ကြီးထွားဖွံ့ဖြိုးဆဲ ကလေးငယ်လေးတွေကို အာဟာရမျှတစေဖို့အတွက် ကျွေးမွေးရမယ့် အစားအစာများ

0
134
- Advertisement -

ဖွံ့ဖြိုးဆဲကလေးငယ်လေးတွေကို အာဟာရမျှတ၍ ကျန်းမာရေးနှင့်ညီညွတ်မျှတသည့် အစားအစာတွေ ဂရုတစိုက်နဲ့ ရွေးချယ်ကျွေးမွေးရန် အင်မတန်အရေးကြီးပါတယ်။ လူကြီးတွေလိုအပ်တဲ့ အာဟာရဓာတ်ပမာဏဟာ ဖွံ့ဖြိုးဆဲကလေးငယ်တွေနဲ့ယှဥ်ရင် အင်မတန်ကို ကွာခြားလှပါတယ်။ ကြီးထွားဖွံ့ဖြိုးဆဲအဆင့်မှာ တိကျမျှတသည့်ဗီတာမင်နှင့် သတ္တုဓာတ်များအထူးလိုအပ်တာကြောင့် ရင်သွေးငယ်လေးတွေကို ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများကို ဂရုတစိုက်ရွေးချယ်ကျွေးမွေးဖို့ လိုအပ်ပါတယ်။

ကြက်ဥများ

ကြက်ဥတွင် ပရိုတင်းဓာတ်ပါဝင်မှု အထူးမြင့်မားသည့်အတွက် ကြီးထွားဖွံ့ဖြိုးဆဲကလေးငယ်များအတွက် အထူးသင့်တော်ပါတယ်။ မှတ်ဉာဏ်အားကောင်းမွန်စေရန်အတွက် လိုအပ်သည့် ဗီတာမင်ဘီဓာတ်များအပြင် အိုမီဂါသရီးအဆီဓာတ်များ၊ ဗီတာမင်ဒီ၊ ဖော့လစ်၊ ဇင့်၊ သံဓာတ် အစုံအလင်တို့လည်း ပေါင်းစပ်ပါဝင်ပါသေးတယ်။

- Advertisement -

နွားနို့

ကလေးငယ်များလိုအပ်သည့် ကယ်လ်စီယမ်နှင့် ဖော့စ်ဖောရက်စ်ဓာတ်ကြွယ်ဝစွာပါဝင်သည့် နွားနို့ကို မှန်မှန်မှီဝဲသောက်သုံးပေးပါက ခန္ဓာကိုယ်ရှိအရိုးများ၊ သွား နှင့် လက်သည်းများ သန်မာထွားကြိုင်းလာစေမှာဖြစ်ပါတယ်။ ထို့အပြင် ခန္ဓာကိုယ်ကြီးထွားရန်လိုအပ်သည့် ပရိုတင်း၊ ဇင့်၊ ဗီတာမင်အေ၊ ဗီတာမင်ဒီ အစရှိသည့် အာဟာရဓာတ်များလည်း ကြွယ်ဝစွာပါဝင်ပါတယ်။

ဘယ်ရီသီးများ

အရသာရှိရုံသာမက အာဟာရဓာတ်များ ပြည့်ဝစွာပါဝင်သည့် ဘယ်ရီသီးများသည် အရွယ်အစားသေးငယ်သော်ငြားလည်း Antioxidant ကြွယ်ဝသောကြောင့် သင့်ခန္ဓာကိုယ်အား အန္တရာယ်ဖြစ်စေနိုင်သည့် အဆိပ်အတောက်များရန်မှ ကာကွယ်ပေးမှာဖြစ်ပါတယ်။

ငါး

အဆီဓာတ်ပါဝင်မှုနည်းပါးကာ ပရိုတင်းဓာတ်၊ ဗီတာမင်ဘီ နှင့် သတ္တုဓာတ်များကြွယ်ဝသည့် ငါးကိုစားသုံးပေးခြင်းက ကလေးများအစာခြေဖျက်ရန်လွယ်ကူသလို အိုမီဂါသရီးအဆီဓာတ်က ဦးနှောက်မှတ်ဉာဏ်ဖွံ့ဖြိုးမှုနှင့် အမြင်အာရုံတိုးတက်စေရန်အတွက် ကူညီပေးနိုင်ပါတယ်။

ဒိန်ချဉ်

ကယ်လ်စီယမ်၊ ပရိုတင်း၊ ကာဗွန်ဟိုက်ဒရိုတ်၊ ဗီတာမင်ဘီ၊ ဇင့်နှင့် ဖော့စ်ဖောရတ်စ်ပါဝင်သည့် ဒိန်ချဉ်ကိုမှန်မှန်စားသုံးပေးပါက ကျန်းမာကြံ့ခိုင်သည့်အရိုးနှင့်သွားများကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

ဒိန်ခဲ

ဒိန်ခဲသည် အရည်အသွေးအထူးကောင်းမွန်ပြီး အလွယ်တကူအစာချေဖျက်နိုင်သည့်အတွက် အသားနေရာတွင် အစားထိုးစားသုံးနိုင်ပါတယ်။

ပန်းဂေါ်ဖီစိမ်း

ကယ်လ်စီယမ်ပြည့်ဝစွာပါဝင်သည့် ဟင်းသီးဟင်းရွက်များထဲတွင် တစ်ခုအပါဝင်ဖြစ်သည့် ပန်းဂေါ်ဖီစိမ်းသည် ဖွံ့ဖြိုးဆဲကလေးငယ်များအတွက် အင်မတန်မှ အထောက်အကူဖြစ်နိုင်ပါတယ်။ ဗီတာမင်ဘီအများအပြားပါဝင်သဖြင့် အစာခြေဖျက်စနစ်ကိုကောင်းမွန်စေကာ အာရုံကြောဖွဲ့စည်းမှုစနစ်ကို တိုးတက်စေပါတယ်။

ကန်စွန်းဥ

မျက်လုံးအားကောင်းရန်အတွက် လိုအပ်သည့်ဓာတ်အများအပြားပါဝင်သည့် အသီးများထဲတွင်တစ်ခုအပါအဝင်ဖြစ်ပြီး ချိုမြသည့်အရသာကြောင့် ကလေးများကြိုက်နှစ်သက်စွာစားသုံးနိုင်မှာဖြစ်ပါတယ်။

#Lifestyle_Myanmar

#Thinzar

Ref- howstuffworks

LEAVE A REPLY

Please enter your comment!
Please enter your name here