မကြာသေးမီနှစ်တွေ အတွင်းမှာ အမေရိကန်ပြည်ထောင်စုနှင့် ကမ္ဘာတဝှမ်းရှိ အလုပ်စျေးကွက်ဟာ သိသိသာသာ ပြောင်းလဲသွားခဲ့ပါတယ်။ ရလဒ်ကတော့ အနာဂတ်ရဲ့ အလုပ်အကိုင်တွေလည်း ပြောင်းလဲလာမှာ ဖြစ်ပါတယ်။
ဒီပြောင်းလဲမှုတစ်ချို့က စီးပွားရေးနှင့် သက်ဆိုင်ပြီး တစ်စိတ်တစ်ပိုင်းအနေနဲ့ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ နည်းပညာ အပြောင်းအလဲကြီးတွေကြောင့် ဖြစ်ပါတယ်။ traditional အလုပ်အတော်များများက ခေတ်ကုန်သွားပါပြီ။ တချိန်တည်းမှာပဲ ကွဲပြားခြားနားတဲ့ လေ့လာသင်ယူမှု ပရိုဂရမ်တွေ၊ ပြင်ဆင်မှု အမျိုးအစားတွေကို လိုအပ်တဲ့ အလုပ်သစ်တွေ လာနေကြပါပြီ။
ကမ္ဘာပေါ်ရှိ ဘယ်နေရာမှာမဆို လူတစ်ယောက်ချင်းစီကို ကြားနိုင်၊ မြင်နိုင်စွမ်းရှိခြင်းနှင့်အတူ Communication ကလည်း အကြီးအကျယ် ပြောင်းလဲသွားခဲ့ပါပြီ။ ကျွန်တော်တို့ဟာ ကမ္ဘာအနှံ့အပြားကို လွှမ်းခြုံပြီး အွန်လိုင်းပေါ်ကနေ အလုပ်အစည်းအဝေးတွေကိုတောင် ပြုလုပ်နိုင်ပါပြီ။ ကျွန်တော်တို့ ကလေးတွေဟာ ဒီ global panorama အသစ်ကို လက်ခံဖို့ ပြင်ဆင်ထားရန် လိုအပ်ပါတယ်။ ပြီးတော့ ဒါက ၎င်းတို့ကို အလုပ်သစ်နည်းလမ်းနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်နိုင်တဲ့ စွမ်းရည်တွေကို ဖွံ့ဖြိုးစေပါတယ်။

လေ့လာမှုနယ်ပယ်များနှင့် အနာဂတ် အလုပ်အကိုင်များ
နောင်လာမယ့် ဆယ်စုနှစ်အတွင်းမှာ ဒစ်ဂျစ်ခေတ်သစ်နှင့် လိုက်လျောညီထွေဖြစ်အောင် ဗဟုသုတ နယ်ပယ်များစွာကို ပြောင်းလဲရပါလိမ့်မယ်။ ယနေ့မှာ minor importance ဖြစ်တဲ့ အချို့အလုပ်အကိုင်တွေဟာ အနာဂတ်အလုပ်အကိုင်စျေးကွက်မှာ အလွန်အရေးပါသော အလုပ်အကိုင်တွေ ဖြစ်လာပါလိမ့်မယ်။
ဒီရွေးချယ်စရာများထဲမှ တစ်ခုက digital marketing, SEO, SEM, နှင့် content တွေမှာ အထူးကျွမ်းကျင်သူများ ဖြစ်ကြပါတယ်။ လူမှုကွန်ယက်နှင့် search engines တွေရဲ့ တိုးတတ်မှုနှင့် အရေးပါမှုက ဒီနယ်ပယ်မှာ လူတွေပိုများလာစေဖို့အတွက် လိုအပ်ချက်ကို ဖြစ်ပေါ်စေပါတယ်။

communication, marketing, (သို့) advertising ကဲ့သို့သော အစဉ်အလာ အခန်းကဏ္ဍတွေမှာ မူလက အလုပ်လုပ်ခဲ့ကြသူများဟာ ဒစ်ဂျစ်တယ်ကမ္ဘာထဲကို ဖြတ်ကျော်ဝင်ရောက်လာကြပါတယ်။
သင့်ကလေးရဲ့ လေ့လာမှုအစီအစဉ်မှာ ထည့်သွင်းစဉ်းစားသင့်တဲ့ အနာဂတ်အလုပ်အကိုင်နောက်တစ်ခုက robotic engineering ဖြစ်ပါတယ်။ ခန့်မှန်းချက်များအရ စတုတ္ထ စက်မှုတော်လှန်ရေးဟာ သန်းနှင့်ချီသော အလုပ်အကိုင်များကို ပယ်ရှားသွားလိမ့်မယ့် Robotization ပြောင်းလဲမှု ဖြစ်လာပါလိမ့်မယ်။ ဆိုလိုတာက လူသားတွေလုပ်တဲ့နေရာမှာ စက်ရုပ်တွေက အစားထိုးနေရာယူလာတာဖြစ်ပါတယ်။

ထို့နည်းတူစွာပဲ ထိုစက်တွေကို ပြင်ဆင်ဖို့နှင့် ၎င်းတို့ရဲ့စနစ်တွေ တိုးတတ်အောင် လုပ်နိုင်တဲ့ အင်ဂျင်နီယာတွေ အထူးလိုအပ်မယ်လို့ ကျွမ်းကျင်သူတွေက ကြိုတင်ခန့်မှန်းထားပါတယ်။
ဒေတာကြီးမှာ ကျွမ်းကျင်သူများဟာ လာမယ့်ဆယ်စုနှစ်တွေမှာ အမြင့်ဆုံး ဝယ်လိုအား ဖြစ်လာပါလိမ့်မယ်။ ကြီးမားတဲ့ ဒေတာပမာကို ခွဲခြမ်းစိတ်ဖြာခြင်းဟာ ကဏ္ဍများစွာမှာ ပိုပိုပြီး လိုအပ်လာပါတယ်။ ဒါ့ကြောင့် ဒီအရာက အလွန်လျင်မြန်စွာ ကြီးထွားလာမယ့် လေ့လာမှုနယ်ပယ်တစ်ခု ဖြစ်ပါတယ်။

အနာဂတ်ရဲ့ အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဖန်တီးပေးမယ့် အခြားလေ့လာမှုနယ်ပယ်များလည်းရှိပါတယ်။ ဒါ့ကြောင့် သင့်ကလေးရဲ့ လေ့လာသင်ယူမှုကို စီစဉ်တဲ့အခါမှာ ဒီပညာရပ်တွေကို စိတ်ထဲမှာ ထည့်ထားဖို့လိုပါတယ်။ ၎င်းတို့ထဲမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာ၊ ဘာသာစကား၊ ဆော့ဖ်ဝဲနှင့် သက်ကြီးရွယ်အိုဆေးဝါးကုသမှုပညာ စတာတွေပါ ပါဝင်ပါတယ်။

တက္ကသိုလ်တွေအနေနဲ့ ဒီပြောင်းလဲမှုတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ဘာလုပ်သင့်သလဲ?
အဆင့်မြင့်ပညာရေးဟာ အနာဂတ်မှာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ဆက်ရှိနေဦးမှာ သေချာပါတယ်။ သို့သော် တက္ကသိုလ်တွေဟာ ဒီပြောင်းလဲမှုအားလုံးနှင့် လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ရပါမယ်။ တက္ကသိုလ်တွေအတွက် ထည့်သွင်းစဉ်းစားရမယ့်အချက်တစ်ခုက နည်းပညာသစ်များဖြစ်ပါတယ်။ နည်းပညာကို စာသင်ခန်းတွေသာမက function အဆင့်တိုင်းအတွက် အသုံးချရပါမယ်။ တက္ကသိုလ်တွေအနေနဲ့ ထည့်စဉ်းစားရမယ့် အရေးအကြီးဆုံးအချက်တစ်ခုက စဉ်ဆက်မပြတ် လိုက်လျောညီထွေဖြစ်သော ပညာရေးကို လက်ကမ်းကြိုဆိုဖို့အတွက် သူတို့ရဲ့ ဖွဲ့စည်းပုံကို အပြောင်းအလဲလုပ်ဖို့ လိုအပ်ခြင်း ဖြစ်ပါတယ်။ အနာဂတ်ရဲ့အလုပ်အကိုင်ကို လိုက်လျောညီထွေဖြစ်အောင် တက္ကသိုလ်တွေဟာ flexible learning အပြင် ကိုယ်ပိုင်လေ့လာသင်ယူမှုတွေ ပါဝင်ဖို့လည်း လိုအပ်ပါလိမ့်မယ်။

ထို့အပြင် သူတို့ရဲ့တက္ကသိုလ်ပရဝုဏ်ကို အသွင်ပြောင်းရပါမယ်။ ဗျူရိုကရေစီစနစ်ကို ဖယ်ရှားပြီး ” “စမတ်ကျောင်းဝန်း”ဖြစ်ရပါမယ်။ ဒီနည်းအားဖြင့် ကျောင်းသားဝန်ဆောင်မှုကို တိုးတတ်စေပြီး လုပ်ထုံးလုပ်နည်းနှင့် စာရွက်စာတမ်းအလုပ်တွေကို ပိုမိုလွယ်ကူသွားစေပါတယ်။
တက္ကသိုလ်တွေက ဒီပြောင်းလဲမှုနှင့် အနာဂတ်အလုပ်အကိုင်တွေကို လိုက်လျောညီထွေဖြစ်အောင် ကျောင်းသားတွေကို ပြင်ဆင်ပေးရပါမယ်။ တက္ကသိုလ်တွေက အလုပ်စျေးကွက်ရဲ့ အနာဂတ်လိုအပ်ချက်တွေနှင့် လက်ရှိမှာလိုအပ်တဲ့ အရည်အချင်းတွေကို သူတို့ကျောင်းသားတွေအား ပေးဖို့အသင့်ဖြစ်ရပါမယ်။
သူတို့က လူငယ်တွေရဲ့ အခြေခံဘက်စုံဖွဲ့စည်းမှုကို လျစ်လျူရှုလို့ မရပါဘူး။ တချိန်တည်းမှာပဲ သူတို့ဟာ တီထွင်ဖန်တီးမှု၊ ဆန်းသစ်တီထွင်မှုနှင့် မမျော်လင့်သော အဖြစ်အပျက်တွေနဲ့ အံဝင်ခွင်ကျဖြစ်စေသော ကိုယ်ရည်ကိုယ်သွေးများကို အားပေးရပါမယ်။

ယနေ့လူအများစုဟာ ရုံးခန်းကို သွားစရာမလိုဘဲ အင်တာနက်ပေါ်မှာ အိမ်ကနေလွတ်လပ်စွာ အလုပ်လုပ်နေကြပါပြီ။ သူတို့ရဲ့ ဖောက်သည်တွေဟာ အတားအဆီးမရှိဘဲ ကမ္ဘာကြီးရဲ့ ဘယ်နိုင်ငံမှာမဆို ရှိနေနိုင်ပါတယ်။
ထို့အပြင် ယနေ့လူငယ်တွေအကြားမှာ ရေကြည်ရာမြက်နုရာ အလုပ်အကိုင်ရှာတဲ့ သဘောထားတွေ ပိုများလာပြီး ထိုယိမ်းယိုင်မှုဟာ အနာဂတ်မှာ ကြီးထွားလာပါလိမ့်မယ်။ ပါမောက္ခတွေနဲ့ တက္ကသိုလ်တွေအနေဖြင့် ကျောင်းသားတွေအား ဒီအလုပ်နည်းသစ်ကို ကိုင်တွယ်နိုင်သော ကိရိယာများကို ကမ်းလှမ်းဖို့ ပြင်ဆင်ထားရပါမယ်။ စိန်ခေါ်မှုက ကြီးမားပါတယ်။ ဆရာတွေဟာ ဒစ်ဂျစ်တယ် ယဉ်ကျေးမှု တိုးတတ်ခြင်းအပေါ် up to date ဖြစ်နေဖို့ အသင့်ဖြစ်နေရပါမယ်။
Lifestyle_Myanmar
LM_Nandar
Source-youaremom