
ကလေးတွေ ဒီစကားလုံးတွေကို အကြိမ်ကြိမ်ကြားလာရတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေတဲ့ စကားစုတွေကို မျှဝေပေးချင်ပါတယ်။ အရွယ်ရောက်လာတဲ့ဘဝတစ်ခုမှာလည်း ကလေးတစ်ဦးရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ထိခိုက်စေပါလိမ့်မယ်။
ကလေးတွေဟာ ပျက်စီးလွယ်တဲ့ဦးနှောက်ရှိပါတယ်။ ဒီနေရာမှာ ကျွန်မတို့မကြာခဏလျစ်လျူရှုနေကြတဲ့အချက်က ကလေးတွေရဲ့ ဦးနှောက်ဟာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်လွယ်ရုံမကဘဲ စိတ်ပိုင်းဆိုင်ရာမှာလည်း ထိရှလွယ်တယ်ဆိုတာ သိဖို့ဖြစ်ပါတယ်။ အန္တရာယ်မရှိဘူးလို့ ထင်ရနိုင်တဲ့ တစ်ချို့စကားလုံးတွေဟာ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတွေဟာ လူကြီးဘဝအထိအကျိုးသက်ရောက်နိုင်ပါတယ်။ ဒီနေရာမှာဖော်ပြပေးမှာက လူ့ပတ်ဝန်းကျင်မှာ မကြာခဏကြားနေရပြီး စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာစေတဲ့ စကားစု (၄) ခုအကြောင်းပါ။

၁။ မင်းက တော်တော်ထိရှလွယ်တာပဲ (အထိမခံ ရွှေပန်းကန်)
စိတ်ပညာရှင်ရဲ့ အဆိုအရ ကလေးတော်တော်များများဟာ ကောင်းမွန်စွာညှိထားတဲ့ အာရုံကြောစနစ်တွေနဲ့ ရိုးရှင်းစွာမွေးဖွားလာခဲ့ကြတာပါ။ အကျိုးဆက်အနေနဲ့ အရာရာတိုင်းကို လျင်လျင်မြန်မြန်နဲ့ ပြင်းပြင်းထန်ထန်တုန့်ပြန်တတ်ကြတယ်။ ဒီလိုကလေးတွေရဲ့ မိဘတွေဟာ ခံစားချက်တွေကို ထုတ်ပစ်ဖို့ ကြိုးစားခြင်းဟာ အမှားအကြီးကြီးတွေပြုလုပ်နေတာနဲ့ တူပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှ ကလေးရဲ့ ဦးနှောက်ဟာ အားနည်းသွားပြီး တစ်ခြားလူတွေကို စာနာတတ်တဲ့ သူတို့ရဲ့ ကိုယ်ပိုင်စွမ်းရည်တွေ လျော့ကျသွားပါတယ်။ နောက်ပြီး သူတို့ခံစားချက်တွေက အရေးမပါဘူးလို့ သင်ကြားခံရတယ်ဆိုရင် ဘာအတွက်ကြောင့် တစ်ခြားလူတွေအတွက် စဥ်းစားပေးရမလဲ။
ဒါ့ကြောင့် ကလေးစိတ်ပညာရှင် Elinor Bashe ဟာ မိဘတွေအနေနဲ့ ကလေးတွေရဲ့ ခံစားချက်တွေဟာ ယုတ္တိရှိပုံမပေါ်ဘူးဆိုရင်တောင် ကလေးရဲ့ စိတ်လှုပ်ရှားမှုတွေကို နားထောင်ဖို့နှင့် လက်ခံဖို့ တိုက်တွန်းထားပါတယ်။

၂။ ”ဒါဟာ ဘဝပဲလေ၊ ဘာထူးဆန်းလို့လဲ”
သင့်ကလေးကျောင်းကနေ ပြန်လာပြီး သူငယ်ချင်းတွေနဲ့ ပြဿနာတစ်ခုခုဖြစ်ခဲ့တာပဲဖြစ်ဖြစ်၊ ဆရာတစ်ယောက်ယောက်ရဲ့ မှတ်ချက်တွေကြောင့်ပဲဖြစ်ဖြစ် စိတ်ဓာတ်ကျလာတဲ့အခါ သင့်ကို ရင်ဖွင့်မယ်။ အဲ့တော့ ”ကောင်းပြီလေ၊ ဒါပေမယ့် ဒါဟာ ဘဝပဲ” လို့ သင်ပြောလိုက်တယ်။ ဒါမှမဟုတ် ”ဒါဟာ မင်းရဲ့ အတွေ့အကြုံပဲ ဘာမှမခံစားနေနဲ့။ ဆက်လုပ်” လို့ ပြောလိုက်တယ်။ တကယ်တော့ ဒီစကားလုံးတွေကို အသက် (၂၅) နှစ်အရွယ်လူတစ်ယောက်ကို ပြောခြင်းက လုံးဝသင့်လျော်ပါတယ်။ သို့ပေမယ့် ကလေးတစ်ဦးရဲ့ ဦးနှောက်ကတော့ သူတို့ရဲ့ အတွေ့အကြုံတွေဟာ သာမန်အဖြစ်အပျက်တွေပဲလို့ လက်ခံနိုင်ခြင်းမရှိသေးပါဘူး။ သင်က သူတို့ကို အဲဒီလိုပြောလိုက်တဲ့အခါ သူတို့ဟာ အပြစ်ရှိတယ်လို့ခံစားရပြီး စိတ်ရှုပ်ထွေးသွားတတ်ပါတယ်။ အဲဒီ့အစား သူတို့ရဲ့ အတွေ့အကြုံကို အတည်ပြုဖို့နှင့် ခံနိုင်ရည်ရှိဖို့ အားပေးပါ။

၃။ ”ငါမပြောဘူးလား၊ ငါထင်တဲ့အတိုင်းပဲ”
ဒါဟာ ဆိုးရွားတဲ့ တုံ့ပြန်မှုတစ်ခုပါ။ ၎င်းဟာ တယူသန်စွဲယုံကြည်မှုတွေကို လက်ခံဖို့ သူတို့ကို ဖိအားပေးရာရောက်တဲ့အပြင် ကလေးတွေအပေါ် မကျေမနပ်ဖြစ်နေကြောင်း အတည်ပြုလိုက်တာလည်းဖြစ်ပါတယ်။ ဒီလိုလုပ်မယ့်အစား သင့်ရဲ့ မိဘအုပ်ထိန်းမှုဆုံးဖြတ်ချက်တွေဟာ ကျိုးကြောင်းဆီလျော်မှုအပေါ်မှာပဲ အခြေခံပါစေ။

၄။ ”ပါးစပ်ပိတ်ထား”
ကလေးတွေဟာ ” Shut Up” ဆိုတဲ့ စကားလုံးကို ရိုင်းစိုင်းကြမ်းတမ်းတဲ့စကားလုံးအဖြစ် သင်ယူခဲ့ကြတယ်။ တကယ်လို့ သင်က အရမ်းပင်ပန်းနေတယ်၊ စိတ်သောကရောက်နေတယ်။ ဒီအချိန်မှာ သင့်ကလေးဟာ Justin Bieber ရဲ့ သီချင်းကို တစ်ချိန်လုံးဖွင့်ထားတယ်။ လိုက်ဆိုနေတယ်။ ဒါဟာ တကယ်ကို စိတ်ပျက်စရာပါပဲ။ သင့်အနေနဲ့ ”Shut Up” လို့ပြောလိုက်မလား။ ဒါမှမဟုတ် ”သား… မေမေ ဒီနေ့အရမ်းပင်ပန်းလာတယ်၊ ခုချိန်တိတ်တိတ်ဆိတ်ဆိတ်နေရတာဟာ အမေ့အတွက် အဖိုးမဖြတ်နိုင်တဲ့ အချိန်ကာလမို့ပါ” လို့ ပြောမလား။
Chit_May_May
Nyein_Thu
Ref- themindjournal