ကြောက်ရွံ့ခြင်းကင်းတဲ့ ကလေးငယ်တွေဖြစ်စေဖို့အတွက် နည်းလမ်းများ

0
336
- Advertisement -

ကလေးငယ်တွေဟာ ဘာရယ်မဟုတ်ဘဲ ကြောက်ရွံ့တတ်ကြပါတယ်။ အဲဒီလို ကြောက်ရွံ့မှုများကို ကျော်လွှားဖို့ရုန်းကန်နေရတယ်ဆိုရင် သူတို့ရဲ့ နေ့စဉ်ဘဝမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ အခြေအနေတွေကို ရင်ဆိုင်နိုင်ဖို့အတွက် ပိုပြီးခက်ခဲနိုင်ပါတယ်။ ကလေးငယ်တွေကို မကြောက်တတ်အောင် သင်ကြားပေးရတာက မလွယ်ကူပါဘူး။ ကလေးငယ်တွေရဲ့ ကြောက်ရွံ့တတ်တဲ့စိတ်ဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်မျိုးဆိုပေမယ့် အချို့သော အခြေအနေမျိုးမှာတော့ စိတ်ပိုင်းဆိုင်ရာ အကူအညီများပေးဖို့လိုအပ်ပါတယ်။ ကလေးငယ်တွေဟာ အသက်ကြီးလာတာနဲ့အမျှ ကြောက်ရွံ့ခြင်းရဲ့ အရင်းအမြစ်တွေဟာ ပြောင်းလဲသွားတတ်ကြပါတယ်။

ကလေးငယ်တွေရဲ့ ကြောက်ရွံ့မှုများကို ကျော်လွှားဖို့အတွက် သင်ကြားပေးတဲ့အခါမှာ အချို့အချက်အလက်တွေကို သိထားဖို့ အရေးကြီးပါတယ်။ ကလေးငယ်ကို လှောင်ပြောင်ခြင်း ဒါမှမဟုတ် သူတို့ကြောက်ရွံ့တဲ့အရာနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ အတင်းအကြပ်ပြုလုပ်တာမျိုးဟာ သူတို့ကို အကူအညီမဖြစ်စေဘဲ ပိုပြီးဆိုးဝါးသွားစေနိုင်ပါတယ်။ သူတို့ရဲ့ စိုးရိမ်မှုများကို
အလေးအနက်ထားပြီး သူတို့ရဲ့စိတ်ခံစားချက်တွေနဲ့ပတ်သတ်ပြီး ဖွင့်ဟပြောဆိုဖို့အားပေးခြင်းဖြင့် ကူညီတာအကောင်းဆုံးဘဲဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ကြောက်လန့်တတ်တဲ့ စိတ်အခြေအနေကို ကျော်လွှားနိုင်ဖို့အတွက် ကြိုးစားနေတဲ့အချိန်မျိုးမှာ သူတို့ရဲ့ စိတ်ခံစားချက်တွေကို နားလည်ပေးပြီး အားပေးကူညီပေးဖို့က အရေးကြီးပါတယ်။ မိဘတွေရဲ့ အားပေးကူညီမှုဟာ သူတို့ရဲ့ စိုးရိမ်ကြောက်လန့်စိတ်တွေကို ရင်ဆိုင်နိုင်ဖို့အတွက် အကောင်းဆုံးသောအင်အားဖြစ်စေပါတယ်။

အချို့သောကလေးငယ်တွေဟာ အခြားသောကလေးငယ်တွေထက် ပိုပြီး စိုရိမ်ကြောက်လန့်တတ်ကြပါတယ်။ သူတို့ရဲ့ ပင်ကိုယ်စိတ်အခံအရ စိတ်ခံစားမှု ထိခိုက်လွယ်ခြင်း၊ မိဘတွေရဲ့ စိုးရိမ်ကြောက်လန့်တဲ့အနေအထားတွေကို ကြည့်ပြီး စိုးရိမ်ကြောက်လန့်ခြင်း၊ အလွန်အမင်းကာကွယ်စောင့်ရှောက်ပေးမှုများကြောင့် အရာရာကို ကြောက်လန့်စိတ်များဖြစ်ပေါ်ခြင်း၊ စိတ်ဖိစီးမှုအခြေအနေများ ( မိဘတွေနဲ့ ခွဲနေရခြင်း၊ ဒဏ်ရာရခြင်း) တွေ့ကြုံရခြင်းတွေဟာ သိသားထင်ရှားတဲ့ သက်ရောက်မှုတွေဖြစ်ပေါ်စေပါတယ်။ အဲ့ဒီလို ကိစ္စရပ်တွေကနေ ကျော်လွှားနိုင်ဖို့အတွက် အထောက်အကူဖြစ်စေမယ့် အချက် ၃ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

- Advertisement -

စွန့်စားခန်းပုံပြင်များ၊ စာအုပ်များကို ဖတ်ပြပါ

ကလေးငယ်တွေနဲ့ ပတ်သတ်တဲ့ စွန့်စားခန်းပုံပြင်များ၊ စာအုပ်များကို ဖတ်ပြခြင်းအားဖြင့် သူတို့ရဲ့ ကြောက်လန့်စိတ်ကို တွန်းလှန်ပစ်နိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။ စာအုပ်ထဲမှာပါဝင်တဲ့ ဇာတ်ကောင်ကလေးငယ်တွေရဲ့ ရဲရင့်မှုနဲ့ သတ္တိတွေဟာ မိမိတို့ရဲ့ သားသမီးကို အားကျစိတ်တွေပေါ်ပေါက်လာစေပြီး ကြောက်လန့်စိုးရိမ်စိတ်တွေကို အဆုံးသတ်ပစ်စေနိုင်ပါတယ်။

အနုပညာနဲ့ လက်မှုပညာတွေကို အသုံးချပါ

တီထွင်ဖန်တီးမှုဆိုင်ရာလှုပ်ရှားမှုများသည် ကလေးငယ်တွေရဲ့ ကြောက်ရွံ့စိတ်ကို မေ့ပျောက်စေနိုင်ပါတယ်။ အဲဒီလို ကြောက်ရွံ့မှုတွေကို မတွေးဖြစ်၊ မပြောဖြစ်တာမျိုးဟာ သူတို့ရဲ့ ကြောက်လန့်စိတ်တွေကို ဖြေရှင်းဖို့အတွက် အကောင်းမွန်ဆုံးဘဲဖြစ်ပါတယ်။ တခါတလေမှာ ကလေးငယ်တွေကို သူတို့ရဲ့ ထိတ်လန့်ကြောက်ရွံ့စေတဲ့အရာကို ရုပ်ပုံဆွဲစေပြီး ကြောက်ရွံ့မှုသဘောသဘာဝကို ဆွေးနွေးခြင်းအားဖြင့် အဖြေတခုခုကိုရှာဖွေတွေ့ရှိနိုင်ပါတယ်။

သူတို့ရဲ့ ထိတ်လန့်မှုတွေကို စာရင်းပြုစုပြီး အဆင့်သတ်မှတ်ခိုင်းပါ

ဘယ်လိုအရာတွေကို အကြောက်လန့်ဆုံးဖြစ်ပြီး ဘယ်အရာကိုတော့ ကြောက်လန့်မှုသိပ်မဖြစ်ပေါ်စေဘူးဆိုတာမျိုးကို စာရင်းပြုစုဖို့ ကူညီပေးပါ။ ထို့နောက်ဘာအတွက်ကြောင့် ကြောက်လန့်တာလည်းဆိုတာကို ဆွေးနွေးပြီး မိဘတွေရဲ့ ငယ်စဉ်က ကြောက်လန့်မှုတွေ၊ စိုးရိမ်စိတ်တွေအကြောင်းနဲ့ ကျော်ဖြတ်ခဲ့ပုံတွေကို ပြောပြပေးတာက ကလေးငယ်တွေရဲ့ စိုးရိမ်ကြောက်လန့်မှုတွေကို ကျော်ဖြတ်ဖို့အကူအညီဖြစ်စေပါလိမ့်မယ်။

ကလေးငယ်တွေကို သူတို့ရဲ့ကြောက်ရွံ့မှုတွေကို ကျော်လွှားနိုင်စေဖို့အတွက် သင်ကြားရေးနည်းလမ်းများစွာရှိပါတယ်။ ဘယ်လိုရွေးချယ်မှုကို အသုံးပြုရမယ်ဆိုတာက ကလေးငယ်တွေအပေါ်မှာမူတည်ပြီး ကလေးဘဝရဲ့ ပုံမှန်အစိတ်အပိုင်းတခုဖြစ်တဲ့ စိုးရိမ်ပူပန်မှုတွေကို ကျော်လွှားနိုင်ဖို့အတွက် ကလေးငယ်တွေဟာ မိဘတွေရဲ့ ကူညီအားပေးမှုကို လိုအပ်ပါတယ်ဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

#Chit_may_may

#Dmo_aung

#Ref- youaremom

Chit May May မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here