Green Coffee

အစိမ်းရောင်ရှိတဲ့ကော်ဖီစေ့မှာ chlorogenic acid ပါဝင်ပါတယ်။ သူဟာ အစာအိမ်နဲ့ အူလမ်းကြာင်းမှာ သကြားစုပ်ယူမှုကိုလျော့နည်းစေပြီး စုဆောင်းထားတဲ့ အဆီတွေကို လောင်ကျွမ်းစေပါတယ်။ ဒါ့အပြင် အသည်းရဲ့ ဇီဝဖြစ်စဉ်ကိုလှုံ့ဆော်ပေးတဲ့အတွက် ပိုမိုပြီး အဆီကျစေပါတယ်။
ပန်းသီး

ပန်းသီးမှာ ဗီတာမင်များစွာနဲ့ ဓာတ်တိုးပစ္စည်းတွေများစွာ ပါဝင်ပြီးတော့ ဝမ်းဗိုက်အဆီကိုလောင်ကျွမ်းစေဖို့ အကောင်းဆုံးအစားအစာဖြစ်ပါတယ်။ တစ်နေ့ကို ပန်းသီး ၃လုံးစားပေးပါက သိသာထင်ရှားတဲ့ အကျိုးရလဒ်တွေကို တွေ့ရှိရမှာဘဲဖြစ်ပါတယ်။
ငှက်ပျောသီး

ငှက်ပျောသီးမှာ ပိုတက်စီယမ်၊ ကယ်လစီယမ်၊ မဂ္ဂနီစီယမ် နဲ့ ဗီတာမင်များစွာပါဝင်ပါတယ်။ တစ်နေ့ကို ငှက်ပျောသီး ၁လုံးစားပေးပါက ကိုယ်အလေးချိန်ကို ကျဆင်းဖို့ အထောက်အကူပြုပါတယ်။ ညစာကို အခြားအစားအစာများမစားဘဲ ငှက်ပျောသီး ၂ လုံးလောက်စားပေးတာက ပိုပြီး ဝိတ်ကျမြန်စေပါတယ်။
ချဉ်သောအရသာရှိသည့် အသီးများ

ချဉ်သောအရသာရှိသည့် အသီးများသည် ဗီတာမင်-စီ ကြွယ်ဝပြီး အင်ဆူလင်ပမာဏကို လျော့နည်းစေတဲ့အတွက် ခန္ဓာကိုယ်အဆီများကို ပိုမိုမြန်ဆန်စွာကျစေပါတယ်။ စတော်ဘယ်ရီ၊ ရက်စ်ဘယ်ရီ၊ ဘလက်ခ်ဘယ်ရီ၊ ဘလူးလ်ဘယ်ရီ အစရှိတဲ့ ဘယ်ရီအမျိုးအစားအသီးများဟာလည်း ကိုယ်အလေးချိန်ကို လျော့ချပေးသည့်အပြင် အရသာပြည့်ဝစုံလင်မှုကို ခံစားစေရုံသာမက အဆီနဲ့သကြားဓါတ်ကို လျော့ချပေးတဲ့ flavonoids anthocyanins များပါဝင်ပါတယ်။
ထောပတ်သီး

ထူးခြားတဲ့အရသာရှိရုံသာမက ဆာလောင်မွတ်သိပ်မှုကို လျော့နည်းစေတဲ့ oleic acid ပါဝင်ပါတယ်။ ဒါ့အပြင် ဖိုင်ဘာနဲ့ monounsaturated fats များပါဝင်တဲ့အတွက် ကိုယ်အလေးချိန်တိုးလာခြင်းကို ကာကွယ်ပေးပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် တစ်ရက်ကို တစ်လုံးစားပေးသင့်ပါတယ်။
ခရမ်းချဉ်သီး

ခရမ်းချဉ်သီးဟာ သွေးထဲမှာရှိတဲ့ အဆီနဲ့ ကိုလက်စထရောကို လျော့နည်းစေသည့်အပြင် အစားအစာကို လွန်ကဲစွာစားလိုစိတ်မှ ထိန်းသိမ်းပေးတဲ့အတွက် ခန္ဓာကိုယ်အလေးချိန်တိုးပွားမလာအောင် ထိန်းသိမ်းပေးပါတယ်။
#Chit_may_may
#Dmo_aung
#Ref- Brightside