ခေတ်မှီတဲ့မိဘတိုင်း သူတို့ကလေးတွေကို အော င်မြင်ထက်မြက်အောင် ပျိုးထောင်တဲ့နည်း ၅ ခု

0
2738
- Advertisement -

မိဘတိုင်းက သားသမီးတိုင်းအတွက် အကောင်းဆုံးသောမိဘတွေဖြစ်ချင်ကြတာပါပဲ။ ဒါပေမယ့်ကလေးတစ်ယောက်ကို ပျို းထောင်တဲ့နေရာမှာကလေးကို သူ့ကိုယ်ပိုင်ယုံကြည်ချက်ရှိအောင် ကြင်နာတတ်အောင် အောင်မြင်သူတစ်ယောက်ဖြစ်အောင် ပျိုးထောင်ခြင်းမှာတော့ နည်းစနစ်တွေအရ ပြဿနာနည်းနည်းရှိနိုင်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ သိပ္ပံပညာရဲ့တွေ့ရှိချက်အရ အအောင်မြင်ဆုံးကလေးတိုင်းရဲ့ မိဘတွေလုပ်တတ်တဲ့အရာ ၅ ခုရှိပါတယ်..ကဲဘယ်လိုအရာတွေလဲ? အောက်မှာ ဖတ်ကြည့်လိုက်ကြရအောင်..

သူတို့က Screen Timeကိုကန့်သတ်တယ်

လုံးဝကြီး နည်းပညာ ပစ္စည်းတွေနဲ့မဆော့ရဘူးမဟုတ်ပါဘူး။ ဒီနေ့ခတ်က နည်းပညာခေတ်ဖြစ်လာတဲ့အတွက် ကလေးတွေအတွက် ကစားစရာတွေ စိတ်အပန်းဖြေစရာတွေများပြားလှပါတယ်။ တချို့မိဘတွေဆို ကလေးတွေကို အရမ်းအလိုလိုက်ပီး ဖုန်းတွေပေးကိုင် တီဗီတွေနာရီပေါင်းများစွာပေးကြည့်ပြီး လွှတ်ထားတတ်ပါတယ်။အချိန်တိုင်းလိုလိုပေါ့။ခေတ်မှီတဲ့မိဘတွေကကတေ့ာ နည်းပညာ ပစ္စည်းတွေဆီကနေ ကလေးတွေဦးနှောက်ကို ဖွံဖြိုးစေတဲ့အရာတွေ သင်ကြားမှုကို အထောက်အကူဖြစ်စေတဲ့အရာတွေကို ကလေးတွေကို သူတို့ကိုယ်တိုင်ပြသပါတယ်. သင်ပေးပါတယ်။ ကြည့်ချင်တိုင်းကြည့် မလွှတ်ထားပါဘူး။ Screenပဲတစ်ချိန်လုံးကြည့်နေခြင်းက ကလေးတွေရဲ့ ဦးနှောက်ပိုင်းဆိုင်ရာနဲ့ ကျန်းမာရေးကိုထိခိုက်စေတယ်လို့ သုတေသီတွေကဆိုပါတယ်။ ဒါကြောင့် ကလေးတွေရဲ့ Screen Timeကိုကန့်သတ်လျော့ချပစ်သင့်ပါတယ်..

- Advertisement -

မဆဲဆိုမကြိမ်းမောင်းဘူး

ကျွန်တော်တို့ဆီမှာတော့ ဒါတွေက အဆန်းမဟုတ်ပါဘူး။ ဆဲဆိုတာ ရိုက်နှက်တာမျိုးပေါ့လေ..နိုင်ငံခြားတိုင်းပြည်တွေမှာတော့ ဒီလိုလုပ်တာတွေဟာ ကလေးတွေကိုအကြမ်းဖက်မှုဖြစ်စေတယ်လို့သတ်မှတ်ထားပြီး ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုတွေရရှိနိုင်သလို မိဘနဲ့ကလေးကြားဆက်ဆံရေးကို ဆိုးဝါးတဲ့ အကျိုးသက်ရောက်မှုတွေပေးနိုင်တယ်လို့ဆိုပါတယ်။ ဒါကြောင့်သူတို့က ကလေးတွေကို အကျိုးအပြစ်ကို ခွဲပြပြီး ကလေးတွေကို နားလည်မှုနဲ့ ပြုစုပျိုးထောင်ကြပါတယ်..

ကလေးတွေကို လုံလောက်တဲ့ အိပ်စက်ခြင်းရ အောင်လုပ်ပေးတယ်

သုတေသီတွေအဆိုအရ အသက်၆ နှစ်ကနေ၁၂နှစ်အထိကို တစ်ရက်မှာ အိပ်စက်ချိန် ၉နာရီထိပေးဖို့လိုပြီး အသက် ၁၃နှစ်ကနေ၁၇နှစ်ထိကတော့ တစ်ရက်ကို ၈နာရီ အိပ်စက်ရမယ်လို့ဆိုပါတယ်။ ဒီလို အိပ်စက်မှုတွေရဖို့ ဖြစ်ဖို့ လည်း မိဘတွေက တစ်ကယ့်ကို ဂရုတစိုက်နဲ့ ပြင်းပြင်းထန်ထန် ကြိုးစားကြပါတယ်။ ဘာလို့လဲဆိုတော့ အိပ်စက်ချိန်မလုံလောက်ခြင်းက ကလေးတွေရဲ့လေ့လာမှုနဲ့သင်ယူမှုအပိုင်းမှာ စိတ်ဝင်စားမှုအားနည်းစေပြီး ဦးနှောက်စွမ်းဆောင်ရည်ဖွံဖြိုးမှုကို လျော့နည်းစေတဲ့အတွက်ပဲဖြစ်ပါတယ်။ ဒါကြောင့် အကောင်းဆုံးမိဘတစ်ယောက်ဖြစ်ချင်ရင် ကလေးတွေကို အချိန်မှန်အိပ် အချိန်မှန်စားတဲ့ အလေ့အကျင့်ကိုသေချာလုပ်ပေးပါနော်,

ကလေးတွေနဲ့အတူဆော့ကစားပေးတယ်

Oxytocin လို့ခေါ်တဲ့ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီးအရေးကြီးတဲ့ ဟော်မုန်းတစ်မျိုးရှိပါတယ်။ အဲ့ဒီဟော်မုန်းဟာ လူမှုရေးအပြန်အလှန်ဆက်သွယ်မှု၊ ချစ်ခင်ကြင်နာမှု နှောင်တွယ်မှုတွေနဲ့ သက်ဆိုင်တဲ့ ဟော်မုန်းလည်းဖြစ်ပါတယ်။ ဘယ်လိုပြောရမလဲဆိုတော့ လူတွေမျက်လုံးချင်းဆုံတဲ့အခါ၊ စာနာစိတ်ရှိတာ ဒါမှမဟုတ် ကြည်နူးကျေနပ်မှုစိတ်ကိုဖြစ်စေတဲ့ ဟော်မုန်းမျိုးပေါ့။

မိဘတွေ အထူးသဖြင့်မိခင်တွေဟာ သူတို့ရဲ့ကလေးငယ်တွေနဲ့အပြန်အလှန်ဆက်ဆံမှုဟာ သူတို့ကလေးတွေရဲ့ oxytocin system ဖွံ့ဖြိုးတိုးတက်မှုကိုအကျိုးသက်ရောက်စေပါတယ်။ သုတေသီတွေကမိခင်များနဲ့ငါးလအရွယ်ကလေးများအကြားတွင် လွတ်လွတ်လပ်လပ် ကျီစားကစားခြင်းအစီအစဉ်ကိုလေ့လာခဲ့ပြီးတစ်နှစ်အကြာတွင်မိဘနှင့်ကလေးမှတံတွေးနမူနာများကိုလေ့လာခဲ့ပါတယ်။

အဲ့ဒီ ပြဇာတ်အစီအစဉ်မှာပါဝင်တဲ့ မိခင်များအနေဖြင့် ကလေးငယ်တွေနဲ့ကြည်နူးပျော်ရွှင်စွာကစားခဲ့ကြတဲ့အတွက် ကလေးတွေရဲ့ DNA တွင် “ဗီဇလုပ်ငန်းထိန်းချုပ်မှုအပြောင်းအလဲများ” ကြုံခဲ့ရကြောင်းသူတို့တွေ့ရှိခဲ့ရပါတယ်။ ဒါတွေက ဘာတွေကိုပြနေလဲဆိုတော့ ကလေးတွေနဲ့ ကစားပေးခြင်းဟာ ကြီးပြင်းလာမယ့် ကလေးတွေအတွက် လူမှုဆက်ဆံရေးနယ်ပယ်မှာ အခက်အခဲမရှိစေသလို စိတ်ပိုင်းဆိုင်ရာတိုးတက်မှုတွေပိုရရှိစေပြီး ချစ်ခြင်းမေတ္တာ ကြည်နူးမှုနဲ့ ရွှင်လန်းထက်မြက်မှုတွေကို တိုးစေတယ်လို့ဆိုလိုတာပါ့။ ဒါကြောင့်ကလေးတွေရဲ့ စိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာတိုးတက်ကောင်းမွန်ဖို့ ကလေးတွေနဲ့ ငယ်ငယ်တည်းက ဆော့ကစားပေးပါ။

စိတ်လေ့ကျင့်ခန်းကိုပျိုးထောင်ပေးတယ်

ဒါကတော့နဲနဲ အသက်ရလာတဲ့ ကလေးတွေအတွက်ပေါ့နော်.ဘေဘီလေးတွေတော့မပါဘူးပေါ့။ ကလေးတွေရဲ့ စိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာဖွံဖြိုးတိုးတက်အောင် ကျွန်တော်တို့မြန်မာပြည်မှာဆို တရားထိုင်တာပေါ့၊ အနောက်နိုင်ငံတွေမှာတော့ ယောကကစားတာမျိုးတွေလုပ်ပါတယ်။ ဒါတွေက ကလေးတွေကို အကောင်းမြင်တဲ့ စိတ်တွေဖြစ်လာစေပြီး သူတိုကိုသူတို့ တန်ဖိုးထားမှု ယုံကြည်အားကိုးမှုတွေဖြစ်စေတယ်လို့ဆိုပါတယ်. ဒါကြောင့်တစ်ရက်ကို ၅မိနစ်လောက် တရားထိုင်ပါ။ စိတ်လေ့ကျင့်ခန်းတစ်မျိုးမျိုးလုပ်ပေးပါ. ကဲ..ဒီတော့ဘဝမှာ အောင်မြင်ထက်မြက်တဲ့ကလေးမိဘတွေလုပ်တတ်တဲ့ အရာ ၄ ခုကိုသိပြီဆိုတော့ စာဖတ်သူတွေလည်း လုပ်ကြည့်ပေါ့နော်..

#Chit_May_May

#Mg_Htet

REF_KIDHEALTH.COM

LEAVE A REPLY

Please enter your comment!
Please enter your name here