ/ကျောင်းသားဘဝအစောပိုင်းနှစ်များ – အဖွဲ့အစည်းကြား လုပ်ငန်းခွင်နှင့် သိမ်ငယ်မှု

အသက်(၅)နှစ်မှ ၁၂ အကြားအရွယ်မှာတော့ လုပ်ငန်းခွင်နှင့် သိမ်ငယ်မှုအဆင့်ကို ဖြတ်သန်းကြပါတယ်။ ဒီအချိန်မှာ ကလေးက ကိုယ်ပိုင်အသိဉာဏ်တွေပိုတိုးလာပြီး ပညာရပ်ပိုင်းရော အားကစားပိုင်းမှာပါ ချီးမွမ်းခံရတဲ့အခါ ဝီရိယရှိလာပါလိမ့်မယ်။

ကလေးက သူတို့ပတ်ဝန်းကျင်ကလူတွေကို ပိုသတိထားမိပြီး ပိုသိလာပါလိမ့်မယ်။ သူတို့ဟာ သူတို့ကိုယ်သူတို့ တစ်ခြားလူတွေနှင့် နှိုင်းယှဉ်ပြီး လူမှုဆက်ဆံရေးကို အသုံးချပြီး ကိုယ့်ကိုယ်ကိုယ်ပျိုးထောင်လာကြပါလိမ့်မယ်။ အပြုသဘောဆောင်သော ပံ့ပိုးမှုစနစ်တစ်ခုရှိတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနှင့် ကိုယ်ကိယ့်ကိုယ်တန်ဖိုးထားမှု နှစ်ခုစလုံးတိုးတက်လာမှာဖြစ်ပါတယ်။

၅။ ဆယ်ကျော်သက်ဘဝ – အထောက်အထားများနှင့် ရှုတ်ထွေးသော အခန်းကဏ္ဍ

အသက် ၁၂ နှစ်မှစတင်ပြီး အသက် (၁၈) နှစ်အရွယ်အထိကို ဆယ်ကျော်သက်ဘဝလို့ ဆိုလိုပါတယ်။ ကလေးက သူတို့ဘယ်သူဖြစ်တယ်ဆိုတာနှင့် သူတို့ရဲ့ ပန်းတိုင်တွေကို ဖော်ထုတ်ဖို့ ကြိုးစားရင်း မတူညီသော ကိုယ်ရည်ကိုယ်သွေးတွေကို ကြိုးစားကြပါတယ်။

ဒီကာလမှာ ကလေးကို လျစ်လျူရှုခြင်း (သို့) တာဝန်အလွန်အကျွံပေးခြင်းက သူတို့ရဲ့ အချက်အလက်တွေကို သိရမှာမဟုတ်ပါဘူး။ သူတို့ရဲ့ ရည်မှန်းချက်တွေနှင့် လိုအပ်ချက်တွေက ရှုတ်ထွေးနေတာလည်းဖြစ်နိုင်ပါတယ်။ သူတို့ရဲ့ မိဘတွေ (သို့) လူ့အဖွဲ့အစည်းတစ်ရပ်လုံးက သူတို့ကို တိကျသေချာသော နည်းလမ်းတစ်ခုအဖြစ် မျှော်လင့်ထားတယ်လို့ ခံစားရနေနိုင်ပါတယ်။

Chit_May_May

Nyein_Thu

ref-powerofpositivity

LEAVE A REPLY

Please enter your comment!
Please enter your name here