ကျွန်မတို့ဟာ ကလေးတွေလိုချင်တာအားလုံးကို ဘာကြောင့် မပေးသင့်တာလဲ?

0
71
- Advertisement -

သင့်ရဲ့ ကလေးတွေကို သူတို့လိုချင်တာတွေအားလုံးကို ဝယ်ပေးနေမိသလား? သူတို့လုပ်ချင်တာအားလုံးကို လုပ်ခွင့်ပေးနေသလား? ဒီလိုဆိုရင် သင့်အနေနဲ့ သူတို့ကို အလွန်အကျွံဖျက်ဆီးမိနေတာဖြစ်နိုင်ပါတယ်။

ကလေးတွေကို သူတိုလိုချင်တာမှန်သမျှကို ပေးခြင်းက သင်ထင်ထားတာထက် သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ် သက်ရောက်မှုတွေများစွာရှိပါတယ်။ ‘သမီး ရေမချိုးချင်ဘူး’ ၊ ‘သား နေ့လည်ကျရင် တီဗွီဂိမ်းဆော့ချင်တယ်’ ဒီလိုတွေပြောရုံမကဘဲ ဝုန်းဒိုင်းကြဲပြတာတွေ၊ တစ်ခြားသူတွေရှိ့မှာ ပြဿနာလုပ်တာမျိုးတွေနဲ့ တောင်းဆိုပါလိမ့်မယ်။ တစ်ဆက်တည်းမှာပဲ မေမေတို့က ခွင့်ပြုမယ်ဆိုရင် သူတို့ကြိုးစားအားထုတ်မှုမပါဘဲ သူတို့တောင်းသမျှကို ရနိုင်တယ်လို့ စဉ်းစားမိနိုင်ပါတယ်။

သူတို့ဟာ တစ်ကိုယ်ကောင်းဆန်ပြီး အာဏာရှင်အသေးစားလေးတွေဖြစ်ပါလိမ့်မယ်။ မေမေတို့အနေနဲ့ ကလေးရဲ့ မျက်နှာမှာ တစ်သက်လုံးအပြုံးတွေကိုပဲ မြင်ချင်တယ်ဆိုရင် မေမေတို့လုပ်နိုင်တဲ့အကောင်းဆုံးအရာက သူတို့ကို ကောင်းကောင်းပြုစုပျိုးထောင်နိုင်ဖို့ ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ တန်ဖိုးရှိတွေပိုင်ဆိုင်ထားတဲ့ အောင်မြင်သူတွေဖြစ်လာစေဖို့ သူတို့ကို ကူညီပါ။

စိတ်ပျက်ခြင်းဆိုတာ ဘဝမှာ အရေးကြီးတဲ့လိုအပ်သော စိတ်လှုပ်ရှားမှုတစ်ခုဖြစ်ပြီး အနာဂတ်မှာ ဖြစ်နိုင်သောစိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်စေပါတယ်။ ဒါ့ကြောင့်လည်း မေမေတို့အနေနဲ့ လိုချင်သမျှ လိုက်လုပ်ပေး/ ဝယ်ပေးနေမယ်ဆိုရင် ကလေးဟာ ဒီခံစားချက်ကို ခံစားဖူးမှာမဟုတ်ပါဘ။ ဒါ့အပြင် မိဘတွေဟာ အစေခံတွေဖြစ်လာပြီး အမြဲတမ်းပေးနေဖို့ပဲ ကြိုးစားကြပါလိမ့်မယ်။

ကလေးတွေဟာလည်း မိဘတွေအနေနဲ့ လိုက်နာဖို့လိုအပ်တယ်လို့ အမြဲတွေးနေပါလိမ့်မယ်။ သူတို့ဟာ ငွေရှာဖို့တာဝန်မရှိဘူး၊ အိမ်အလုပ်တွေ ကူလုပ်ဖို့ မလိုအပ်ဘူး…စသဖြင့် ဝတ္တရားလေးကို နားမလည်ဘဲ သူတို့သည်သာ အာဏာရှင်ဘုရင်ဖြစ်လာပါလိမ့်မယ်။

နောက်ဆုံးအနေနဲ့ ဒီကလေးတွေဟာ တစ်ကိုယ်ကောင်းဆန်သူ၊ အနိုင်ကျင့်သူ၊ ရန်လိုသူဖြစ်ပြီး ကြိုးစားအားထုတ်မှုရဲ့ တန်ဖိုးကို နားမလည်သူတွေဖြစ်လာပါလိမ့်မယ်။ သင်ကိုယ်တိုင်က သင့်ကလေးကို အဲ့လိုလူတစ်ယောက်အဖြစ် လိုချင်ပါသလား?

အသက်ကြီးလာတာနဲ့အမျှ သူတို့ရဲ့ တောင်းဆိုမှုတွေဟာလည်း ပိုပြီးရှုပ်ထွေးလာပါလိမ့်မယ်။ နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့…

သည်းမခံတတ်ခြင်း – အထူးသဖြင့် ကလေးရဲ့ အသက် (၂) နှစ်ကနေ (၄) နှစ်အကြား သူတို့လိုချင်တာတွေ မရတဲ့အခါ စိတ်ပျက်ခြင်းတွေကို ခံစားကြရပါတယ်။ ၎င်းက သင်ယူခြင်းရဲ့ အရေးကြီးတဲ့ တန်ဖိုးမဖြတ်နိုင်သော အစိတ်အပိုင်းဖြစ်ပါတယ်။ ကလေးကို ပျက်စီးစေချင်တယ်ဆိုရင်တော့ စိတ်ပျက်ခြင်းတွေကို မခံစားစေဘဲ လိုချင်တာပေးပါ။ နောက်ဆက်တွြက သူတို့လိုချင်တာရဖို့ ဘယ်လိုအားထုတ်ရမယ်ဆိုတာ သူတို့မသိတော့ပါဘူး။ ရေရှည်မှာ လူ့အဖွဲ့အစည်းမှာ ဘယ်လိုရှင်သန်လည်ပတ်ရမယ်ဆိုတာ မသိကြတော့ပါ။

စိတ်ကျခြင်း – ကလေးတွေကြီးပြင်းလာတာနဲ့အမျှ သူတို့ရဲ့ တောင်းဆိုချက်တွေကလည်း များပြားလာပါတယ်။ သူတို့လိုချင်တာတွေကို မရဘူးဆိုရင် သူတို့ရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်လို့ကို မရနိုင်တော့ဘဲ ရန်လိုတာတွေဖြစ်လာပါတယ်။ သူတို့မြီးကောင်ပေါက်အရွယ်ရောက်လာတဲ့အခါ ဒီအချက်က စိတ်ဓာတ်ကျစေပါတယ်။

ဝုန်းဒိုင်းကြဲခြင်း (သို့) စိတ်ဆိုးစိတ်ကောက်ခြင်း – အထူးသဖြင့် ဒီနေရာမှာ ကလေးတွေကို ခြိမ်းခြောက်ခြင်းမပြုလုပ်တာက ပိုအဆင်ပြေပါလိမ့်မယ်။ အဲ့ဒီ့အစား သူတို့ကို ဂရုစိုက်ပါ။ တည်ငြိမ်ပြီး ရုပ်ပိုင်းဆိုင်အကွာအဝေးကို ထိန်းသိမ်းထားပါ။ သူတို့အပြုအမူနဲ့ ပတ်သက်ပြီး သင်စိတ်ဆိုးနေကြောင်းတော့ သူတို့သိပါစေ။ သူတို့ရဲ့ အပြုအမူဟာ အဆင်မပြေကြောင်း သူတို့သတိထားမိစေပါ။

ပျက်စီးယိုယွင်းနေသော ကလေးတွေကို မွေးမြူမိစေခြင်းက ရှောင်ရှားဖို့

အရာအားလုံးကို ‘Yes’ လို့ ပြောခြင်းကို ရပ်လိုက်ပါ။ မလိုအပ်တဲ့ တောင်းဆိုမှုတွေပြုလုပ်တဲ့အခါ အသက်အရွယ်နှင့် လိုက်လျောညီထွေသော လှုပ်ရှားမှုတွေနဲ့ ဘယ်လိုရယူရတယ်ဆိုတာမျိုး ပြောပြပါ။ တကယ်လို့ ‘no’ လို့ ပြောတတ်ဖို့ သင်ယူခြင်းကလည်း ကျန်းမာသော ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူများစွာပြုပါလိမ့်မယ်။

Chit_May_May

Nyein_Thu

Ref-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here