ကွာရှင်းခြင်းဟာ သူတို့ရဲ့ အသက်အရွယ်အရ ကလေးတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်နိုင်သလဲ

0
74
- Advertisement -

ကွာရှင်းခြင်းဟာ ကလေးတွေအပေါ်မှာ မတူကွဲပြားသောနည်းမျိုးစုံနဲ့ အကျိုးသက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ အရာရာတိုင်းဟာ ကလေးငယ်တွေရဲ့ အသက်အရွယ်အလိုက်၊ ကလေးတစ်ဦးစီရဲ့ အခြေအနေတွေအပေါ်မှာ မူတည်ပြီးတော့ သက်ရောက်မှုတွေကတော့ ကွာဟမှုရှိနေပါတယ်။

ကွာရှင်းခြင်းဟာ အသက်အရွယ်အရ ကလေးတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်နိုင်သလဲ

၁။ မမွေးဖွားခင်နှင့် အသက်တစ်နှစ်မပြည့်ခင်အရွယ်

- Advertisement -

ကွာရှင်းခြင်းဟာ ကလေးမမွေးဖွားခင်ကတည်းက သူတို့ကို ထိခိုက်နိုင်ပါသလား? မိခင်ရဲ့ စိတ်အခြေအနေဟာ ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ်မှာ သက်ရောက်နိုင်တာကြောင့် ဒီအခြေအနေဟာ သံသယဝင်စရာမရှိပါဘူး။ မိခင်ဟာ ကိုယ်ဝန်ဆောင်စဉ် စိတ်ထိခိုက်ဖို့ ဖြစ်ရပ်တစ်ခုဖြစ်ပွားတဲ့အခါ သူတို့ရဲ့သိမြင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် အလေးချိန်နိမ့်ကျတဲ့ ပြဿနာတွေကို ကလေးငယ်တွေမှာ ကြုံတွေ့ရလေ့ရှိပါတယ်။

ကျွန်မတို့တွေဟာ ကျွန်မတို့ကလေးတွေကို ၎င်းတို့ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့အရာမှန်သမျှကို နားမလည်ဘူးလို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာက သူတို့ဟာ အရမ်းလက်ခံတတ်တဲ့သတ္တဝါတွေဖြစ်နေကြပါတယ်။ အခြေအနေတွေကြောင့် အမေက စိတ်ဓာတ်ကျခြင်း၊ စိတ်တိုခြင်း၊ တင်းမာခြင်းတွေဖြစ်လာတယ်ဆိုရင် ကလေးတွေဟာလည်း အလားတူခံစားရပါလိမ့်မယ်။

၂။ ၁ နှစ် နှင့် သုံးနှစ်ကြားအရွယ်

ဒီအရွယ်မှာတော့ သူတို့ဘာတွေဖြစ်ပျက်နေတယ်ဆိုတာကို အပြည့်အဝနားမလည်နိုင်ကြသေးပါဘူး။ ဒါပေမယ့် စိတ်ဖိစီးမှုတွေကို နည်းအမျိုးမျိုးနဲ့ ခံစားကြရပါတယ်။ ဒီအဆင့်မှာ စိုးရိမ်မှုတွေနှင့် ပူပန်သောကတွေမြောက်များစွာကို ခံစားကြရပြီး သူတို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေဟာလည်း နောက်ပြန်လှည့်ပြီး လိုတာထက်ပိုပြီး ကလေးဆန်နေတတ်ပါတယ်။

ဥပမာအချို့ကအိပ်ရာပေါ်မှာ ရှူးရှူးပေါက်ခြင်း၊ အိပ်မက်ဆိုးများမက်ခြင်း၊ အမှောင်ထဲမှာ ကြောက်ရွံ့ခြင်းစတဲ့ အကြောင်းအရာတွေအပါအဝင်ဖြစ်ပါလိမ့်မယ်။ ဒီအသက်အရွယ်မှာ မိဘတွေနှင့် ခွဲနေခြင်းရဲ့ နောက်ဆက်တွဲပြဿနာတစ်ခုအနေနဲ့ စိတ်တိုလွယ်ခြင်းနှင့် ရန်လိုခြင်းတွေ တိုးလာနိုင်ခြင်းတွေဖြစ်ိနိုင်ပါတယ်။ daycare စင်တာတွေကနေ သူငယ်ချင်းတွေ၊ ကလေးတွေကို မကြာခဏရန်စခြင်းတွေ ပြုလုပ်ပြီး သူတို့ရဲ့ ဝမ်းနည်းခြင်းတွေကို ဖော်ပြဖို့ ကြိုးစားကြပါတယ်။

၃။ ၄ နှစ်နှင့် ၇ နှစ်အကြား အရွယ်

ဒီအသက်အရွယ်မှာ ကလေးတွေက ဖြစ်သမျှအကြောင်းအရာတိုင်းဟာ သူတို့ကြောင့်လို့ ထင်နေတတ်ပါတယ်။ ဒါ့ကြောင့် သူတို့ဟာ သူတို့ရဲ့ ကျောင်းသင်ခန်းစာတွေကို အာရုံစိုက်ဖို့ အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ အစားအသောက်ပုံမှန်မဟုတ်တာတွေ၊ အိပ်ရေးပျက်တာတွေဖြစ်လာနိုင်ပါတယ်။

၄။ ၇ နှစ် နှင့် ၁၂ နှစ် အကြား

၎င်းကို ”Latency” အဆင့်လို့ ခေါ်ပြီးတော့ ဟိုအရင်ကထက် ဖွံ့ဖြိုးမှုနဲ့ ပတ်သက်ပြီး တက်ကြွမှုတွေနည်းပါးသွားပါလိမ့်မယ်။ သူတို့ရဲ့ စွမ်းအင်အများစုဟာ ကျောင်းနှင့် အိမ်စာတွေအပေါ်မှာ အာရုံစူးစိုက်နေရပါတယ်။ သူတို့ရဲ့ စိတ်ခံစားမှုတွေကို အတ္တဆန်ဆန်ပဲတွေးခေါ်တတ်ပြီး သူတို့ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့အရာတွေနဲ့ ပတ်သက်ပြီး ပိုပြီးအထိမခံဖြစ်တတ်ကြပါတယ်။

၅။ အသက် ၁၂ နှစ် အထက်

ဒီအဆင့်မှာတော့ ကလေးတွေဟာ မိဘတွေရဲ့ ကွာရှင်းခြင်းကို လုံးဝလက်မခံနိုင်တော့ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ဟာ သူတို့ရဲ့ကိုယ်ပိုင်ကိုယ်ရည်ကိုယ်သွေးတွေကို ရှာဖွေဖို့ ကြိုးစားနေကြပါတယ်။ မိဘတွေနဲ့ ခွဲနေခြင်းက သူတို့ကို မလုံခြုံဘူးလို့ ခံစားရေစပြီး ပုန်ကန်မှုတွေဖြစ်လာစေနိုင်ပါတယ်။

Chit_May_May

Nyein_Thu

Ref-yam

LEAVE A REPLY

Please enter your comment!
Please enter your name here