ကျေးဇူးတင်တတ်သော ကလေးကို ပျိုးထောင်ခြင်း

0
55
- Advertisement -

ကျွန်မတို့အနေနဲ့ ကျွန်မတို့ရဲ့ ကလေးငယ်လေးရဲ့ ပျော်ရွှင်မှုနှင့် ခွန်အားအတွက် ကလေးလေးတွေရဲ့ ဦးနှောက်ကို ကောင်းကောင်း train လုပ်ပေးနိုင်ပါတယ်။ သူတို့ရဲ့ ဘဝထဲမှာ မျှော်လင့်မထားတဲ့ ကံမကောင်းမှုတွေကြုံတွေ့လာရတဲ့အခါ ကြိုတင်ပြင်ဆင်နိုင်ဖို့ သင်ပေးရမယ့်အရာတွေလည်းရှိပါတယ်။ ဆုံးရှုံးမှုတွေကို ဖြတ်သန်းနိုင်ဖို့၊ စိတ်ပျက်စရာတွေကနေ သင်ခန်းစာယူတတ်ဖို့နှင့် သူတို့ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ အားကောင်းသောစိတ်ခံစားမှုတွေပိုင်ဆိုင်နိုင်စေဖို့ ကျေးဇူးတင်တတ်ခြင်းကို ကောင်းကောင်းသင်ကြားပေးပါ။

၁။ ကျေးဇူးတင်ပါတယ်လို့ သူ့ကို အရင်ပြောပါ

လေးစားခံရတဲ့ ကလေးတိုင်း တစ်ခြားလူတွေကို ပြန်ပြီး လေးစားတတ်တာက သဘာဝပါပဲ။ စားပွဲခုံကို ရှင်းလင်းခြင်း၊ ညီမလေးနှင့်အတူ ကောင်းမွန်စွာ ကစားခြင်း၊ ဖုန်ပြောပြီးသည်အထိ စိတ်ရှည်စွာစောင့်ဆိုင်းပေးတတ်တဲ့ ကလေးတွေကို ကျေးဇူးတင်ပါ။ တန်ဖိုးထားခံရခြင်းနှင့် ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုတွေကို အသိအမှတ်ပြုခံရခြင်းတို့ရဲ့ ခံစားမှုတွေကို ကလေးငယ်ကောင်းကောင်းခံစားရပါစေ။

- Advertisement -

၂။ တစ်ခြားလူတွေကို ကျေးဇူးတင်စကားပြောတာတွေ သူတို့ကြားပါစေ

ကျွန်မတို့ရဲ့ ကလေးတွေက ကျွန်မတို့ကို စောင့်ကြည့်ပြီးနေရာတော်တော်များများ တုပပြီးလိုက်လုပ်နေတယ်ဆိုတာ သိပါသလား? ကျွန်မတို့ရဲ့ ကလေးတွေကို ကျေးဇူးတင်စကားပြောတာထက် ဒီအချက်က ပိုပြီး ထိရောက်ပြီး အစွမ်းထက်ပါတယ်။ အိမ်နီးချင်းတစ်ဦး (သို့) သူစိမ်းတစ်ဦးပြုခဲ့တဲ့ ကြင်နာမှုကို ထောက်ပြပြီး သင်ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ ဖော်ပြပါ။ နောက်ပြီး ကိုယ့်ရဲ့ ကြင်ဖက်ကိုလည်း လေးစားပါ၊ ကျေးဇူးတင်ပါ။

၃။ သူမလိုချင်သမျှ အရာအားလုံးကို မပေးပါနဲ့

အရာအားလုံးကို လိုချင်တာမှန်သမျှ ရနေတဲ့ ကလေးငယ်တစ်ယောက်က ပစ္စည်းတန်ဖိုးကို မသိဘဲဖြစ်တတ်ပါတယ်။ အရွယ်ရောက်လာတာနဲ့အမျှ လိုချင်တာအားလုံးရမယ်လို့ ထင်လာပါလိမ့်မယ်။ ဒါ့ကြောင့် လိုချင်တာအားလုံးပေးမယ်ဆိုရင် ဒါက ကလေးငယ်တွေအတွက် အန္တရာယ်ရှိတဲ့ အချက်တစ်ချက်လည်းဖြစ်ပါတယ်။

၄။ ကိုယ့်ပတ်ဝန်းကျင်က လိုအပ်ချက်တွေကို ကလေးမြင်အောင် ကူညီပါ

လိုအပ်ချက်တွေကတော့ ပုံစံများစွာနဲ့ လာနိုင်ပါတယ်။ သင့်မိသားစုက ဘယ်လိုအခြေအနေမှာပဲဖြစ်နေပါစေ ကိုယ့်ထက် ပိုအပ်နေတဲ့ အခြေအနေတွေကို တွေ့နိုင်ပါတယ်။ ညအိပ်ချိန်မှာ တစ်ချို့ကလေးတွေက မွေ့ရာကောင်းကောင်းနဲ့ အိပ်ပျော်နေချိန်မှာ တစ်ချို့က အိပ်ရာတောင်မရှိတဲ့ ကံမကောင်းမှုတွေအကြောင်း ပြောဆိုပါ။ ကိုယ့်ရဲ့ မိသားစုထဲမှာ အခက်အခဲတွေဖြစ်နေတယ်ဆိုရင် ကလေးအား ကျန်းမာရေးခြင်းနှင့် ချစ်ခြင်းမေတ္တာရဲ့ ဖြစ်တည်မှုတွေကို တန်ဖိုးထားဖို့ ကူညီပါ။

၅။ ဖွံ့ဖြိုးပြီးနိုင်ငံတွေအကြောင်း ကလေးတွေကို သင်ကြားပါ

တစ်ချို့နိုင်ငံတွေမှာ သန့်ရှင်းသော သောက်သုံးရေနှင့် ဆေးဝါးတွေတောင် မရနိုင်ကြောင်း ဆွေးနွေးပါ။ ဒီလိုပဲ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာလည်း ဘယ်လိုတိုးတက်နေကြောင်း / ဘာကြောင့်ဖွံ့ဖြိုးနေကြောင်း ပြောပြပါ။ သူတို့ကို ဒီလိုတွေပြောပြနိုင်ဖို့ သင်ကိုယ်တိုင်ကလည်း သတင်းတွေရှာဖတ်ပါ။

Chit_May_May

Nyein_Thu

ref-bonbonbreak

LEAVE A REPLY

Please enter your comment!
Please enter your name here