ကျွန်မတို့ရဲ့ ၂နှစ်အောက် ကလေးတွေကို မျှဝေဖို့ သင်ကြားမပေးသင့်သေးတဲ့ အကြောင်းရင်း

0
83
- Advertisement -

ကျွန်မတို့ သင်ကြားပေးတဲ့ “မျှဝေခြင်းက ဂရုစိုက်ခြင်းပဲ”လို့ ကျွန်မတို့ သားသမီးတွေကို နားလည်စေချင်ကြတာပါ။ သို့သော် တစ်ခါတစ်ရံမှာ သင့်ကလေးဟာ အလိုမကျ မဖြစ်ဘဲ သူတို့အရုပ်ကို တခြားကလေးနဲ့ မျှဝေပြီး ကစားဖို့ဆိုတာ ခဲယဉ်းပါတယ်။ ဒါ့ကြောင့် မျှဝေဖို့ သင်ပေးခြင်းမှာ အသက်အရွယ်က အရေးကြီးပါတယ်။ သူတို့နားလည်နိုင်တဲ့ အရွယ်ရောက်မှ သင်ကြားပေးတာက ပိုကောင်းပါတယ်။ စောလွန်းပါက သင်ကြားရေးအောင်မြင်မှုက ကျရှုံးသွားနိုင််ပါတယ်။

  • မျှဝေခြင်းဆိုတဲ့ အဓိပ္ပာယ်ကို ၂နှစ်အောက် ကလေးတွေ နားမလည်သေးပါဘူး

Toddler (၂နှစ်အောက်ကလေး) ဆိုတာ မျှဝေခြင်းသဘောတရားကို နားလည်ဖို့ ငယ်လွန်းလှပါတယ်။ ထို့ကြောင့် သူတို့ရဲ့ ကစားစရာကို အခြားကလေးတစ်ယောက်နဲ့ မျှဝေသင့်ကြောင်း ရှင်းပြဖို့ ကြိုးစားလို့မရပါဘူး။ သူတို့လည်း ပေးချင်မှာမဟုတ်သလို အဲ့ချိန်သွားသင်ပေးလို့လည်း အလကားပါပဲ။ မျှဝေခြင်းနှင့် ဂရုစိက်တတ်မှုက ဘယ်လိုချိတ်ဆက်ထားသလဲဆိုတာ နားလည်ဖို့နဲ့ အခြားသူတွေနဲ့ မျှဝေခြင်းကို နားလည်နိုင်ဖို့ ကလေးနည်းနည်းကြီးလာတဲ့အထိ စောင့်ဆိုင်းဖို့ လိုပါတယ်။

  • အရာဝတ္တုတွေကို ပိုင်ဆိုင်ခြင်းက ပင်ကိုသိစိတ်ကို တည်ဆောက်ပေးပါတယ်

၂နှစ်အောက်ကလေးတွေအနေနဲ့ ခွဲဝေခြင်းသဘောတရားကို နားမလည်သော အကြောင်းပြချက်တစ်ခုက သူတို့ဟာ သီးခြားလူတစ်ယောက်အဖြစ် မိမိကိုယ်ကို ယူဆမှု မရှိသေးတာကြောင့် ဖြစ်ပါတယ်။ သူတို့မှာသာ အရုပ်တွေရှိတယ်၊ အခြားဘယ်သူ့ကိုမှ မပေးနိုင်ဘူးလို့ နားလည်ထားပါတယ်။ သူတို့ တစ်ခုခုကို သဘောကျတဲ့အခါ သူတို့သာ ပိုင်ဆိုင်ရမယ်လို့ ဆုံးဖြတ်ပါတယ်။ သူတို့တစ်ကိုယ်ကောင်းဆန်တာ မဟုတ်ပါဘူး၊ ကလေးငယ်တွေဟာ ဒီအရာတွေက သူတို့သာ ပိုင်ဆိုင်တာမဟုတ်၊ တခြားလူတွေလည်း ပိုင်ဆိုင်နိုင်ကြောင်း သူတို့အသက်အရွယ်မှာ နားမလည်သေးပါဘူး။

- Advertisement -
  • မျှဝေခြင်းအဓိပ္ပာယ်ကို သူတို့အရုပ်တွေ ထာဝရပေးရလိမ့်မယ်လို့ ထင်ကြပါတယ်

ဒီကိစ္စကို ရှုပ်ထွေးစေတဲ့ နောက်အချက်တစ်ခုက အချိန်ရဲ့ အယူအဆပင်ဖြစ်ပါတယ် ။ မိဘတစ်ယောက်က အခြားကလေးတစ်ဦးကို သူတို့ကလေးရဲ့ ကစားစရာတွေနဲ့ ခဏတဖြုတ် ကစားခွင့်ပြုဖို့ သဘောတူညီချက်ယူစရာ မဟုတ်ဘူးလို့ တွေးနေစဉ်မှာ ကလေးဟာ ကစားစရာကို စွန့်လွှတ်လိုက်ရတယ်လို့ မြင်ပါလိမ့်မယ်။ ပြန်ရနိုင်မယ်လို့ တွေးတတ်မှာ မဟုတ်ပါဘူး။ သူတို့ကို တစ်ယောက်တစ်လှည့်ကစားဖို့ ပြောရင်လည်း နားလည်နိုင်စွမ်း မရှိပါဘူး။

  • သူတို့ရဲ့ စိတ်လိုက်မာန်ပါမှုကို မထိန်းချုပ်နိုင်ပါဘူး

ကလေးငယ်လေးတွေဟာ သူတို့ရဲ့စိတ်လိုက်မာန်ပါမှုကို ထိန်းချုပ်ဖို့ ခက်ခဲပါတယ်။ ထို့ကြောင့် သူတို့တစ်စုံတစ်ခု လိုချင်ရင် သူတို့ဟာသာ ဖြစ်ချင်ကြပါတယ်။ သူတို့ကို ဖျောင်းဖျနိုင်မယ့် စကားလုံးမရှိပါဘူး။

  • မျှဝေခြင်းက လုပ်သင့်လုပ်ထိုက်တယ်ဆိုတာကို သင့်ကလေးအား ဒီနည်းဖြင့် အကြံပြုနိုင်ပါတယ်။

ရံဖန်ရံခါ သင့်ကလေးငယ်ဟာ သင်နဲ့အတူ တစ်စုံတစ်ခု မျှဝေကောင်းမျှဝေနိုင်ပါတယ်။( ဥပမာ- သူတို့စားနေတဲ့ မုန့်ကို ကျွေးတာမျိုးဖြစ်ပါတယ်) သို့သော် ဒါက မျှဝေခြင်းကို သတိပြုမိတဲ့ လုပ်ရပ်မဟုတ်ဘဲ စူးစမ်းခြင်းနဲ့ စမ်းသပ်ခြင်းတို့သာဖြစ်ပါတယ်။ အဲဒီလိုဖြစ်ခဲ့ရင် ကလေးတွေကို ဝေမျှရတာ ကောင်းတယ်ဆိုတာကို ပြသပြီး ပြန်လည်ဝေမျှနိုင်ပါတယ်။ ဒီအခြေအနေတွေက သဘာဝကျကျဖြစ်ခဲ့ရင် သူတို့ကို သင်ကြားရေးအခွင့်အလမ်းတစ်ခုအဖြစ် အသုံးပြုနိုင်ပါတယ်။

တစ်စုံတစ်ယောက်က သင့်ကလေးရဲ့အရုပ်ကို ယူရင် သင့်ကလေးကို နားလည်ပေးဖို့ အရေးကြီးပါတယ်။ သင့်ကလေးအား သူတို့ရဲ့ စိတ်ခံစားမှုတွေကို ဖော်ပြနိုင်ပြီး သူတို့အရုပ်ကို တစ်စုံတစ်ယောက်ယူတဲ့အခါ သူတို့မကြိုက်တာ နားလည်ကြောင်း အလေးအနက်ပြောပေးပါ။

သင့်ကလေးအား သူတို့ရဲ့ ကစားစရာကို အခြားသူတစ်ယောက်ယောက်အားမျှဝေဖို့ အတင်းတိုက်တွန်းပါက ထိုစကားလုံးကို မကောင်းတဲ့အရာတစ်ခုအဖြစ် မြင်လာနိုင်ပြီး တစ်ကိုယ်ကောင်းဆန်တဲ့ကာလက ရှည်ကြာသွားပါလိမ့်မယ်။ အချိန်ကျလာတာနဲ့အမျှ သင့်ကလေးဟာ ကမ္ဘာကြီးကို ပိုမိုနားလည်လာပါလိမ့်မယ်၊ အခြားသူတွေကို ပျော်ရွှင်စေတာ သူတို့မြင်တွေ့တာကြောင့် မျှဝေရတာ ကြိုက်ဖို့တောင် သင်ယူပါလိမ့်မယ်။

Chit_MayMay

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here