
တကယ်လို့ သင်ရဲ့ အိမ်ထောင်ရေးအဆင်မပြေဘူးဆိုရင် အနာဂတ်မှာလည်း သူတို့ရဲ့ စရိုက်ကို အပျက်သဘောနဲ့ ပုံသွင်းနိုင်တဲ့ ကျန်းမားရေးနှင့် မညီညွှတ်တဲ့ ပတ်ဝန်းကျင်နှင့် ထိတွေ့နေရပါလိမ့်မယ်။
ကလေးတစ်ဦးအနေနဲ့ မိဘတွေအစဥ်မပြတ်တိုက်ပွဲဆင်နွဲနေတဲ့ အိမ်မှာ ကြီးပြင်းလာရမယ်ဆိုရင် သူတို့ဘဝမှာ ပိုပျော်ရွှင်ရတဲ့ အစိတ်အပိုင်းတွေရှိလာမှာမဟုတ်ဘူးဆိုတာ သင်စဥ်းစားမိပါလိမ့်မယ်။ သို့ပေမယ့် ကွာရှင်းပြတ်စဲထားသူတွေကို ပတ်ဝန်းကျင်လူ့အဖွဲ့အစည်းကလည်း ဘယ်လိုပြုမူဆက်ဆံတယ်ဆိုတာ သင်မြင်ပါလိမ့်မယ်။
ဒါဆိုရင် အရွယ်ရောက်ပြီးသူတစ်ဦးအနေနဲ့ မသေချာမရေရာသော အခြေအနေမျိုးမှာ နေထိုင်ပြီးတော့ သင့်ဘဝတစ်လျှောက်လုံးစိတ်ဆင်းရဲရမယ့် အနေအထားတွေကို သင်လက်ခံမလား။ ဒါ့အပြင် နဂိုကတည်းက ကျိုးပဲ့နေတဲ့ အိမ်ထောင်ရေးမှာ မပျော်ရွှင်ရတဲ့အပြင် သင့်အတွက်သာမကဘဲ သင့်ကလေးတွေအတွက်လည်း ဆိုးကျိုးတွေသက်ရောက်စေဦးမှာပါ။

ကလေးတွေဟာ မိဘတွေအစဥ်မပြတ်တိုက်ခိုက်တာကို မြင်နေရတဲ့အခါမှာ အိမ်ထောင်ရေးမှားယွင်းမှုတွေအကြောင်း နားမလည်တဲ့အခါမှာ တိုက်ပွဲတွေအတွက် သူတို့ကိုယ်သူတို့ အပြစ်တင်တတ်ကြပါတယ်။ ကလေးတွေဟာ အထင်ကြီးစရာကောင်းပြီးတော့ နူးညံ့သိမ်မွေ့ကြပါတယ်။ ဒါ့ကြောင့် သူတို့နဲ့ ဘာမှမဆိုင်ဘူးဆိုရင်တောင် သူတို့မှာ အပြစ်ရှိတယ်လို့ ခံစားကြရတယ်။ ဒီကနေ့မှာတော့ Chit_May_May ကနေပြီးတော့ ကွာရှင်းတာထက် ပိုဆိုးတဲ့ အိမ်ထောင်ရေးတွေမှာ ရှင်သန်နေရတဲ့ ကလေးတစ်ယောက်ရဲ့ လက္ခဏာတွေကို မျှဝေပေးမှာပါ။
၁။ ကလေးတွေက အိမ်နေရတာ မလွယ်ကူ(စိတ်မသက်မသာ) ခံစားရနိုင်ပါတယ်
ကလေးတွေအနေနဲ့ ရှင်သန်ဖို့ လုံခြုံပြီးတော့ ပျော်ရွှင်စရာနေရာတစ်ခုလိုအပ်ပါတယ်။ သင်နှင့် သင့်ပါတနာတွေကြောင့် ဖြစ်တည်လာတဲ့ မြေမြှပ်မိုင်းတွေအကြား ကလေးကိုဖြတ်သန်းစေမယ်ဆိုရင် သင့်ကလေးက အိမ်မှာနေရတာ စိတ်မသက်မသာဖြစ်စေပါလိမ့်မယ်။ အိမ်ထဲမှာရှိတဲ့ လူကြီးတွေရဲ့ စိတ်ခံစားမှုတါေကို အမြဲတမ်းသတိပြုနေရတာကြောင့် မိမိတို့ကိုယ်ကိုယ်လွတ်လပ်စွာထုတ်ဖော်ပြောဆိုဖို့ အလွန်ခက်ခဲပါတယ်။

ဒီလိုအခြေအနေတွေမှာ သူတို့က ”ဘာကို မျှော်လင့်ရမယ်ဆိုတာ ကလေးတွေက မသိကြပါဘူး။ သူတို့ဟာ မိုင်းတစ်လျှောက်မှာ လမ်းလျှောက်နေပြီးတော့ ဘယ်အချိန်၊ ဘယ်နေရာက ထပေါက်ကွဲမလဲဆိုတာ သူတို့မသိနိုင်ဘူး”.. Deborah Mecklinger ။ ”ကွာရှင်းလိုက်တာက နည်းလမ်းမှန်ကန်မယ်ဆိုရင် ပဋိပက္ခတွေလျော့နည်းသွားပါလိမ့်မယ်။ လေးစားမှု၊ စစ်မှန်တဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ဆက်သွယ်မှုတွေအကြောင်း သင်ယူဖို့ ကလေးတွေမှာ အခွင့်အရေးတွေအများကြီးရှိပါတယ်” Toronto အခြေစိုက် ဖျန်ဖြေသူနှင့် ကုထုံးပညာရှင်တစ်ယောက်ဖြစ်တဲ့ Deborah Mecklinger ကပဲ ဆက်လက်ပြောကြားခဲ့ပါတယ်။
၂။ သူတို့က ရင်းနှီးစည်းလုံးမှုတွေကို ကြောက်ရွှံ့တတ်လာခြင်း
မိဘတွေက တစ်ဦးနှင့် တစ်ဦးသဘောကွဲလွဲနေတဲ့ မိသားစုက ကြီးပြင်းလာတဲ့အခါမှာ ကလေးတွေက လူတွေနဲ့ နီးကပ်ဖို့၊ ရင်းနှီးဖို့ ခက်ခဲနိုင်ပါတယ်။ သူတို့အတွက် မိဘတွေရဲ့ အလုပ်မဖြစ်တဲ့ အိမ်ထောင်ရေးကို မျက်မြင်ကိုယ်တွေ့ကြုံတွေ့ခဲ့ရတာကြောင့် အကွာအဝေးတစ်ခုမှာ နေထိုင်ခြင်းဆိုတာ အနာဂတ်မှာ နာကျင်ရမယ့်အရာတွေကို ရှောင်ရှားခြင်းဖြစ်ပါတယ်။ နောက်ပိုင်းမှာ သူတို့က ရင်းနှီးတဲ့ ဆက်ဆံရေးရဲ့ တစ်စိတ်တပိုင်းဖြစ်လာတဲ့အခါ ၎င်းတို့က အကြီးအကျယ်ပိတ်ပစ်လိုက်ပါတယ်။ ၎င်းတို့ရဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးမှာ ပဋိပက္ခဖြစ်နေတဲ့အခါမှာ ၎င်းတို့က လုံးဝရှောင်ရှားခြင်း (သို့) သူတို့ရဲ့ မိဘတွေတုံ့ပြန်ပုံတွေကို ပုံတူကူးချခြင်းလည်းဖြစ်ပါတယ်။

၃။ သူတို့ရဲ့ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှုတွေကို ထိခိုက်သွားတယ်
ကွာရှင်းခြင်းဆိုင်ရာရေးသားပြုစုသူ Terry Gaspard က ပဋိပက္ခဖြစ်နေတဲ့ နေအိမ်မှာ မွေးဖွားလာတဲ့ ကလေးတွေက မိမိကိုယ်ကိုယ်တန်ဖိုးမထားခြင်းနှင့် မထိုက်တန်တဲ့ ခံစားချက်တွေနဲ့ပဲ အဆုံးသတ်နိုင်ကြောင်း မျှဝေခဲ့ပါတယ်။ ကလေးတွေဟာ ဆပ်ပြာရေမြှပ်တွေလိုဖြစ်နေကြပြီးတော့ သူတို့က အပျက်သဘောခံစားချက်တွေကို စုပ်ယူပါလိမ့်မယ်၊ သူတို့ရဲ့ ဒေါသတွေနဲ့ ရှက်စိတ်တွေကို အလိုလိုသင်ယူတတ်သွားပါလိမ့်မယ်။ နာတာရှည်မပျော်ရွှင်တဲ့ မိဘတွေနဲ့ ထိတွေ့နေတဲ့ ကလေးတွေဟာ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှုနှင့် ယုံကြည်မှုပြဿနာနည်းပါးသော အရွယ်ရောက်သူတွေဖြစ်လာပါလိမ့်မယ်။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုယ်မေးရမယ့် မေးခွန်းက ကွာရှင်းပြတ်စဲပြီးတော့ Single – Parent အဖြစ် ကလေးဘဝကို ကောင်းကောင်းမွန်မွန်ပြုစုပျိုးထောင်မလားဆိုတာပါပဲ။ အဖြေက ဟုတ်ကဲ့ဆိုရင်တော့ ကွာရှင်းခြင်းက အကျိုးရှိနိုင်ပါတယ်။
၄။ သင်ကိုယ်တိုင်မပျော်ဘူးဆိုရင် သင့်ကလေးအတွက်လည်း လုံးဝတတ်နိုင်မှာ မဟုတ်ပါဘူး
သင့်အိမ်ကြီးက ပဋိပက္ခတွေနဲ့ ပြည့်နှက်နေမယ်ဆိုရင် သင့်ကလေးသာမက သင့်လည်းအိမ်မှာ စိတ်ရှုပ်စရာတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် သင်ကိုယ်တိုင်က အိမ်ပြန်ဖို့တောင် စိတ်လှုပ်ရှားမှုမရှိဘူး။ ပြီးတော့ သင်ကိုယ်တိုင်လွတ်မြောက်ချင်နေတယ်။ ဒါ့ကြောင့် သင့်အချိန်တွေကလည်း သင့်ကလေးအတွက်နည်းသထက် နည်းလာတယ်။ ဒီနေရာမှာလည်း အကျိုးသက်ရောက်မှုတွေရှိပါတယ်။

များသောအားဖြင့် ဇနီးမောင်နှံတွေကိုယ်တိုင်က မပျော်ရွှင်တဲ့လက်ထပ်ထိမ်းမြားခြင်းကနေ လွတ်မြောက်ဖို့ မျှော်လင့်နေကြပါတယ်။ သူတို့က လုပ်ဖော်ကိုင်ဖက်တွေကို ရှောင်ရှားဖို့ အိမ်ကို မတတ်နိုင်ဆုံးရှောင်ကြတယ်။ ဒါ့ကြောင့်မို့ သူတို့က နာရီပေါင်းများစွာ အလုပ်လုပ်ကြတယ်။ သူငယ်ချင်းတွေနဲ့ အချိန်ပိုဖြုန်းကြတယ်။ အရက်သောက်နေတာလည်းဖြစ်နိုင်ပါတယ်။ အဲ့တော့ ဒီလိုဖြစ်နေမယ့်အတူတူ ကွာရှင်းလိုက်တာက ကလေးတွေအတွက် မိဘတစ်ယောက်ကို ပိုင်ဆိုင်ရစေပါတယ်။
၅။ သူတို့မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေရှိနိုင်ပါတယ်
မပျော်မွေ့တဲ့ အိမ်တစ်လုံးက စိတ်ပြင်းပြခြင်း၊ ပြင်းထန်တဲ့ စိတ်ဓာတ်ပြဿနာဖြစ်တဲ့ dysthymia (သို့) persistent depressive disorder လို ပြဿနာတွေရှိလာနိုင်ပါတယ်။ ဒီကိစ္စတွေမှာ စိတ်ကျန်းမာရေးကို မကိုင်တွယ်နိုင်ဘူးဆိုရင် ၎င်းက အနာဂတ်မှာ ကိုယ်ရည်ကိုယ်သွေးမမှန်ခြင်း (သို့) ပစ္စည်းဥစ္စာအလွဲသုံစားလုပ်ခြင်းတွေအထိ ဖြစ်ပေါ်စေနိုင်ပါတယ်။ ကလေးတွေဟာ ဘဝမှာ မပျော်ရွှင်တဲ့ နောက်ခံတွေရှိတာကြောင့် အစောပိုင်းမျှော်လင့်ချက်တွေဆုံးရှုံးသွားတဲ့အခါ အဆိုးရွားဆုံးတွေကိုသာ အမြဲမျှော်လင့်လာကြတော့တယ်။

၆။ သင့်ရဲ့ မပျော်ရွှင်မှုအတွက် သင့်ကလေးမှာ တာဝန်တွေပိနေတယ်
သင်နဲ့ သင့်ပါတနာရဲ့ ချစ်ခြင်းမေတ္တာကင်းမဲ့နေခြင်းက သင်အတွင်းမှာခံစားရတဲ့ နက်ရှိုင်းတဲ့ မပျော်ရွှင်မှုတွေကို ဖုံးကွယ်ထားဖို့ မဖြစ်နိုင်ပါဘူး။ အငယ်ဆုံးကလေးတွေတောင် သင်ခံစားနေရတာကို ထပ်တူခံစားနေရပါတယ်။ ပြီးတော့ အကြောင်းအရာတွေက မမှန်ကန်ဘူးဆိုတာ သင်သိနိုင်တယ်။ ကလေးတွေက သဘာဝအားဖြင့် သူတို့ကိုယ်တိုင် ကမ္ဘာကြီးရဲ့ ဗဟိုအဖြစ် ထင်ထားကြပါတယ်။ ယေဘုယျအားဖြင့် အမှန်တကယ်ရှိတာထက် ပိုမိုအစွမ်းထက်တယ်လို့ ခံယူထားကြပါတယ်။ ဒါကြောင့်လည်း သင်တို့ရဲ့ မပျော်ရွှင်မှု တနည်းနည်းနဲ့ဖြစ်စေ သူတို့ကြောင့်ဆိုတာ ထင်ကောင်းထင်ပါလိမ့်မယ်။ သင်က မိဘတစ်ဦးအနေနဲ့ လက်မခံချင်ပေမယ့်လည်း သင့်ကလေးက သင်တို့ရဲ့ နာကျင်မှုဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းဖြစ်တယ်လို့ ယုံကြည်နေဦးမှာပါပဲ။
၇။ သူတိုက relationship တွေဆိုတာ အလုပ်မဖြစ်ဘူးလို့ ယုံကြည်ကြတယ်
ကလေးတွက သူတို့ဘဝကို ပုံဖော်ကြတဲ့အခါမှာ မိဘတွေအနေနဲ့ မပျော်ရွှင်တဲ့ အချစ်ဇာတ်လမ်းတွေနှင့် တွေ့ရတဲ့အခါမှာ သူတို့ မှန်တယ်လို့ထင်တဲ့အရာတွေက သူတို့ရဲ့ အနာဂတ်တွေဖြစ်လာပါလိမ့်မယ်။ ကျန်းမာသန်စွမ်းတဲ့ ချစ်ခြင်းမေတ္တာပြည့်ဝနေတဲ့ relationship ဆိုတာကို အယုံအကြည်မရှိတော့ပါဘူး။
Chit_May_May
Nyein_Thu
Ref- womenworking