
မေမေတို့အနေနဲ့ သားသားမီးမီးလေးတွေကို ငယ်ရွယ်စဉ်အချိန်ကစလို့ အမူအကျင့်ကောင်းတွေ သင်ပေးကြမှာပါ။ မေမေတို့အနေနဲ့ “Please” နဲ့ “thank you” ဆိုတဲ့စကားလုံးတွေကို အလျဉ်းသင့်ရင်သင့်သလို ပြောပေးကြပြီး ဒီအရာတွေက ဘာ့ကြောင့်အရေးကြီးလဲဆိုတာကို ရှင်းပြပေးဖို့ ကြိုးစားကြမှာပါ။ ကျေးဇူးတရားက “thank you” ဆိုတဲ့စကားစုထက် ပိုပါတယ်။ ဒါကတော့ ကျေးဇူးသိတတ်တဲ့ ဆယ်ကျော်သက်တွေကို ပြုစုပျိုးထောင်ဖို့အတွက် မိဘအုပ်ထိန်းမှုဆိုင်ရာ အကြံပြုချက်လေးတွေပါ။
- ဆယ်ကျော်သက်လေးတွေအတွက် စံနမူနာဖြစ်ပေးရပါမယ်
ဆယ်ကျော်သက်လေးတွေနဲ့ ကလေးတွေကို “တန်ဖိုး” ဆိုတဲ့အရာ သင်ပေးဖို့ ပထဆုံးခြေလှမ်းကတော့ စံနမူနာဖြင့် ဦးဆောင်ဖို့ ဖြစ်ပါတယ်။ သူတို့ဆီကတော့ ကျေဇူးတင်ကြောင်း တောင်းဆိုပေမယ့် သင်ကိုယ်တိုင်က မလုပ်တာကို မြင်ရင် ကလေးတွေက သူတော်ကောင်းယောင်ဆောင်တယ်လို့ မြင်ပါလိမ့်မယ်။ ဥပမာ- ကိုယ်က ကိုယ့်မိဘကို ကျေးဇူးမသိတတ်ခဲ့ရင် ကိုယ့်သားသမီးတွေဆီကနေ ကျေးဇူးသိတတ်ဖို့ မျှော်လင့်လို့ မရပါဘူး။
ကျေးဇူးသိတတ်တဲ့ မိဘတွေက ကျေးဇူးသိတတ်တဲ့ ဆယ်ကျော်သက်တွေကို ပြုစုပျိုးထောင်ပေးနိုင်ကြောင်း လေ့လာမှုတွေက ဖော်ပြထားပါတယ်။ သင့်ကလေးတွေက သင့်ဆီကနေ အတုယူသင်ယူရမှာဖြစ်ပြီး ကျင့်သုံးတဲ့ အပြုအမှုတွေကို မြင်ဖို့လည်း လိုအပ်ပါတယ်။ ဒီအခြေခံသွင်ပြင်က ကျွန်မတို့ မျှဝေပေးမယ့် ဆယ်ကျော်သက်တွေအတွက် မိဘအုပ်ထိန်းမှုဆိုင်ရာ အကြံပြုချက်တွေ၊ ကိုးကားချက်တွေထဲမှ တစ်ခုချင်းစီရဲ့ အဓိကအချက်ဖြစ်ပါတယ်။
ဒီတိကျတဲ့ အကြောင်းရင်းကြောင့် ကလေးတွေကို ပြုစုပျိုးထောင်ခြင်းက နှိမ့်ချတဲ့ အတွေ့အကြုံတစ်ခု ဖြစ်နိုင်ပါတယ်။ သူတို့က ငယ်ရွယ်စဉ်မှာ သင့်ရဲ့မှန်ချပ်တွေ ဖြစ်ပြီး သင်လုပ်သမျှကို အတူယူကြပါလိမ့်မယ်။ သင်က မိဘတစ်ယောက်ပါ။ ဒါပေမယ့် သင်က လူသားတစ်ယောက်ဖြစ်ပါတယ်။ အမှားတွေ လုပ်မိတတ်ပါတယ်။ အဓိကပန်းတိုင်က ဆယ်ကျော်သက်တွေကို ကျေးဇူးတင်တတ်အောင် သင်ပေးဖို့ပါ။ သင့်ဆယ်ကျော်သက်လေးအတွက် လိုချင်တဲ့အမူအကျင့်ကို စံနမူနာပြဖို့ ကြိုးပမ်းခြင်းက သင့်ရဲ့ တစ်ကိုယ်ရည်တိုးတတ်မှုနဲ့ မိသားစု ဖွံ့ဖြိုးတိုးတတ်မှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ဒါကတော့ ဆယ်ကျော်သက်သားသားမီးမီးတွေအတွက် ကျေးဇူးတင်ကြောင်း နမူနာပုံစံအတွက် အကြံပြုချက်တစ်ချို့ဖြစ်ပါတယ်။

- ကျေးဇူးတင်ပါတယ်လို့ မကြာခဏ ပြောပါ
ကိုယ့်ခင်ပွန်းက အိမ်မှုကိစ္စ (သို့) သင့်အတွက် တစ်ခုခုလုပ်ပေးလို့ ကျေးဇူးတင်စကား ပြောဖူးလား? သားသမီးတွေကို ကျေးဇူးတင်ဖူးလား? စားပွဲထိုးတွေ၊ အရောင်းဝန်ထမ်းတွေကို ကျေးဇူးတင်ဖူးသလား? ဘတ််စကားတွေနဲ့ တက္ကစီယာဉ်မောင်းတွေလို ကိုယ့်အတွက် ကြင်နာမှုပေးတဲ့ သူစိမ်းတွေကို ကျေးဇူးတင်ကြောင်း ဖော်ပြဖူးသလား? အလုပ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ လုပ်ဆောင်နေရင်တောင်မှ သင့်ကို ကူညီပေးသူတိုင်းကို “ကျေးဇူးတင်ပါတယ်”လို့ ပြောတတ်တဲ့ အကျင့်တစ်ခုလုပ်ပါ။
- ကျေးဇူးတင်ကြောင်းကို အတိအကျပြောပါ
တစ်ခုခုအတွက် ကျေးဇူးတင်တယ်လို့ ပြောတဲ့အခါ (သို့) တစ်စုံတစ်ယောက်ကို ” ကျေးဇူးတင်ပါတယ်”လို့ ပြောတဲ့အခါ အတိအကျပြောပါ။ ဒါက ပြောဆိုချက်ကို အပြစ်ကင်းစင်စေပြဲီး ပုံမှန်အမူအကျင့်တစ်ခုကနေ ပိုအဓိပ္ပာယ်ရှိတဲ့အရာသို့ ပြောင်းလဲပေးပါတယ်။
- ဆယ်ကျော်သက်လေးတွေမှာ ပင်ကိုယ်စိတ်အားထက်သန်မှုကို မွေးမြူပေးပါ
ကျေးဇူးသိတတ်ခြင်းက အမှန်တကယ်မွေးမြူနိုင်တဲ့ အရည်အချင်းတစ်ခု ဖြစ်ပါတယ်။ ကျေးဇူးတရားကို အတုလုပ်ယူလို့ မရနိုင်ပါဘူး။ ဒီနေရာမှာ ပင်ကိုယ်စိတ်အားထက်သန်မှု ပါဝင်လာပါတယ်။ ပင်ကိုယ်စိတ်အားထက်သန်မှုက သုခချမ်းသာနဲ့ အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်တွေအတွက် အရေးပါတဲ့အချက် ဖြစ်ပါတယ်။ ပြင်ပအရာတွေထက် ဒီလှု့့ဆော်မှုကို တန်ဖိုးထားတဲ့ ကလေးတွေဟာ ပြင်ပဆုတွေမပါဘဲ အပြုသဘောဆောင်တဲ့ စရိုက်လက္ခဏာတွေကို ဆက်ပြနိုင်ဖွယ်ရှိပါတယ်။

- စစ်မှန်တဲ့ အားပေးမှုကိုသာ ပေးပါ
ပံ့ပိုးမှုနဲ့ ချီးကျူးစကားတွေက ကောင်းပေမယ့် သူတို့က စစ်မှန်ပြီး အချိုးကျနေမှသာ ဖြစ်ပါတယ်။
- ဆုလာဘ်တွေ အသုံးပြုတာမျိုးကို ရပ်လိုက်ပါ
ဆုလာဘ်တွေ အထူးသဖြင့် ရုပ်ဝတ္တုပစ္စည်းအမျိုးအစားတွေက ပြင်ပ မိုတီဗေးရှင်းရဲ့ ကြီးမားသော အရင်းအမြစ်တွေ ဖြစ်ပါတယ်။ ကျေးဇူးတင်ကြောင်း ပြသခြင်းအတွက် ဆုရမယ်ဆိုတာ သိသော ဆယ်ကျော်သက်တွေက မှားယွင်းသော အကြောင်းပြချက်တွေနဲ့ ကျေးဇူးတင်တဲ့အပြုအမှုကို လုပ်ဆောင်ကြပါလိမ့်မယ်။ မေမေတို့ရဲ့ ဆယ်ကျော်သက်တွေကို မေမေတို့ပေးတဲ့အရာအတွက် ကျေးဇူးတင်စေချင်ရင် သူတို့ကို ချည်နှောင်မှုတွေ မပါရှိဘဲ စစ်မှန်စွာနဲ့ ပေးသင့်ပါတယ်။
- ရလဒ်တွေထက် အားထုတ်မှုကို အာရုံစိုက်ပါ
မေမေတို့ရဲ့ ဆယ်ကျော်သက်လေးတွေဟာ သူတို့ဘဝမှာ အကြိမ်ပေါင်းများစွာ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ကောင်း ရင်ဆိုင်ရပါလိမ့်မယ်၊ ကျေးဇူးတင်စကားများစွာနဲ့ ကြီးပြင်းလာခြင်းမရှိပါက သူတို့အမြင်ကို ပြောင်းလဲဖို့ အချိန်အနည်းငယ်ကြာမှာ ဖြစ်ပါတယ်။ သူတို့ကြိုးစားလို့ ရလာတဲ့ တိုးတတ်မှုအတွက် ဂုဏ်ယူကြောင်း ခံစားရဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် အားပေးတဲ့အခါမျိုးမှာ သူတို့လုပ်ဆောင်ခဲ့တဲ့အရာတွေကိုသာ အာရုံစိုက်ပါ။ ဒါမှသာ ကိုယ်ပိုင်တိုးတတ်မှုကို အကောင်းမြင်စိတ်နဲ့ ပေါင်းစည်းဖို့ သင်ယူပါလိမ့်မယ်။

Chit_MayMay
LM_Nandar
Source-powerofpositivity