ကျွန်မတို့ရဲ့ ကလေးတွေကို မပြုလုပ်သင့်တဲ့ မိဘအုပ်ထိန်းမှုအမှား (၁၀) ခု

0
625
- Advertisement -

မိဘတစ်ဦးဖြစ်ရခြင်းဟာ အလုပ်တွေအားလုံးထဲက အပြင်းထန်ဆုံးအလုပ်လို့ မကြာခဏပြောလေ့ရှိကြပြီး ဘယ်လိုအလုပ်တွေမဆို အမှားအယွင်းတွေရှိနေနိုင်ပါတယ်။ ကျွန်မတို့အားလုံးဟာ အမှားတွေလုပ်တတ်ကြပေမယ့်လည်း မိဘအုပ်ထိန်းမှုနှင့် ပတ်သက်ပြီး အမှားအယွင်းတွေဖြစ်လာတဲ့အခါ အလျော်အစားတွေဟာ မြင့်မားလွန်းပါတယ်။ ကျွန်မတို့ရဲ့ မှားယွင်းသောပြုစုပျိုးထောင်မှုတွေဟာ ကျွန်မတို့ကလေးတွေ ကြီးပြင်းလာတဲ့အခါ ဆိုးကျိုးတွေမြောက်များစွာ သက်ရောက်စေနိုင်ပါတယ်။ ကံကောင်းတာတစ်ခုက မိသားစုစိတ်ပညာရှင်တွေက ဒီလိုမှားယွင်းတဲ့ ပြုစုပျိုးထောင်နည်းတွေကို ချပြခဲ့ကြပါတယ်။

၁။ သင့်ကလေးကို ဆုံးဖြတ်ချက် မချစေခြင်း

ဆုံးဖြတ်ချက်ချဖို့ သင့်ကလေးအတွက် နေရာပေးခြင်းဟာ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ comfort ဖြစ်စေဖို့ အလွန်အရေးကြီးတဲ့ ကိစ္စတစ်ခုပါ။ ကျွန်မတို့ရဲ့ ကိုယ်ပိုင်ဘဝကို မထိန်းချုပ်နိုင်တဲ့အခါ ကျွန်မတို့ဟာ စိတ်ဖိစီးမှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေကို ခံစားရနိုင်ပါတယ်။ သင့်ကလေးကို မလိုအပ်တဲ့အကြံဉာဏ်တွေကို အတင်းပေးဖို့ မကြိုးစားပါနဲ့။ သူတို့ရဲ့ ရွေးချယ်မှုတွေကို ကန့်သတ်မထားပါနဲ့။ အဲဒီ့အစား သူတို့ကိုကိုယ်ပိုင်ဆုံးဖြတ်ချက် ချတတ်စေဖို့ တိုက်တွန်းပါ။ သင့်လမ်းညွှန်မှုတွေ လိုအပ်တဲ့အခါ သင့်ကလေးအနားမှာပဲ နေပေးပါ။

- Advertisement -

၂။ ဝေဖန်ခြင်းနှင့် နှိုင်းယှဉ်ခြင်း

ဝေဖန်လွန်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဟာ သင့်ကလေးရဲ့ ကိုယ့်ကိုယ်ကိုယ်လေးစားမှုကို အကြီးအကျယ်ထိခိုက်စေနိုင်ပါတယ်။ မိဘတွေရဲ့ ”မင်း ဘာကြောင့် ဒီလိုဖြစ်ရတာလဲ” ”ဘာလို့ တစ်ခြားသူတွေလောက်တောင် အသုံးမကျဖြစ်နေရတာလဲ” ”ဘာလို့ ဒီလိုတွေ ဖြစ်နေရတာလဲ” စတဲ့စကားစုတွေဟာ အကြိမ်ကြိမ်ကြားရတဲ့အခါ စိတ်ခံစားမှုတွေ ပြန်လည်ကျန်းမာနိုင်ဖို့ အချိန်တွေအများကြီးယူရတယ်လို့ စိတ်ပညာရှင်တွေဟာ သတိပေးခဲ့ကြပါတယ်။

၃။ သူတို့ကို အမှားမလုပ်စေခြင်း

ကျွန်မတို့ဟာ အမှားတွေလုပ်ပြီးမှာ သင်ခန်းစာတွေကို သင်ယူကြရတာဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ကလေးတွေကို အမှားတွေကနေ ကာကွယ်ဖို့ ကြိုးစားတဲ့အခါ သူတို့ရဲ့ ရွေးချယ်မှုနှင့် လုပ်ရပ်တွေရဲ့ အကျိုးဆက်တွေကို မျက်နှာချင်းဆိုင်တတ်ဖို့ အခွင့်အရေးတွေကို လုယူနေခြင်းဖြစ်ပါတယ်။ ဒါကြောင့် နောက်တစ်ကြိမ် သင့်ကလေးကို ပျက်စီးမှုတွေကနေ ကာကွယ်ချင်တယ်ဆိုရင် အဲဒီ့အရာတွေကနေ သင့်ကလေးကို သင်ပေးနိုင်တဲ့ ကောင်းတဲ့အရာတွေကို စဉ်းစားကြည့်ပါ။

၄။ နားထောင်တာထက် ပြောခြင်း

နားထောင်ခြင်းဟာ မိဘတစ်ယောက်အနေနဲ့ လုပ်နိုင်သမျှထဲမှာ အကောင်းဆုံးနဲ့ အရေးကြီးဆုံး skill တစ်ခုဖြစ်ပါတယ်။ တစ်ခါတရံမှာ ကျွန်မတို့ဟာ နားထောင်ရမယ့်အစား တစ်ခုခုဖြစ်သွားတဲ့အခါ သင်ခန်းစာတစ်ခုခုသင်ပေးဖို့ ကမန်းကတန်းကြိုးစားကြပါတယ်။ ကလေးတွေရဲ့ စကားကို နားထောင်ခြင်းဟာ သင့်ကလေးအတွက် ချစ်မြတ်နိုးခြင်းနှင့် ထောက်ပံ့ပေးခြင်းရဲ့ လက္ခဏာဖြစ်ပါတယ်။ သူတို့ရဲ့ပြဿနာအကြောင်း သင်ပိုသိချင်တဲ့အခါ ”ဘာဖြစ်တာလဲ” ”ဘယ်လိုဖြစ်တာလဲ” လို့ မေးရမယ့်အစား ”ဘာကြောင့် ဒီလိုဖြစ်ရတာလဲ” ဆိုတာမျိုး မေးတတ်ကြပါတယ်။ တကယ်တော့ ပြဿနာရဲ့ အဖြေကို ရှာဖွေဖို့ သင်တို့အတူတူ စဉ်းစားသင့်ပါတယ်။

၅။ သူတို့ရဲ့ အိမ်မှုကိစ္စတာဝန်တွေကို မလုပ်စေခြင်း

တစ်ချို့မိဘတွေဟာ အိမ်မှုကိစ္စလေးတွေနှင့် တစ်ချို့သူတို့တတ်နိုင်တဲ့ ကိုယ်ရေးကိုယ်တာအိမ်အလုပ်လေးတွေကို မလုပ်စေဘဲ သူတို့ကလေးတွေရဲ့ ကလေးဘဝဟာ ပျော်ရွှင်ဖို့သီးသန့်ဖြစ်သင့်တယ်လို့ ခံယူခဲ့ကြပါတယ်။ လက်တွေ့မှာတော့ သင့်ကလေးတွေဟာ သူတို့အသက်အရွယ်အလိုက် သင့်လျော်တဲ့ လုပ်ငန်းလေးတွေကို လုပ်တတ်ဖို့ တွန်းအားပေးခြင်းဟာ သူတို့ကို တာဝန်သိတတ်သူတွေဖြစ်စေတယ်လို့ ကျွမ်းကျင်သူတွေက ပြောခဲ့ကြပါတယ်။

၆။ သင်ကြားရေးပြဿနာတွေကို သင်အမြင်နဲ့ ဆုံးဖြတ်ခြင်း

ကျောင်းမှာ အဆင့်ကျလာခြင်း နှင့် တစ်ခြားအပြုအမူဆိုင်ရာ ပြဿနာတွေဟာ သင့်ကလေးရဲ့ ပျင်းရိခြင်း (သို့) စိတ်ဓာတ်တက်ကြွမှုကင်းမဲ့ခြင်းတွေကြောင့်ချည်းသက်သက် မဟုတ်ပါဘူး။ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးရဲ့ စီမံခန့်ခွဲမှု (သို့) မှတ်ဉာဏ် တွေနဲ့ တစ်ခြားလုပ်ငန်းဆောင်တာပြဿနာတွေဟာ သင်ကြားရေးပြဿာနာတစ်ခုရှိနေနိုင်တာဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သူတို့ကို လျစ်လျူမရှုသင့်ပါဘူး။

၇။ ပြီးပြည့်စုံဖို့ မျှော်လင့်ခြင်း

မိဘတွေဟာ သူတို့ရဲ့ ကလေးတွေအပေါ်မှာ အကောင်းဆုံးတွေမျှော်လင့်ခြင်းဟာ ပုံမှန်ဖြစ်ပေမယ့်လည်း အလွန်အမင်းမျှော်လင့်ခြင်းကတော့ ပြဿနာတွေဖြစ်စေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။ ပထမဆုံးအနေနဲ့ ကျွန်မတို့နားလည်ဖို့လိုအပ်တာက ကျွန်မတို့ကလေးတွေဟာ သူတို့လုပ်သမျှအရာရာတိုင်းမှာ အကောင်းဆုံးတွေချည်းပဲ လုပ်နိုင်မှာမဟုတ်ဘူးဆိုတာပါပဲ။ ဒုတိယတစ်ချက်အနေနဲ့တော့ သူတို့ကို တစ်ခြားသူတွေထက် ပိုကောင်းအောင် တွန်းအားပေးနေမယ့်အစား သူတို့ရဲ့ အောင်မြင်မှုတွေကို အာရုံစိုက်ပြီး သူတို့ရဲ့ skills တွေကို ပိုတိုးတက်လာအောင် ကူညီသင့်ပါတယ်။

၈။ ပါတနာကြောင့် ကလေးကိုအစားထိုးခြင်း

တစ်ချို့မိဘတွေဟာ သူတို့ရဲ့ ပါတနာအပေါ် မကျေနပ်ချက်တွေကြောင့် ကလေးအပေါ် ပိုနွေးထွေးပြခြင်း (သို့) လျစ်လျူရှုခြင်းတွေ ပြုလုပ်တတ်ပါတယ်။ တကယ့်လက်တွေ့မှာတော့ ဒီလိုလုပ်တာက ပိုပြီး ပြဿနာဖြစ်စေပါတယ်။ ဒါကြောင့် သင့်ကလေးကို မိဘနှစ်ဦးအကြား သဘောတူညီမှုရရှိဖို့ တိုက်တွန်းရမယ့်အစား သင်နဲ့ သင့်ပါတနာအကြား နားလည်မှုရစေဖို့ တစ်ဦးနဲ့ တစ်ဦး ညှိနှိုင်းဆွေးနွေးသင့်ပါတယ်။

၉။ သူတို့အတွက် အရာအားလုံးကို လုပ်ပေးခြင်း

ကျွန်မတို့ရဲ့ ကလေးတွေကို သူတို့ရဲ့ ကိုယ်ပိုင်အလုပ်လေးတွေ ကိုယ်တိုင်လုပ်စေခြင်းက လူကြီးဘဝအတွက် အမှီအခိုကင်းခြင်းနှင့် ဆုံးဖြတ်ချနိုင်ခြင်း (သို့) တိကျပြတ်သားသောလူကြီးတစ်ယောက်ဖြစ်လာစေဖို့ သဲလွန်စတစ်ခုဖြစ်ပါတယ်။ သင်ဟာ မိဘတစ်ယောက်အနေနဲ့ သင့်ကလေးတွေအတွက် အရာအားလုံးလိုက်လုပ်ပေးနေမိတယ်လို့ ထင်တယ်ဆိုရင် ဒီနည်းလမ်းလေးတွေ သုံးကြည့်ပါ။

  • တစ်ပတ်အတွင်း သင့်ကလေးအတွက် လုပ်ပေးမိသမျှ အရာအားလုံးကို ချရေးပါ
  • တစ်ပတ်အဆုံးမှာ စာရင်းကို ပြန်ကြည့်ပါ။ သူတို့လုပ်နိုင်တဲ့အရာတွေ၊ သင်လက်လွှတ်နိုင်တဲ့အရာတွေကို မလုပ်ပေးပါနဲ့တော့။
  • သင့်ကလေး တစ်စိတ်တစ်ပိုင်းလောက်ပဲ လုပ်နိုင်တဲ့အရာတွေကို ဝိုင်းဝန်ကူညီပြီး လုပ်ပေးပါ
  • လုံးဝမလုပ်နိုင်သေးတဲ့အရာတွေကို သင်ကိုယ်တိုင်လုပ်ပါ။

၁၀။ ငါလုပ်သလို မလုပ်နဲ့၊ ငါပြောသလိုလုပ်

ကျွန်မတို့ဟာ လိမ်ပြောတာတွေ၊ တစ်ခြားသူတွေကို အပြစ်တင်တာတွေကို မလုပ်ဖို့ ကျွန်မတို့ကလေးတွေကို သင်ကြားနေရင်း တစ်ဖက်မှာတော့ ကျွန်မတို့ကိုယ်တိုင်လုပ်နေကြပါတယ်။ ကျွန်မတို့အားလုံးဟာ အပြစ်ကင်းစင်သူတွေ မဟုတ်ကြပါဘူး။ စိတ်ပညာရှင် Sean Grover က သင့်ကလေးတွေဟာ သင့်စကားလုံးတွေထက် သင့်အပြုအမူတွေကို ပိုအတုယူကြပါတယ်တဲ့။ ဒါ့ကြောင့် သင့်ကလေးအတွက် စံပြဖြစ်ဖို့ ကြိုးစားပြီး သင်အမှားတွေကို ဝန်ခံဖို့ လုံလောက်သောသတ္တိရှိပါ။

Lifestyle_Myanmar

Nyein_Thu

Ref- brightsideme

LEAVE A REPLY

Please enter your comment!
Please enter your name here