သင်ငယ်စဥ်ကလေးဘဝမှာ အရုပ်တွေလုံးဝမရှိဘဲ ကြီးပြင်းလာခဲ့ရတယ်လို့ စိတ်ကူးကြည့်နိုင်ပါသလား။ မဖြစ်နိုင်ဘူးဆိုတာ သေချာပါတယ်။ ငယ်ငယ် ကြီးကြီး ကလေးတွေအားလုံးဟာ အိမ်ထဲမှာဖြစ်ဖြစ် အိမ်ပြင်မှာဖြစ်ဖြစ် အရုပ်တွေနဲ့ ကစားရတာကို အင်မတန်သဘောကျကြပါတယ်။ ကစားစရာတွေဟာ ရွေ့လျားနိုင်မှုစွမ်းရည်ကို စမ်းသပ်နိုင်ပြီး အမြင်၊ အကြား၊ အတွေ့အထိတွေကို အစပျိုးပေးကာ အာရုံစူးစိုက်အားကိုလည်း ကောင်းစေပါတယ်။ ဒီလိုအကျိုးကျေးဇူးတွေရှိတယ်ဆိုတာ သိပြီးပြီဆိုရင် နောက်ထပ်မေးရမယ့်မေးခွန်းကတော့ သူတို့အတွက် သင့်တော်မယ့်ကစားစရာတွေကို ဘယ်လိုရွေးရမလဲဆိုတာပါပဲ။

မှန်ကန်သင့်တော်တဲ့ ကစားစရာတွေကို ရွေးချယ်ပေးခြင်းက ကလေးငယ်တွေဆီမှာ အရေးကြီးတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ဝေဖန်ပိုင်းခြားနိုင်စွမ်းရည်တို့ကို ဖွံ့ဖြိုးစေရန် အထောက်အကူပြုပြီး တစ်ချိန်တည်းမှာပဲ ပျော်ရွှင်မှုကိုလည်း ပေးစွမ်းမှာဖြစ်ပါတယ်။ ဒါကြောင့် သူတို့လေးတွေရဲ့ ပင်ကိုအရည်အသွေးတွေ၊ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်တွေကို ချဲ့ထွင်နေချိန်မှာ သင်ရွေးပေးတဲ့ကစားစရာတွေက သက်ရောက်မှုရှိနေတာဖြစ်ပါတယ်။

ယနေ့အချိန်မှာ လူကြီးတွေသာ စမတ်ဖုန်းတွေကို စွဲနေကြတာမဟုတ်ပါဘူး။ ငယ်ရွယ်တဲ့ကလေးတွေဟာလည်း ခေတ်ပေါ် စမတ်ဖုန်းတွေ၊ တက်ဘလက်တွေကို သုံးရင်း၊ ဆော့ကစားရင်းနဲ့ အချိန်ကုန်၊ အလုပ်တွေရှုပ်ပြီး မျက်လုံးတွေထိခိုက်လာတာဖြစ်ပါတယ်။ ဒါကြောင့် ဆရာဝန်တွေက တစ်နေ့လျှင် ၁ နာရီသာ ပေးသုံးဖို့ အကြံပြုထားကြတာပါ။ ထိုအစား ပဟေဠိဆက်မယ်၊ အရောင်စုံတုံးလေးတွေနဲ့ အဆောက်အဦးတွေ၊ အရာဝတ္ထုတွေဆောက်တိုင်း ကစားမယ်ဆိုရင်တော့ သူတို့ရဲ့ဦးနှောက်စွမ်းရည် တိုးတက်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် ငယ်ရွယ်ချိန်မှာကတည်းက သင်္ချာစွမ်းရည်ပိုင်းမှာလည်း ထူးချွန်လာစေဖို့ ကူညီပေးပါလိမ့်မယ်။

ကလေးတွေကို စက္ကူဘူးခွံအလွတ်တွေနဲ့ ပေးကစားခြင်းကလည်း အထောက်အကူဖြစ်စေပါတယ်။ ဘာလို့လဲဆိုရင် စက္ကူဘူးခွံတွေကို အသုံးပြုပြီး သူတို့စိတ်ထဲမှာပေါ်လာတဲ့ အရာတွေကို ဖန်တီးတည်ဆောက်မှာဖြစ်တဲ့အတွက် စိတ်ကူးစိတ်သန်းတွေလည်း ကောင်းလာကာ ဦးနှောက်ကိုလည်း အသုံးပြုရာရောက်တာကြောင့် တွေးခေါ်နိုင်စွမ်းအားလည်း မြှင့်တင်နိုင်မှာဖြစ်ပါတယ်။
နောက်ထပ် ကလေးတွေဆော့ကစားသင့်တဲ့ ပစ္စည်းတွေကတော့
• စကားလုံးတွေဆက်တိုင်း
• ခုန်ဆွခုန်ဆွလုပ်တဲ့ ကစားစရာများ
• Action figures
• ဘောလုံး
• လက်ထိုးအရုပ် တို့ပဲဖြစ်ပါတယ်။
#Chit_May_May
#Thinzar
Ref- timesofindia