ကျွန်တော်တို့ကလေးတွေကို စာနာတတ်ဖို့သင်ကြားနည်းများ

0
1471
- Advertisement -

မိဘတွေအနေနဲ့ ကျွန်တော်တို့ကလေးတွေကို တစ်စုံတစ်ခုသော မကောင်းတဲ့ ထူးချွန်ထက်မြက်မှု (သို့) မခံစားနိုင်လောက်အောင် ပြောဆိုနေကြတာကို မကြာခဏကြားရလေ့ရှိပြီး ကျွန်တော်တို့ရဲ့ကလေးက ကြီးထွားလာတဲ့အခါ ရိုင်းစိုင်းတဲ့ကလေးတစ်ယောက်ဖြစ်လာမှာ အရမ်းစိုးရိမ်ကြတယ်။ အင်္ဂလိပ်စကားမပြောတတ်တဲ့သူတွေကို လှောင်ပြောင်တဲ့ကလေးတစ်ယောက်၊ ဘတ်စ်ကားပေါ်က ကလေးတစ်ယောက်ကို သူမမျက်ရည်တွေမကျမချင်းအထိ စနောက်တတ်တဲ့သူမျိုးဖြစ်မှာ ကြောက်ကြတယ်။

ဒီလိုမဖြစ်အောင် ကျွန်တော်တို့ဘာလုပ်ကြမလဲ။ ရက်စက်ကြမ်းကြုတ်သော၊ တစ်ကိုယ်ကောင်းဆန်သော၊ အနိုင်ကျင့်တတ်သော၊ လူမှုမီဒီယာတွေမှာ ရိုင်းစိုင်းတတ်သော အပြုအမူတွေကို ကျွန်တော်တို့အနေနဲ့ ဖြေရှင်းနိုင်ပါတယ်။ ကျွန်တော်တို့ကလေးတွေကို စာနာမှုနှင့် ကြင်နာမှုတွေကို သင်ပေးရပါတယ်။ အဲ့ဒီ့အတွက် အချက်သုံးချက်ရှိပါတယ်။ အခုပဲ မျှဝေပေးပါ့မယ်။

၁။ စိတ်ခံစားမှုတွေကို ထောက်ပြပြီး တစ်ခြားသူတွေရဲ့ စိတ်ခံစားမှုဆိုင်ရာအတွေ့အကြုံတွေကို အာရုံစိုက်ပါ။ ဒီခံစားချက်တွေနဲ့ပတ်သက်လို့ သင့်ကလေးအားပြောဆိုပါ။ စူပါမားကတ်တွေမှာ စကားပြောဆိုတဲ့အခါ အခြားသူတွေရဲ့ ခံစားချက်တွေကို မေ့သွားသောအခါ သူ့ကိုမေးခွန်းတွေဆက်မေးပါ။ ဥပမာ- သူငယ်ချင်းရဲ့ ဘဝမှာ ဘာတွေဖြစ်နေသလဲ။ အခြေအနေတွေကို သူမရဲ့ တုံ့ပြန်မှုနှင့် ပတ်သက်ပြီးတော့ သင်ဘာသတိထားမိပါသလဲ။

- Advertisement -

၂။ သူက ရိုင်းစိုင်းသော (သို့) စာနာမှုကင်းမဲ့သော သင့်ကလေးရဲ့ အပြုအမူတွေကို တွေ့ရတဲ့အခါ သင်ဘယ်လိုခံစားရကြောင်း သင့်ကလေးကို ပြောပြပါ။ တစ်ဆက်တည်း မေးခွန်းတွေကို မေးပါ။ ”မေမေတို့ဆုံးမတဲ့အခါ သား/သမီး ဘယ်လိုခံစားရလဲ။ သား/ သမီး ဘာလုပ်ဖို့ ရည်ရွယ်ခဲ့တာလဲ” စသည်ဖြင့် မေးပေးပါ။

၃။ တစ်ခြားသူတွေရဲ့ အခြေအနေတွေ (သို့) ရှုထောင့်က ဘယ်လိုဖြစ်နိုင်တယ်ဆိုတာ ကြည့်ရှုဖို့ ကလေးတွေကို လမ်းပြပါ။ တစ်စုံတစ်ဦးကို ဂရုစိုက်ဖို့ ဟောပြောခြင်းထက် သင့်ကလေးကို ရွယ်တူချင်းကူညီစေတာက ပိုကောင်းပါတယ်။ သူတစ်ပါးရဲ့ စိတ်အခြေအနေတွေကို ထင်ဟပ်စေဖို့ သူ့ကို မေးခွန်းတွေမေးပါ။ အခြားလူတွေ ဘယ်လိုခံစားရသလဲ။ သူတို့ရဲ့ အပြုအမူတွေကို ဘယ်လိုတုံ့ပြန်မလဲ။ အခြားသူတွေရဲ့ မျက်နှာအမူအရာတွေက သူတို့ရဲ့ ခံစားချက်တွေကို ဘယ်လိုပြောပြသလဲ။

တစ်ခြားသူတွေရဲ့ စိတ်ခံစားချက်တွေကို နားလည်ပြီး ကြင်နာမှုနဲ့ တုံ့ပြန်နိုင်စွမ်းက ကလေးဘဝတစ်လျှောက်လုံး ဘယ်လိုအုပ်စုမှာမဆို ပါဝင်ဖို့ လိုအပ်တဲ့ဘဝကျွမ်းကျင်မှုတစ်ခုဖြစ်ပါတယ်။

Chit_May_May

Nyein_Thu

Ref-livehappy.

LEAVE A REPLY

Please enter your comment!
Please enter your name here