Home Parenting Parent Guide ခေါင်းမာတဲ့ ကလေးတွေကို ပျိုးထောင်ခြင်းအတွက် အကြံပြုချက် (၇)ခု

ခေါင်းမာတဲ့ ကလေးတွေကို ပျိုးထောင်ခြင်းအတွက် အကြံပြုချက် (၇)ခု

0
ခေါင်းမာတဲ့ ကလေးတွေကို ပျိုးထောင်ခြင်းအတွက် အကြံပြုချက် (၇)ခု

ကလေးတစ်ဦးထက်ပိုပြီး မွေးထားတဲ့ မိဘတွေဆိုရင် ကလေးတစ်ဦးချင်းစီရဲ့ စရိုက်တွေက မတူညီကြကြောင်း သက်သေပြနိုင်ပါတယ်။ မေမေတို့ ကလေးက တခြားသက်တူရွယ်တူ ကလေးတွေနှဲ့ နှိုင်းယှဉ်ရင် ဘာ့ကြောင့် မနာခံတတ်တာလဲ ၊ ဘာ့ကြောင့် လိုက်လျောညီထွေ မဖြစ်နိုင်ရတာလဲလို့ တွေးမိပါလိမ့်မယ်။ ဇွတ်တရွတ်နိုင်တဲ့ ကလေးတစ်ယောက်ရှိခြင်းက စိန်ခေါ်မှုတစ်ခု ဖြစ်ပေမယ့် အဲဒါကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာသိရင် အံ့သြစရာကောင်းတဲ့ အတွေ့အကြုံတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ကျွန်မတို့က ခေါင်းမာတဲ့ ကလေးတွေကို ပြုစုပျိုးထောင်ဖို့ အကြံပြုချက်တစ်ချို့ကို မျှဝေပေးချင်ပါတယ်။

ပထမဆုံး အားကောင်းတဲ့ ကာရိုက်တာရှိခြင်းက ချွတ်ယွင်းချက်မဟုတ်ကြောင်း ဟိုက်လိုက်လုပ်ဖို့ အရေးကြီးပါတယ်။ ဒါက ကျွန်မတို့ နှိမ့်ချသင့်တဲ့အရာ မဟုတ်ပါဘူး။ စိတ်နေစိတ်ထား ပျော့ပြောင်းတဲ့ ကလေးတစ်ယောက်ကို ပျိုးထောင်ရတာ လွယ်တယ်ဆိုပေမယ့် ခေါင်းမာတယ်လို့ ကျွန်မတို့ယူဆထားတဲ့ ဒီကလေးငယ်တွေက အမှန်တကယ်မှာ ခေါင်းဆောင်တွေ ဖြစ်လာနိုင်သလို ကမ္ဘာကြီးကို စူးစမ်းလေ့လာလိုစိတ် ပြင်းပြတဲ့ ကလေးတွေ ဖြစ်လာနိုင်ပါတယ်။ ဒီတော့ သူတို့ရဲ့ အကျင့်တွေကို နားလည်ပြီး သူတို့ရဲ့ လိုအပ်ချက်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိထားခြင်းဖြင့် သူတို့ရဲ့ စွမ်းရည်တွေကို အပြည့်အဝ ဖွံ့ဖြိုးလာနိုင်အောင် ပျိုးထောင်ပေးနိုင်ပါတယ်။

ခေါင်းမာတဲ့ကလေးတွေေ၊ ဆက်ဆံရခက်သော စိတ်နေသဘောထားရှိတဲ့ ကလေးတွေ

ခေါင်းမာတဲ့ကလေးတွဟာ စိတ်အလိုမကျလွယ်နိုင်ပြီး ဘာ့ကြောင့် တစ်ခုခုလုပ်ရမှာလဲဆိုတာကို နားလည်ဖို့ လိုအပ်တတ်ပါတယ်။ မေမေတို့ ကလေးက ခေါင်းမာတယ် (သို့) ဒေါသကြီးတယ်လို့ ခံစားရရင် သူဟာ ဆက်ဆံရခက်တဲ့ စိတ်ထားရှိသော ကလေးတစ်ယောက်ဖြစ်နိုင်ပါတယ်။ ၎င်းက ကလေး ၁၀%ခန့်မှာ ရှိနေတတ်ပြီး လသားအရွယ်ကနေ ခွဲခြားသိနိုင်တဲ့ စရိုက်လက္ခဏာတွေ ဖြစ်ပါတယ်။

  • သူတို့ဟာ အပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေကို မကြာခဏ ခံစားရလေ့ရှိပါတယ်။ မကြာခဏငိုပြီး စိတ်တိုလွယ်လေ့ရှိပါတယ်။
  • အိပ်ခြင်း၊ အစာစားခြင်း (သို့) အခြားသော လုပ်ရိုးလုပ်စဉ်တွေကို လိုက်နာဖို့ ခက်ခဲတတ်ပါတယ်။ သူတို့က မကြာခဏ မှန်းဆလို့ မရပါဘူး။
  • ဒါ့အပြင် အပြောင်းအလဲတွေ၊ အသစ်အဆန်းတွေ၊ သူစိမ်းတွေနဲ့ လိုက်လျောညီထွေဖြစ်ဖို့လည်း ခက်ခဲပါတယ်။
  • သူတို့က စိတ်အလိုမကျမှုကို ကောင်းစွာ သည်းမခံနိုင်ကြပါဘူး။ အရာအားလုံးက သူတို့လိုချင်တဲ့အချိန်၊ သူတို့လိုချင်တဲ့ပုံစံ ဖြစ်ရပါမယ်။ တစ်ခုခုလုပ်ဖို့ ဖိအားပေးခံရတဲ့အခါ ဒေါသနဲ့ တုံ့ပြန်နိုင်ပါတယ်။
  • သူတို့ဟာ အဆက်မပြတ် အာရုံစိုက်မှုနဲ့ လှုံ့ဆော်မှု လိုအပ်ပါတယ်။ သူတို့က ငြီးငွေ့လွယ်နိုင်ပေမယ့် အလုပ်က သူတို့ကို လှုံ့ဆော်မှုပေးတဲ့အခါ အားလုံးကို ပြီးမြောက်အောင် လုပ်စွမ်းနိုင်ရှိပါတယ်။

ဒီအရာတွေက သေချာပေါက် ရန်လိုတာမဟုတ်သလို အမူအကျင့်မကောင်းသော ကလေးတွေ(သို့) အကျင့်စာရိတ္တပြဿနာရှိသူတွေ မဟုတ်ဘူးဆိုတာကို မှတ်ထားဖို့ အရေးကြီးပါတယ်။ သူတို့ဟာ နာခံမှုကိုသာရှာဖွေတဲ့ မိဘတွေကို စိန်ခေါ်နိုင်တဲ့ ကာရိုက်တာတစ်ခုမျှသာ ဖြစ်ပါတယ်။ သို့သော်လည်း တခြားရှုထောင့်ကနေ မြှင့်တင်ပေးခြင်းဖြင့် အောင်မြင်မှုကြီးကြီးမားမားတွေကို ရရှိနိုင်ပါတယ်။

ခေါင်းမာတဲ့ (သို့) စိတ်ထက်သန်တဲ့ ကလေးတွေကို ဘယ်လိုပြုစုပျိုးထောင်မလဲ?

မေ့မေ့ကလေးက ဒီအမျိုးအစားထဲမှာဆိုရင် အသုံးဝင်နိုင်စေမယ့် မိဘအုပ်ထိန်းမှု လမ်းညွှန်ချက်တစ်ချို့ကို မျှဝေပေးပါမယ်။

၁။ သူတို့ကိုရွေးချယ်ခွင့်ပေးပါ

မေမေတို့ မြင်ပြီးသားဖြစ်မှာပါ။ ခေါင်းမာတဲ့ ကလေးတွေအတွက်တော့ တခြားသူတွေရဲ့ ဆန္ဒကို လိုက်နာရတာထက် ပိုဆိုးတာ ဘာမှမရှိပါဘူး။ သူတို့ဟာ ကိုယ့်စိတ်ကူးနှင့်ကိုယ် လုပ်ချင်ကြပါတယ်။ ဒါ့ကြောင့် အမိန့်ပေးတာထက် ကလေးကိုယ်တိုင် ရွေးချယ်ဖို့ ထိန်းချုပ်ထားတဲ့ ရွေးချယ်စရာတွေကို ပေးတာက ပိုထိရောက်နိုင်ပါတယ်။


အဝတ်အစား၊ အစားအသောက်ပဲဖြစ်ဖြစ်၊ အပန်းဖြေလှုပ်ရှားမှုတွေပဲဖြစ်ဖြစ် ကလေးကို တခြားရွေးချယ်စရာတွေများစွာနဲ့ တင်ပြပြီး ရွေးချယ်ခွင့်ပေးပါ။ ဒီအရာက ကလေးအား နားထောင်ပေးတယ်၊ ပါဝင်ခွင့်ပေးတယ်လို့ ခံစားရစေမှာ ဖြစ်ပါတယ်။ တစ်ဖက်သတ်နည်းဖြင့် အမိန့်ပေးတဲ့အခါ ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

၂။ ရှင်းပြချက်တွေနဲ့ ကောင်းမွန်တဲ့ ဆွေးနွေးမှုတွေကို ကမ်းလှမ်းပါ

ခိုင်မာတဲ့ စရိုက်လက္ခဏာ (သို့) ဆက်ဆံရခက်တဲ့စိတ်ထားရှိသော ကလေးတွေဟာ များသောအားဖြင့် ဆွေးနွေးမှုကို ကောင်းစွာ တုံ့ပြန်ကြပါတယ်။ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရတာ၊ အလုပ်သစ်တစ်ခု လုပ်ဆောင်ရတာပဲ ဖြစ်ဖြစ် (သို့) သူ့အတွက် အဆင်မပြေသော အခြေအနေတစ်ရပ်ကို ကိုင်တွယ်ဖြေရှင်းရတာပဲဖြစ်ဖြစ် ဘာ့ကြောင့်လဲဆိုတာကို ရှင်းပြဖို့ အချိန်ယူပါ။

၃။ ကလေးရဲ့ ခံစားချက်တွေကို စာနာနားလည်ပေးပါ

ဒီကလေးတွေဟာ အဆိုးမြင်စိတ်တွေကို မကြာခဏ ခံစားရတတ်ပါတယ်။ ဒီအရာက မိဘတွေအတွက် နေ့စဉ်နှင့်အမျှ စိတ်အနှောက်အယှက်ဖြစ်စေပါတယ်။ ကလေးက ရေချိုးဖို့ ၊ အချိန်မှန်အိပ်ရာထဖို့ကဲ့သို့သော ရိုးရှင်းတဲ့အရာတစ်ခုပေါ်မှာ ဘာ့ကြောင့် ဝုန်းဒိုင်းကြဲရသလဲ?၊ ဒီအခြေအနေတွေက ကျွန်မတို့ကို ဒေါသထွက်စေပြီး သူတို့ကို ဖိအားပေးဖို့ ကြိုးစားမိနိုင်ပါတယ်။ အဲဒီအစား သူတို့ကို စာနာနားလည်ပေးဖို့ အချိန်ယူတာက ပိုအကျိုးရှိပါတယ်။

၄။ ကလေးနဲ့ ပူးပေါင်းဆောင်ရွက်ပါ

ကလေးတွေဟာ မိဘစကားကို နာခံရမယ်လို့ ခံယူထားပေမယ့် ဝိုင်းပြီးအမိန့်ပေးခံရတာကို ဘယ်သူမှ မကြိုက်ပါဘူး။ ဒါ့ကြောင့် cooperative သဘောထားကို အသုံးချဖို့ ကြိုးစားနိုင်ပါတယ်။ ” အရုပ်တွေ ကောက်ကြရအောင်” ဒါမှမဟုတ် ” ထမင်းပွဲအတူတူပြင်ကြရအောင်” ကဲ့သို့သော အရာတွေကို ပြောခြင်းနဲ့ လုပ်ခြင်းက “ငါပြောနေတယ်၊ အခုလုပ်လိုက်” ဆိုတာထက် ပိုကောင်းမွန်တဲ့ ရလဒ်တွေကို ပေးလေ့ရှိပါတယ်။

၅။ မေမေတို့ကိုယ်တိုင်က အပျက်သဘောဆောင်တဲ့ တုံပြန်မှုတွေကို ထိန်းချုပ်ပြီး ထိန်းညှိပါ

ဒါက ကျွန်မတို့ မျက်ခြေမပြတ်ရမယ့် အဓိကအချက်ပါ။ ခေါင်းမာတဲ့ ကလေးတစ်ဦးကို ပျိုးထောင်ခြင်းက စိန်ခေါ်မှုဖြစ်ပြီး ကျွန်မတို့ရဲ့ ဒေါသနဲ့ စိတ်အလိုမကျမှုကို နှိုးဆွနိုင်ပါတယ်။ ဒေါသထွက်မိ နိုင်ပါတယ်။ စိုးရိမ်ကြောင့်ကြမှု ဖြစ်လာနိုင်ပါတယ်။ အော်ငေါက်မှု (သို့) ခြိမ်းခြောက်မှုတွေ ကြိမ်ဖန်များစွာ ပြုလုပ်မိနိုင်ပါတယ်။ ဒါပေမယ့် ဒါတွေက ကလေးရဲ့ အဆင်မပြေမှုကိုသာ တိုးစေပြီး ပဋိပက္ခတွေကို ကြီးထွားစေနိုင်ပါတယ်။

မိဘတွေကိုယ်တိုင်က ကိုယ့်ကိုယ်ကို ထိန်းချုပ်နည်းကို ကျင့်သုံးဖို့နဲ့ သူတို့ရဲ့ စိတ်ခံစားချက်တွေကို ထိန်းညှိပေးဖို့၊ သင့်လျော်တဲ့ အသံနေအသံထားကို ထိန်းသိမ်းဖို့၊ စိတ်ရှည်ဖို့ လိုအပ်ပါတယ်။ ဒီနည်းဖြင့် ကလေးက စိတ်တည်ငြိမ်နိုင်စွမ်းရှိလာပြီး သင့်ရဲ့နမူနာကနေ သင်ယူနိုင်မှာ ဖြစ်ပါတယ်။

၆။ ကလေးကို အမှန်တကယ် စိတ်ဝင်စားပါ

ခေါင်းမာတဲ့ (သို့) ဆန္ဒပြင်းပြတဲ့ ကလေးတွေမှာ ပြောစရာတွေ၊ ကြားချင်တာတွေ အများကြီး ရှိတတ်ပါတယ်။ မိဘတွေအနေနဲ့ သူတို့ရဲ့ ထင်မြင်ယူဆချက်၊ သူတို့ရဲ့ဆန္ဒတွေ၊ သူတို့ရဲ့ ကြိုက်နှစ်သက်မှုနဲ့ မကြိုက်မှုတွေကို စိတ်ဝင်စားပေးတာဟာ သူတို့အတွက်ကတော့ တကယ့်လက်ဆောင်ပါပဲ။ ကလေးရဲ့ ဝါသနာ၊ သူတို့ရဲ့ စိတ်ဆန္ဒတွေကို တကယ်စိတ်ဝင်စားပေးပါ။ သူတို့နဲ့အတူ အချိန်ဖြုန်ပေးပါ။ သူတို့ရဲ့ အစပျိုးမှုတွေကို အားပေးပါ။ သူတို့ရဲ့အကြိုက်တွေကို မျှဝေပါ။

ဒီအချက်တွေက အပြန်အလှန်ယုံကြည်မှု၊ ချစ်ခြင်းမေတ္တာနဲ့ လေးစားမှုတို့အကြား ကျန်းမာပြီး ခိုင်မာသော ဆက်ဆံရေးကို တည်ဆောက်ပေးမှာဖြစ်ပါတယ်။ ကလေးရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရရှိဖို့ ပိုလွယ်စေမှာဖြစ်ပါတယ်။

၇။ ကလေးကို တခြားကလေးတွေနဲ့ နှိုင်းယှဉ်တာမျိုးမှ ရှောင်ကြဉ်ပါ

နောက်ဆုံးအနေနဲ့ပြောရရင် သင့်ကလေးကို တခြားကလေးတွေနဲ့ မနှိုင်းယှဉ်ပါနဲ့။ သူတို့ရဲ့ မွေးချင်းမောင်နှမတွေ၊ ဝမ်းကွဲတွေ (သို့) သက်တူရွယ်တူတွေက လိုက်လျာညီထွေဖြစ်တယ်၊ တောင်းဆိုမှုနည်းတယ်၊ ဆက်ဆံရလွယ်တဲ့ စိတ်ထားမျိုး ရှိကောင်းရှိနိုင်တယ်ဆိုတာ အမှန်ပါပဲ။ ဒါပေမယ့် လူတိုင်းက အထူးသဖြင့် သူတို့အချစ်ဆုံးလူတွေနဲ့ နှိုင်းယှဉ်ခံရတာမျိုး၊ နှိမ့်ချခံရတာမျိုးဆိုရင် မကြိုက်ကြပါဘူး။ ဒါ့ကြောင့် ကလေးရဲ့ အကျင့်နဲ့ သူ့ကို ထူးခြားစေတဲ့အရာကို တန်ဖိုးထားပေးပါ။ သူတို့ကို ပြောင်းလဲဖို့ မကြိုးစားပါနဲ့။ သူရဲ့ ခေါင်းဆောင်မှု၊ ဉာဏ်ပညာနဲ့ စိတ်အားထက်သန်သော စိတ်ခံစားချက်တွေကို တန်ဖိုးထားပေပါ။

မိဘ ဘဝဆိုတာက အမိန့်ပေးခြင်းနှင့် မပတ်သတ်ဘဲ တခြားလူသားတစ်ဦးရဲ့ ကြီးထွားမှုကို သူလိုအပ်တဲ့ပုံစံအတိုင်း လိုက်ပါပေးခြင်းနှင့် ပတ်သတ်တယ်ဆိုတာ သင်နားလည်လာပါလိမ့်မယ်။ မျှော်လင့်ထားတာထက် ပိုပင်ပန်းမှာဖြစ်ပေမယ့်လည်း ဒါက အရမ်းအကျိုးရှိမှာဖြစ်ပါတယ်။

Chit_MayMay

Nandar

Source-steptohealth

LEAVE A REPLY

Please enter your comment!
Please enter your name here