ကျွန်တော်တို့သတိမပြုမိခင်မှာပဲ ကျွန်တော်တို့မိဘတွေရဲ့ စွန့်လွှတ်အနစ်နာခံမှု (၈) ချက်

0
82
- Advertisement -

ကျွန်တော်တို့ငယ်ငယ်တုန်းက ကျွန်တော်တို့မိဘတွေရဲ့ ချစ်ခြင်းမေတ္တာကို ပေါ့ပေါ့တန်တန်သဘောထားခဲ့ကြတယ်။ သူတို့နဲ့ထိုက်တန်သလောက် တန်ဖိုးမထားခဲ့ကြပါဘူး။ သို့ပေမယ့် ကျွန်တော်တို့ကြီးပြင်းလာတာနဲ့အမျှ ကျွန်တော်တို့မိဘတွေဟာ ကျွန်တော်တို့ဘဝမှာ အကြီးမားဆုံးထောက်ပံ့သူတွေဆိုတာ သဘောပေါက်လာခဲ့ကြတယ်။ ကျွန်တော်တို့ကိုသူတို့တတ်နိုင်သမျှအကောင်းဆုံးနည်းနဲ့ ပြုစုပျိုးထောင်နိုင်ဖို့ အရာရာကို ပျော်ရွှင်စွာစွန့်လွှတ်ခဲ့ကြတယ်။

သင့်ကို ဒီနေ့ခေတ်မှာ အံ့ဩဖို့ကောင်းတဲ့လူတစ်ဦးအဖြစ် ပုံသွင်းဖို့ သင့်မိဘတွေမှာ အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ကြရပါတယ်။ ဒါ့ကြောင့် သင့်မိဘတွေကို ပိုချစ်နိုင်ဖို့ နောက်ထပ်အကြောင်းပြချက်တွေလိုအပ်နေသေးတယ်ဆိုရင် ဒီအချက် (၁၀)ချက်ကို မျှဝေပေးချင်ပါတယ်။

၁။ သူတို့က အဆိုးရွားသောအချိန်တွေမှာတောင်မှ သင့်အတွက်အကောင်းဆုံးကို သေချာစေခဲ့ပါတယ်

- Advertisement -

မိဘတွေအတွက် သူတို့ရဲ့ကလေးတွေဟာ သူတို့ဘဝရဲ့အရာအားလုံးဖြစ်ပြီးတော့ ကလေးတွေမျက်နှာပေါ်က အပြုံးတစ်ခုရရှိဖို့ ဘာမဆိုလုပ်တတ်တဲ့သူတွေပါ။ သူတို့က မိမိကိုယ်ကိုယ်အသစ်အသစ်သော၊ ပိုမိုကောင်းမွန်သောအရာတွေ ဝယ်ယူရမယ့်အစား သူတို့ကလေးတွေကို ပထမနေရာမှာထားပြီးတော့ ပျော်ရွှင်ကျေနပ်စေတယ်။ သူတို့ကိုယ်တိုင်က ရောင့်ရဲကြတယ်။ သင့်မိဘတွေက သင့်ရဲ့ ကျေနပ်ပျော်ရွှင်မှုကို သူတို့ရဲ့အထက်မှာ အမြဲတမ်းထားလေ့ရှိတယ်။

၂။ မင်းအိပ်မက်တွေမက်နိုင်အောင် သူတို့အိပ်စက်ခြင်းကို စွန့်လွှတ်ခဲ့ကြတယ်

ကလေးတစ်ယောက်ရှိခြင်းက နှစ်အတန်ကြာအိပ်စက်ခြင်းနှင့်တန်းတူဖြစ်ပေမယ့်လည်း သိသာထင်ရှားတဲ့ ညွှန်ပြချက်တွေမရှိသေးပါဘူး။ မိသားစုဝင်အသစ်ရောက်လာတဲ့အခါ ဘဏ္ဍာရေးစီမံကိန်းအပါအဝင် အဓိကအပြောင်းအလဲအချို့ရှိပါသေးတယ်။ မျှော်လင့်ထားတဲ့မိဘတွေအနေနဲ့ အနာဂတ်မှာဖြစ်ပေါ်လာမယ့် ကုန်ကျစရိတ်အတွက် ငွေပိုရှာနိုင်ဖို့ ပိုကြိုးစားလုပ်ဆောင်လာကြတယ်။ တကယ်တော့ သူတို့သားသမီးတွေရဲ့ အနာဂတ်ကို တောက်ပစေဖို့ ပိုကြိုးစားကြဖို့လည်း ဆုံးဖြတ်ကြပါတယ်။ ပိုထိထိရောက်ရောက်အလုပ်လုပ်ခြင်းနှင့် ပိုကောင်းတဲ့ဝန်တွေကို ထမ်းကြရတယ်။ မင်း အိပ်မက်တွေ၊ရည်မှန်းချက်တွေနဲ့ ကြယ်တွေကို မျှော်လင့်အိပ်စက်နေချိန်မှာ သင့်မိဘတွေက အလုပ်လုပ်နေခဲ့ကြတယ်။

၃။ သူတို့ဝါသနာတွေကို စွန့်လွှတ်လိုက်ကြရတယ်

မိဘတစ်ဦးဖြစ်ခြင်းက အချိန်ပြည့်အလုပ်တစ်ခုနဲ့ တူပါတယ်။ ကလေးမွေးဖွားလာတဲ့အခါ ဝါသနာတွေကို အသက်ဆက်ရှင်သန်စေဖို့ဆိုတာ မဖြစ်နိုင်တော့တဲ့အရာလိုမျိုးဖြစ်ပါတယ်။ ကလေးတွေကို ဂရုစိုက်ခြင်း၊ အရည်အသွေးကောင်းတဲ့အချိန်တွေကို ဖြုန်းရခြင်း၊ သင်ကြားပေးခြင်း၊ သူတို့ကို ကြည့်ရှုစောင့်ရှောက်ရခြင်း စတာတွေက မရေမတွက်နိုင်သော ကလေးနဲ့ပတ်သက်တဲ့ စာရင်းတွေဖြစ်ပါတယ်။ ကလေးတစ်ယောက်ကို အမှန်တကယ်ကြိုဆိုတဲ့အခါ သူတို့ရဲ့ဝါသနာတွေကို စွန့်လွှတ်လိုက်ကြရတယ်။

၄။ မင်းနေမကောင်းတဲ့အခါ သူတို့က အရာရာကိုစွန့်ခွာပြီး မင်းကိုစောင့်ရှောက်ပေးခဲ့တယ်

မင်းဖျားနာတဲ့အခါ မင်းမိဘတွေရဲ့ အလိုအလျောက်စဥ်းစားရတဲ့အကြောင်းအရာက မင်းအတွက်ပဲဖြစ်လာတယ်။ ဒီလောကကို ခေါ်ဆောင်လာပြီးကတည်းက သင့်ကျန်းမာရေးနှင့် သုခချမ်းသာအတွက် အမြဲစောင့်ကြည့်နေတတ်တာမျိုးပါ။ သူတို့က သင့်ကို ဂရုစိုက်စောင့်ရှောက်ဖို့နှင့် သင်ဘယ်လိုနာမကျန်းမှုမျိုးကိုမဆို ကုသပေးပြီး သူတို့ရဲ့ဘဝက အခြားအရာအားလုံးကို ဆိုင်းငံ့ထားတတ်သူတွေပေါ့။

၅။ သူတို့ဆာလောင်မွတ်သိပ်နေချိန်မှာ အစားအစာကို သင်နဲ့အတူ မျှဝေစားသောက်ကြတယ်

ဒီကိစ္စကတော့ ပုဂ္ဂိုလ်ရေးရာဖြစ်ပြီးတော့ သင့်မိဘတွေ၊ အထူးသဖြင့် မိခင်တွေက သူတို့ဗိုက်ဆာနေတဲ့အခါ ဘယ်တော့မှ ပြောမှာမဟုတ်ပါဘူး။ များသောအားဖြင့် ကလေးတွေက စားစရာတွေတောင်းတဲ့အခါ မိဘတွေက သူတို့ဝေစုကို မျှဝေပေးတတ်ပါတယ်။ တကယ်လို့ အစားအစာက တစ်ယောက်စာအတွက်ပဲရှိမယ်ဆိုရင် သင့်ကိုသာကျွေးပြီးတော့ သင့်မိခင်က ဗိုက်ဆာလျှက်နဲ့ အိပ်ရာဝင်ပါလိမ့်မယ်။

၆။ကလေးတွေက သူတို့မတတ်နိုင်တဲ့ ဇိမ်ခံပစ္စည်းတွေဖြစ်ကြရတယ်

စုံတွဲတစ်တွဲအတွက် ကလေးမွေးဖွားပြီးတဲ့နောက်မှာတော့ privacy တွေက ပြတင်းပေါက်ကနေထွက်သွားရတယ်။ ကလေးတွေက နေရာတိုင်းမှာ မိဘတွေနောက်လိုက်ပြီးတော့ မေးခွန်းတွေမေးလေ့ရှိပြီးတော့ သူတို့နှင့်အတူ အိပ်စက်ဖို့လည်း အမြဲတမ်းတောင်းဆိုတတ်ကြပါတယ်။ မိဘတွေက ဒီအရာအားလုံးကို မေတ္တာနဲ့ လက်ခံပြီးတော့ မျက်နှာတွေပေါ်မှာ အပြုံးတွေနဲ့ ခွင့်ပြုတတ်ကြပါတယ်။

၇။ မင်းက သူတို့အကြိုက်ဆုံးအရာကို ဖျက်ဆီးလိုက်တဲ့အခါ အေးဆေးတည်ငြိမ်ဖို့အတွက် ကြိုးစားကြတယ်

မိဘတစ်ဦးဖြစ်လာတဲ့အခါ စိတ်ရှည်ဖို့လိုအပ်ပါတယ်။ သင်က သင့်ကလေးတွေနှင့် သင့်ရဲ့စျေးကြီးပစ္စည်းတွေကို မတော်တဆချိုးဖောက်ခြင်း၊ ရုပ်သံလိုင်းကို ကြိုက်နှစ်သက်သောကာတွန်းတွေကို ပြောင်းခြင်း၊ သင့်ရဲ့ ရှက်စရာကောင်းတဲ့ လျှို့ဝှက်ချက်တွေကို ဧည့်သည်တွေကို ဖော်ကောင်လုပ်ခြင်း စတဲ့ အကြောင်းအရာများစွာတို့ပဲဖြစ်ပါတယ်။ သင်က သူတို့အကြိုက်ဆုံးအရာတွေကို ဖျက်ဆီးပြီးတဲ့နောက်မှာ စိတ်ထိခိုက်ခြင်းမရှိသလိုဟန်ဆောင်တဲ့အခါ ”ဒါက အဆင်ပြေပါတယ်” လို့ပဲ ပြောလေ့ရှိတယ်။

၈။ သူတို့က သင့်ကို သူတို့နှလုံးသားတစ်ခုလုံးကို အကြွင်းမဲ့ပေးတယ်

ကျွန်တော်တို့ကြီးပြင်းလာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ မိဘတွေလောက် ကျွန်တော်တို့ကို ချစ်နိုင်မယ့်လူ နောက်ထပ်တစ်ယောက်မရှိနိုင်တော့ဘူးဆိုတာ ရှင်းရှင်းလင်းလင်းသိလာကြပါတယ်။ မိဘတွေက သူတို့ဘဝအစိတ်အပိုင်းတွေကို သူတို့ရဲ့ကလေးတွေအတွက်သာ သီးသန့်ရည်စူးထားကြသူတွေပါ။ သင့်ရဲ့ ချစ်လှစွာသော မိဘတွေကို နွေးထွေးစွာပွေ့ဖက်ပြီးတော့ သင့်အတွက် သူတို့လုပ်ပေးခဲ့သမျှ အရာအားလုံးကို ဘယ်လောက်အထိတန်ဖိုးထားလေးမြတ်ကြောင်း သူတို့ကိုပြောပြပါ။

Chit_May_May

Nyein_Thu

Ref-brightsideme

LEAVE A REPLY

Please enter your comment!
Please enter your name here