မိဘအများစုဟာ ကိုယ့်ကလေးရဲ့ အပြုအမှုပြောင်းလဲသွားတာကို သတိပြုမိတဲ့အခါမှာ မနှစ်မြို့ဖွယ်အခြေအနေတွေ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် မိဘအများစုက ဒီပြဿနာဟာ ဘယ်ကလာတယ်ဆိုတာ နားမလည်နိုင်ကြပါဘူး။ တစ်ချို့မိဘတွေက ကလေးတွေရဲ့စိတ်ကို နားမလည်တာ ဒါမှမဟုတ် သားသမီးကို ထိန်းချုပ်တဲ့ အုပ်ထိန်းမှုတွေ မှားယွင်းတာ ကြောင့် ကလေးတွေမှာ ဒီလိုပြဿနာလေးတွေ အနည်းငယ်ဖြစ်တတ်ပါတယ်။
၁။ အကယ်၍ သင့်ကလေးဟာ လျှို့ဝှက်တတ်ပြီး ယုံကြည်မှုကင်းမဲ့နေတယ်ဆိုရင် သင်ရဲ့ အရမ်းစိတ်တိုလွယ်တာကြောင့် ဖြစ်နိုင်ပါတယ်။
၂။ သင့်ကလေးဟာ အလွန်အမင်းရှတ်တတ်ပြီး မရေရာတဲ့ ကလေးဖြစ်ရင် သူတို့ကိုယ်တိုင် ဖြေရှင်းနိုင်တဲ့အရာတွေကို သင်ကူညီဖို့ ကြိုးစားခြင်းကြောင့် ဖြစ်နိုင်ပါတယ်။
၃။ အကယ်၍ သူလိုချင်တဲ့ အရာမှန်သမျှကို ဝယ်ပေးပေမယ့် ကလေးဟာ တခြားကလေးရဲ့ အရုပ်တွေကို အမြဲတမ်းယူနေမယ်ဆိုရင် ဒါက သူ့ကို့ ရွေးချယ်ပိုင်ခွင့် မပေးထားတာကြောင့်ဖြစ်ပါတယ်။
၄။ တကယ်လို့ ကလေးက မနာလိုမှုတွေ မကြာခဏပြနေပါက သင်ဟာ ကလေးကို အခြားသူတစ်ယောက်နဲ့ မကြာခဏ နှိုင်းယှဉ်တာကြောင့် ဖြစ်နိုင်ပါတယ်။
.
၅။ ကလေးတစ်ယောက်က ရိုင်းစိုင်းနေတယ်ဆိုရင် သူဟာ သူတို့မိဘတွေ (ဒါမှမဟုတ်) မိသားစုဝင်တွေရဲ့ အပြုအမှုအတိုင်း လိုက်လုပ်တာ ဖြစ်နိုင်ပါတယ်။
၆။ တကယ်လို့ ကလေးတစ်ယောက်ဟာ စိတ်တိုလွယ်ပြီး ဒေါသထွက်ရင် သူ့ကို အာရုံမစိုက်တာကြောင့် ဖြစ်နိုင်ပါတယ်။ သူ့ကို သတိပြုမိခံရအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ မသိတာကြောင့် ဖြစ်ပါတယ်။
၇။ တကယ်လို့ ကလေးဟာ သင့်အားလိမ်ညာနေခဲ့ပါက သူတို့ရဲ့ ယခင်အမှားကို ကြမ်းတမ်းစွာ တုံ့ပြန်တာကြောင့် ဖြစ်နိုင်ပါတယ်။
၈။ တကယ်လို့ ကလေးက အခြားသူတွေကို မလေးစားပါက သင်ဟာ သူမရဲ့ ခံစားချက်တွေကို အသိအမှတ်မပြုဘဲ ဘာလုပ်သင့်ကြောင်း ပြောတာကြောင့် ဖြစ်နိုင်ပါတယ်။
၉။ တကယ်လို့ ကလေးဟာ ခက်ခဲတဲ့ အခြေအနေတွေမှာ သူတို့ဘာသာ မရပ်တည်နိုင်ပါက သူတစ်ပါးရှေ့မှာ သူတို့ကို ပြောဆိုထားခြင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။ သူ့မောင်နှမတွေရဲ့ ရှေ့မှာတောင် ဒီလိုဘယ်တော့မှ မလုပ်သင့်ပါဘူး။
၁၀။ ကလေးရဲ့ ထူးခြားမှုကို အတည်ပြုဖို့နဲ့ သူတို့ရဲ့ ဆန္ဒများကို ထည့်သွင်းစဉ်းစားဖို့ အရေးကြီးပါတယ်။
Chit_MayMay
LM_Nandar
Source-brightside