Home Lotaya ကျွန်တော်တို့နဲ့ ဘာသာတရားမတူတဲ့လူတွေကို တန်ဖိုးထားတတ်အောင် ဘယ်လိုသင်ယူမလဲ

ကျွန်တော်တို့နဲ့ ဘာသာတရားမတူတဲ့လူတွေကို တန်ဖိုးထားတတ်အောင် ဘယ်လိုသင်ယူမလဲ

0
341

ဘာသာတရားဆိုတာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက တည်ရှိနေခဲ့တဲ့အရာဖြစ်ပါတယ်။ ယဥ်ကျေးမှုတွေကို ပုံဖော်တဲ့နေရာမှာ အဓိကကျတဲ့ ကဏ္ဍကလည်း ပါဝင်နေပါတယ်။ အခြားဘာသာတရားတစ်ခုကို တန်ဖိုးထားလေးစားဖို့ အစပိုင်းမှာခက်ခဲနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကွဲပြားတဲ့အတွေးအခေါ်တွေ (သို့) ယုံကြည်မှုတွေကြောင့်ပါ။ ဒီတော့ သင့်အနေနဲ့ ကွဲပြားတဲ့လူမှုအသိုင်းအဝိုင်းမှာ နေထိုင်ပြီး နောက်ခံအမျိုးမျိုးရှိတဲ့ လူတွေကို ပိုမိုနားလည်ဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ဒီလိုနားလည်ဖို့ ဘယ်လိုသင်ယူမလဲဆိုတာကို မျှဝေမှာပါ။

၁။ ဘာသာတရားအမျိုးမျိုးကိုးကွယ်တဲ့ လူတွေရှိတဲ့နေရာတွေကို လည်ပတ်ပါ

အခြားဘာသာတရားတွေကို ကျင့်သုံးသူတွေနဲ့ သင့်ကို ဝန်းရံထားခြင်းက မတူကွဲပြားတဲ့မိတ်ဆွေတွေ ဖွဲ့စည်းဖို့လွယ်ကူစေပါတယ်။ ကွဲပြားခြားနားတဲ့ ဘာသာရေးအသွင်အပြင်ဧရိယာအတွင်း လည်ပတ်ခြင်းက သင့်ကို တစ်ခြားဘာသာဝင်တွေနှင့် အပြန်အလှန်ဆက်သွယ်ဖို့ ဖြစ်နိုင်ခြေ ပိုများပါတယ်။

မတူကွဲပြားတဲ့နိုင်ငံတွေကို ခရီးသွားခြင်းက သင့်အမြင်တွေ၊ ရှုထောင့်တွေကို ချဲ့ထွင်နိုင်ပြီး တစ်ခြားဘာသာတရားတွေရဲ့ ယဥ်ကျေးမှုတွေနှင့် ပတ်သက်တဲ့ ဗဟုသုတတွေကိုလည်း တိုးပွားစေပါတယ်။ သင့်ရဲ့ဘတ်ဂျက်အခြေအနေကြောင့် ဒီလိုမလုပ်နိုင်သေးဘူးဆိုရင် ဘာသာရေးနှင့် ယဥ်ကျေးမှုဆိုင်ရာ မတူကွဲပြားမှုတွေပိုများတဲ့ အနီးနားက မြို့ပြဒေသတွေကို သွားရောက်လည်ပတ်ပါ။ ကမ္ဘာပေါ်မှာ ယဥ်ကျေးမှုအရ ကွဲပြားခြားနားမှုအများဆုံးမြို့ကြီးတွေက အမ်စတာဒမ်၊ လန်ဒန်နှင့် လော့စ်အိန်ဂျလိစ်တို့ ပါဝင်ပါတယ်။

၂။ ဘာသာတရားတွေအကြောင်း ပြောဆိုဆွေးနွေးပါ

သင့်အနေနဲ့ သင့်အမြင်တွေကို တိုးချဲ့ချင်တယ်ဆိုရင် နောက်ပြီး ကွဲပြားခြားနားတဲ့ ဘာသာတရားတွေကို တန်ဖိုးထားချင်တယ်ဆိုရင် သင်မယုံတဲ့ ယုံကြည်ခြင်းတွေကို တစ်ခြားလူတွေနှင့် ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးပါ။ သူတို့ရဲ့ အယူဝါဒတွေအားလုံးကို သင်သဘောမတူနိုင်ပေမယ့်လည်း သူတို့ရဲ့ ဓလေ့ထုံးတမ်းတွေနှင့် ယုံကြည်ချက်တွေအကြောင်းကို လေ့လာသင့်ပါတယ်။ ကွဲပြားခြားနားတဲ့ယုံကြည်ခြင်းတွေ ရှိတဲ့သူနဲ့ ဆွေးနွေးငြင်းခုံပါ။ မတိုက်ခိုက်ပါနှင့်။ သင်တို့နှစ်ဦးလုံး မတူညီတဲ့အရာတွေကို ယုံကြည်ကြတယ်လို့ လက်ခံပါ။

၃။ အခြားဘာသာတရားတွေရဲ့ အပြုသဘောဆောင်တဲ့ လုပ်ငန်းတွေမှာ ပါဝင်ပါ

လူတွေက ဘာသာတရားကမတူရင်တောင် အသိုင်းအဝိုင်းတစ်ခု (သို့) သူငယ်ချင်းတွေအဖြစ် အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေက သင့်ကို အတူတကွပေါင်းစည်းစေပါလိမ့်မယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥယျာဥ်စိုက်ပျိုးခြင်း၊ ဘောလုံးအသင်းတွေမှာ ကစားခြင်း (သို့) စာသင်ခန်းတစ်ခုအတူတကွပြုလုပ်ခြင်းတွေဟာ သင့်တို့ရဲ့ ဘာသာတရားတွေနှင့် မတူကွဲပြားတဲ့ နှောင်ကြိုးကို ဖန်တီးပါလိမ့်မယ်။

၄။ တစ်ခြားဘာသာတရားမှာ သင့်ဘာသာနဲ့ တူညီတဲ့အချက်တွေ ရှာပါ

ရိုးရာဓလေ့ထုံးတမ်းတွေနှင့် အရေးကြီးတဲ့ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေ ကွဲပြားနိုင်သော်လည်း ဘာသာတရားအများစုက ကိုယ်ကျင့်တရားစံနှုန်းတွေ၊ သဘောတရားတွေနှင့် မြင့်မြတ်တဲ့ကျမ်းတွေ၊ သန့်ရှင်းတဲ့နေရာတွေက အတူတူဖြစ်နေတတ်ကြပါတယ်။ အကြမ်းမဖက်ခြင်း၊ အခြားသူတွေကို ရိုသေလေးစားခြင်းနှင့် သည်းခံခြင်းတို့ ကဲ့သို့သော တူညီတဲ့သဘောတရားတွေကိုရှာဖွေပါ။

ဂျူးဘာသာနှင့် ခရစ်ယာန်ဘာသာက ဘာသာရေးကျမ်းတစ်ချို့ကို ပညတ်တော် (၁၀)ပါးက အတူတူပဲဖြစ်ပါတယ်။ အစ္စလာမ်၊ ဂျူးဘာသာနှင့် ခရစ်ယာန်ဘာသာတို့က အစ္စရေးနှင့် ပါလက်စတိုင်းတို့မှာ သန့်ရှင်းတဲ့နေရာတွေ ရှိကြပါတယ်။ ဟိန္ဒူဘာသာနှင့် ဗုဒ္ဓဘာသာက အိန္ဒိယနိုင်ငံဆင်းသက်လာပြီးတော့ ပြန်လည်ဝင်စားခြင်းဆိုတဲ့ အလားတူယုံကြည်ချက်တွေ ရှိကြပါတယ်။

၅။ တစ်ခြားဘာသာဝင်တွေရဲ့ ဓလေ့ထုံးတမ်း(သို့)ရိုးရာအစဥ်အလာတွေကို မလှောင်ပြောင်ပါနှင့်

အခြားဘာသာတရားရဲ့ ဓလေ့ထုံးတမ်းတွေ (သို့) ရိုးရာအစဥ်အလာတွေကို လှောင်ပြောင်စော်ကားခြင်းက မလေးမစားပြုခြင်းရဲ့ ကြီးမားတဲ့လက္ခဏာဖြစ်ပြီးတော့ လူတွေကို ရူးသွပ်မှုဖြစ်စေပါတယ်။ သင်ဘာတွေဖြစ်နေတယ်ဆိုတာ နားမလည်ရင်တောင် ထုံးတမ်းစဥ်လာတွေကို မယုံကြည်ရင်အောင် တစ်ခြားလူတွေကို အနှောင့်အယှက်မဖြစ်ပါစေနှင့်။ ဒီအစဥ်အလာတွေနဲ့ ပတ်သက်ပြီးတော့ သိလိုတဲ့ မေးခွန်းတွေမေးတဲ့အခါ ဖြတ်မပြောဘဲ စကားဆုံးအောင် နားထောင်ပါ။ လှောင်ပြောင်တဲ့ ဆုံးဖြတ်ချက်မချသေးခင်မှာ လေးစားမှုနှင့် သိလိုစိတ်ရှိဖို့ သတိရပါ။

၆။ ဘာသာကြီးတွေရဲ့ အရင်းအမြစ်နှင့် သမိုင်းကြောင်းတွေကို သင်ကိုယ်တိုင်လေ့လာပါ

ကမ္ဘာပေါ်မှာ ဘာသာတရားအမျိုးမျိုးရှိပေမယ့် လူအများစုက ခရစ်ယာန်၊ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ် (သို့) ဂျူးဘာသာကို ကျင့်သုံးကြတယ်။ သူတို့ရဲ့ ဓလေ့အစဥ်အလာတွေနှင့် ယုံကြည်မှုတွေကို ပိုမိုနားလည်စေဖို့ ဘာသာတရားရဲ့သမိုင်းကြောင်းနှင့် သမိုင်းအစတွေကို သင်ကိုယ်တိုင်လေ့လာပါ။ အွန်လိုင်း(သို့) စာကြည့်တိုက်တွေမှာ ရှာနိုင်ပါတယ်။

၇။ ဘယ်ဘာသာပဲဖြစ်ဖြစ် အားလုံးဟာ သင့်လို လူသားတွေဆိုတာ သတိရပါ

ယုံကြည်မှုတွေ ဘယ်လိုပဲကွဲပြားခြားနားနေပါစေ လူသားတိုင်းရဲ့ ခံစားမှုတွေနှင့် လိုအင်ဆန္ဒတွေအားလုံးက တူညီကြပါတယ်။ သင်နဲ့ ဘာသာတရားမတူရုံနဲ့တော့ လူမိုက်အဖြစ်မခံပါနှင့်။ သူတို့တစ်စုံတစ်ရာခံစားနေရရင် မိသားစုဝင်တစ်ဦး (သို့) မိတ်ဆွေတစ်ဦးလို သနားကြင်နာပါ။ အခြားဘာသာဝင်မှာလည်း မိသားစုတွေ၊ သူငယ်ချင်းတွေရှိပြီးတော့ သူတို့အတွက်အကောင်းဆုံးလိုချင်ကြပါတယ်။ သူတို့မှာလည်း အားကစားနှစ်သက်တာ၊ မိသားစုခွေးကို ချစ်တာ၊ တစ်ခါတလေမှာ အဘွားကို ဒေါသထွက်တာမျိုးဖြစ်စေနိုင်ပါတယ်။

လူသားအားလုံးဟာ လူမျိုး၊ ဘာသာမခွဲခြားဘဲ တူညီတဲ့မျိုးရိုးဗီဇတွေရှိပါတယ်။ ယဥ်ကျေးမှု၊ ဒေသတွင်းနှင့် ဘာသာရေးကွဲပြားခြားနားမှုတွေကို ကျော်လွန်တဲ့ လူ့စိတ်ပညာရှုထောင့်တွေလည်းရှိပါတယ်။

Chit_May_May

Nyein_Thu

Ref-wikihow

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here