ကျွန်မတို့ မိခင်တွေဟာ တကယ့်ဟီးရိုးတွေဖြစ်ကြောင်း သက်သေပြနေတဲ့ အရာ (၁၂)ခု

0
137
- Advertisement -

ကမ္ဘာပေါ်မှာ မိခင် ၂ဘီလီယံကျော်ရှိတယ်လို့ သိရပါတယ်။ သူတို့အားလုံးမှာ တူညီတဲ့ အရာတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ သားသမီးတွေကို ချစ်တာပါပဲ။ သူတို့က သူရဲကောင်းတွေပါ။ သူတို့က ကျွန်မတို့အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံခဲ့ကြသူတွေပါ။ မိခင်တိုင်းမှာ သူတို့လုပ်သမျှအားလုံးအတွက် စူပါပါဝါတွေ ရှိတယ်လို့ ကျွန်မတို့ တကယ်ယုံကြည်ပါတယ်။ ဒါ့ကြောင့် ကျွန်မတို့တွေအတွက် မိခင်တွေ လုပ်ပေးခဲ့သမျှ ကြိုးစားအားထုတ်မှုတွေကို သတိရနေစေဖို့ မျှဝေပေးလိုက်ပါတယ်။

၁။ အမေတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ လိုအပ်နေရင်တောင် ဘယ်မိသားစုဝင်ကိုမဆို ပြုစုစောင့်ရှောက်နိုင်ပါတယ်

၂။ သူမရဲ့ ခန္ဓာကိုယ် ပြောင်းလဲနေတာတွေအတွက် ကျွန်မတို့ကို အပြစ်မတင်ပါဘူး

- Advertisement -

၃။ ကျွန်မတို့ အိပ်နိုင်ဖို့ အမေဟာ သူကိုယ်တိုင် ကောင်းကောင်းအိပ်စက်ဖို့ မေ့နေတတ်ပါတယ်။

၄။ ကျွန်မတို့ ဗိုက်မဆာအောင် သူမရဲ့ တီထွင်ဖန်တီးမှုအားလုံးကို အသုံးပြုပါတယ်

၅။ သူမဘာတွေပဲ လုပ်နေပါစေ သားသမီးအသံကြားရင် အပြေးရောက်လာတတ်ပါတယ်

၆။ ညဘက်မှာတောင် သူမဟာ ကျွန်မတို့ကို ကူညီဖို့ အမြဲရှိနေပါတယ်

၇။ မိခင်တစ်ယောက်ဟာ ကျွန်မတို့ရဲ့ ရွေးချယ်မှုကို အမြဲလက်ခံပါတယ်

၈။ ကျွန်မတို့ကို ပျော်ရွင်အောင် သူမရဲ့ လိုအပ်ချက်တွေကို စွန့်လွှတ်ပေးပါတယ်

၉။ ကျွန်မတို့ရဲ့ ပစ္စည်းပစ္စယတွေကို ရှာဖွေနိုင်တဲ့ သူမရဲ့ စူပါပါဝါက လက်ဖျားခါလောက်ပါတယ်

၁၀။ အမေဟာ ကျွန်မတို့ရဲ့ တမူထူးတဲ့အပြုအမှုတွေကို လက်ခံပြီး ကိုယ်ကိုယ်ကို ဖော်ပြခွင့်ပေးပါတယ်

၁၁။ သူမဟာ သည်းခံစိတ်ပြည့်ဝပြီး အမြဲတမ်း ကျွန်မတို့အတွက် စောင့်ဆိုင်းနိုင်ပါတယ်

၁၂။ ကလေးမွေးရတာဟာ ဘယ်လိုဒုက္ခရောက်ကြောင်း သိပေမယ့်လည်း သတ္တိရှိရှိ ထပ်ရင်ဆိုင်နိုင်ပါတယ်။

Chit_MayMay

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here