ကွာရှင်းထားတဲ့ မိဘတွေရဲ့ကလေးတစ်ဦးရရှိနိုင်သော တန်ဖိုးများ

0
256

ကျွန်မတို့အများစုဟာ မိဘတွေကွာရှင်းထားတဲ့ ကလေးတွေရဲ့ ဘဝဟာ ပရမ်းပတာနှင့် နာကျင်မှုတွေကိုသာ တစ်ချိန်လုံးဖြစ်ပေါ်နေတယ်လို့ ယူဆကြပါတယ်။ တကယ်တော့ ဒါဟာအပြည့်အဝမမှန်ပါဘူး။ ဒီလိုကွဲလွဲမှုတွေရဲ့ အပြုသဘောဆောင်တဲ့ အပြုအမူတွေကို နားလည်ခြင်းနှင့် လက်ခံခြင်းက မိသားစုကို လှိုင်းလေထန်ခြင်းနှင့် ညှိနှိုင်းခြင်းတွေကို ကူညီနိုင်ပါလိမ့်မယ်။ ကလေးတွေဟာ ဒီအခြေအနေတစ်ခုလုံးကနေ အကျိုးကျေးဇူးတွေမြောက်များစွာရရှိနိုင်ပါတယ်။ မိဘနှစ်ပါးကရန်ဖြစ်ပြီး ကြားနေလူသားတွေအဖြစ် တစ်ချိန်လုံးစိတ်ညစ်နေတာထက် ကွာရှင်းလိုက်တာက ကလေးတွေကို ဒီလိုအကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။

၁။ သူတို့ဟာ သူတို့မိဘတွေရဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဖိအားပေးမှုတွေကို မခံစားရတော့ဘူး

ကလေးတွေဟာ စိတ်ဖိစီးမှုများတဲ့ ပတ်ဝန်းကျင်မရှိတော့ဘူးဆိုရင် သူတို့ကတော့ ကြီးမားသော စိတ်ပိုင်းဆိုင်ရာ နှင့် စိတ်ခံစားမှုဆိုင်ရာ အကျိုးကျေးဇူးတွေကို စတင်ခံစားရလာပါလိမ့်မယ်။ ပထမပိုင်းမှာ မိဘနှစ်ဦးစလုံးအတူတကွတွေ့မြင်နေရတာကိုတော့ လက်လွတ်ဆုံးရှုံးသွားရပါလိမ့်မယ်။ ဒါပေမယ့်လည်း နောက်ဆုံးမှာ သူတို့ပိုပြီး ပျော်ရွှင်ရပါလိမ့်မယ်။

ကွာရှင်းပြီးနောက်မှာ မိဘတွေအနေနဲ့ သူတို့ရဲ့ ပြဿနာတွေကို မေ့ပစ်ထားခဲ့ပြီး ကလေးတွေရဲ့ ကောင်းကျိုးအတွက်သာ ဖြေရှင်းသင့်ပါတယ်။ ကလေးကို ပိုဂရုစိုက်ပေးမယ်ဆိုရင် ကလေးအနေနဲ့ ဆက်ဆံရေးဟာ လုံးဝပြိုလဲသွားတာမျိုး မရှိကြောင်းနှင့် အဖြစ်အပျက်တွေကို ပိုကောင်းတဲ့ နည်းလမ်းတွေနဲ့ ကိုင်တွယ်နိုင်ကြောင်း နားလည်လာပါလိမ့်မယ်။

၂။ ပြိုကွဲခြင်းဟာ ကလေးတွေအတွက် တာဝန်ဝတ္တရားတွေကို ပိုလုပ်နိုင်လာစေတယ်

အထူးသဖြင့် သူတို့မှာ မောင်နှစ်မတွေရှိမယ်ဆိုရင် အကြီးတွေဟာ သူတို့ရဲ့ အငယ်တွေကို ပြန်ကူညီပေးပါလိမ့်မယ်။ သူတို့ဟာ ခွန်အားတွေ၊ ရင့်ကျက်မှုတွေနဲ့ ကြီးပြင်းလာပြီး သူတို့ရဲ့ အငယ်လေးတွေအတွက် သနားကြင်နာကြပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ အဖေနှင့် အမေဟာ အတူတူမရှိတော့ဘူးလို့ သိပြီးနောက်မှာ တာဝန်ဝတ္တရားတွေကို ပိုယူလာပါလိမ့်မယ်။

၃။ မေမေတို့ရဲ့ ကလေးတွေဟာ ကျန်းမာသော ဆက်ဆံရေးတွေကို ပိုနားလည်လာပါလိမ့်မယ်

သင်တို့ရဲ့ ဆက်ဆံရေးဟာ ခက်ခဲသောအချိန်တွေကို ကျော်လွှားနိုင်ဖို့ အကောင်းဆုံးကြိုးစားသင့်ပါတယ်။ သင့်ကလေးကလည်း သင်တို့ကို ဥပမာထားပြီး ကျန်းမာမှုမရှိတဲ့ ဆက်ဆံရေးတွေရဲ့ သဘောသဘာဝတွေကို နားလည်သွားပါလိမ့်မယ်။

၄။ သူတို့ဟာ စာနာမှုတွေကို ပိုအားကောင်းလာမယ်

မိသားစုအတွင်း အပြောင်းအလဲတစ်ခုကြီးကြီးမားမားဖြစ်သွားတဲ့အခါ ကလေးတွေဟာ လူတွေရဲ့ မတူကွဲပြားမှုတွေအတွက် သတိထားမိပြီး ပိုပြီးစာနာတတ်သူတွေဖြစ်လာကြပါတယ်။ ဘဝတွေကို ပိုနားလည်လာပြီး တစ်ခြားလူတွေကို အထောက်အကူပြုနိုင်ဖို့၊ သည်းခံဖို့နှင့် ဂရုစိုက်တတ်သူတွေဖြစ်လာကြပါတယ်။ အခြေအနေတွေကိုလည်း လွယ်လွယ်ကူကူလက်ခံလာတတ်ကြပါတယ်။

၅။ လူမှုဆက်ဆံရေး ပိုကောင်းလာကြတယ်

ကလေးတစ်ယောက်ဟာ မတူကွဲပြားတဲ့ အိမ်ထောင်စုတွေအကြား ရှင်သန်နေရတဲ့အခါ ၎င်းက လူမှုဆက်ဆံရေးတွေမှာ ပိုကောင်းတဲ့ ကျွမ်းကျင်မှုတွေကို တည်ဆောက်လာနိုင်ပါပြီ။ နောက်ပြီး ကွာရှင်းပြီးသွားတဲ့ မိဘနှစ်ပါးရဲ့ အရိပ်အကဲကို ကြည့်ပြီး ရှင်သန်နေထိုင်ကြရပါတယ်။ ဒါ့ကြောင့် စကားတွေကို ဘယ်လိုပြောဆိုရမယ်ဆိုတာ နားလည်နေတာဖြစ်ပါတယ်။ အရေးကြီးတာက ကလေးအတွက် အကျိုးရှိစေဖို့ မိဘတွေအနေနဲ့ အနည်းဆုံးတော့ ကလေးတွေရဲ့ အရှေ့မှာ ကောင်းမွန်သောဆက်သွယ်မှုတွေရှိနေဖို့ လိုအပ်ပါတယ်။

၆။ ကလေးတွေဟာ ပိုပြီးသန်မာလာတယ်၊ ပိုပြီး အောင်မြင်လာတယ်

ကွာရှင်းထားတဲ့ မိဘတွေရဲ့ ၇၅% ကနေ ၈၀% အထိ ကလေးတွေဟာ အမျိုးမျိုးသော အခြေအနေတွေမှာ ပိုပြီးအလိုက်သင့်နေထိုင်နိုင်တဲ့ လူကြီးတွေအဖြစ် ကြီးပြင်းလာကြပါတယ်။ သူတို့ဟာ အောင်မြင်သောအသက်မွေးဝမ်းကျောင်းတွေကို ရရှိဖို့ ပိုအခွင့်အရေးများပြီး ပညာရေးပန်းတိုင်တွေအတွက်လည်း အဆင်သင့်ဖြစ်နေကြပါတယ်။ ပိုသန်မာအားကောင်းပြီး ပိုရင်းနှီးတဲ့ ဆက်ဆံရေးတွေကို တည်ဆောက်နိုင်မယ့် စွမ်းရည်တွေ တိုးတက်လာပါလိမ့်မယ်။

Chit_May_May

Nyein_Thu

Ref-brightsideme

LEAVE A REPLY

Please enter your comment!
Please enter your name here