ခံနိုင်ရည်ရှိသော ကလေးတွေပြုစုပျိုးထောင်ဖို့ သော့ချက်များ

0
226
- Advertisement -

ခံနိုင်ရည်ရှိခြင်းဆိုတာ စွမ်းရည်တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်မတိုဖွံ့ဖြိုးလာစေဖို့နှင့် သင်ယူဖို့လိုအပ်တဲ့အရာဖြစ်ပါတယ်။ ၎င်းက အဖြစ်ဆိုးတွေ၊ စိတ်ဒဏ်ရာတွေနှင့် ကံဆိုးမှုတွေကြုံတွေ့ရခြင်းနှင့် ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကောင်းကောင်းကျော်ဖြတ်နိုင်မယ့် အရည်အချင်းတစ်ခုဖြစ်ပါတယ်။ သင့်အနေနဲ့ သူတို့ကို စိတ်ဖိစီးမှုတွေကို ဘယ်လိုစီမံခန့်ခွဲရမယ်ဆိုတာအပြင် စိုးရိမ်ပူပန်မှုတွေရဲ့ ခံစားချက်တွေ (သို့) ရှုပ်ထွေးတဲ့အချိန်တွေမှာ မသေချာမရေရာမှုတွေကို ခံနိုင်ရည်ရှိရှိခံစားနိုင်ဖို့ ကူညီနိုင်ပါတယ်။

အပြောင်းအလဲတွေနဲ့ ကျပ်တည်းလွန်းတဲ့ ကာလတွေနဲ့ ပတ်သက်လာရင် ခံနိုင်ရည်မရှိမဖြစ်လိုအပ်ပါတယ်။ ဒဏ်ခံနိုင်သော လူတွေဟာ သင်ခန်းစာအဖြစ် ပြဿနာတွေကောင်းကောင်းအသုံးချနိုင်ပါတယ်။ အမှားမလုပ်ရုံနဲ့ အခက်အခဲတွေ မခံစားရတော့ဘူးလို့ မဆိုလိုပါ။ ဒါ့ကြောင့် ကလေးတွေကို အမှားမလုပ်မိအောင်ပဲ မသင်ပေးပါနဲ့။ သားသားမီးမီးတို့အနေနဲ့ အခက်အခဲတွေကို ရင်ဆိုင်နိုင်ပြီး ခံနိုင်ရည်ရှိသူတွေဖြစ်ဖို့ ဒီလိုပျိုးထောင်နည်းတွေနဲ့ ပျိုးထောင်ပါ။

၁။ ကန့်သတ်ချက်တွေ သတ်မှတ်ပါ

တစ်စုံတစ်ယောက်ရဲ့ နာကျင်မှုတွေကို ခံစားတတ်စေဖို့၊ စာနာမှုတွေကို ခံစားတတ်စေဖို့ သူငယ်ချင်းတွေကို ဘယ်လိုမိတ်ဖွဲ့ရမယ်ဆိုတာ သင်ပေးပါ။ တစ်ခြားလူတွေကို မိတ်ဆွေဖွဲ့ဖို့လည်း တွန်းအားပေးပါ။ အခြားလူတွေနဲ့ ဆက်ဆံခြင်းဟာ လူမှုဆက်ဆံရေးကို အထောက်အပံ့ပေးနိုင်ပြီး ကိုယ်တိုင်အတွက်လည်း ခံနိုင်ရည်တွေရှိလာစေနိုင်ပါတယ်။ ဒါ့အပြင် ခိုင်မာတဲ့မိသားစုကွန်ယက်တစ်ခုတည်ဆောက်ခြင်းဟာ မလွဲမရှောင်သာစိတ်ပျက်စရာတွေနှင့် နာကျင်မှုတွေကြုံတွေ့ရချိန်မှာ ကျွန်မတို့ရဲ့ ကလေးတွေကို ထောက်ပံ့မှုတွေရရှိစေနိုင်ပါတယ်။

၂။ တစ်ခြားလူတွေကို ကူညီနိုင်ဖို့ သင်ပေးပါ

တစ်ခြားလူတွေကို ကူညီခြင်းဟာ ကလေးတွေကို ဘာမှမလုပ်နိုင်ဘူးဆိုတဲ့ ခံစားချက်တွေကို ကျော်လွှားသွားစေနိုင်ပါတယ်။ သင့်ကလေးတွေကို အသက်အရွယ်အလိုက် စေတနာ့ဝန်ထမ်းအလုပ်တွေမှာ ပါဝင်တတ်ဖို့ တိုက်တွန်းပါ။ သင့်ရဲ့ အိမ်ပတ်ပတ်လည်မှာရှိတဲ့ အရာတွေကို တတ်နိုင်တာတွေကူလုပ်ပေးဖို့ တောင်းဆိုခြင်းကလည်း အကျိုးရှိနိုင်ပါတယ်။

၃။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်တတ်ဖို့ သင်ပေးပါ

အစားအစာကောင်းကောင်းစားဖို့၊ လေ့ကျင့်ခန်းလုပ်ဖို့နှင့် အနားယူဖို့၊ အချိန်ယူခြင်းရဲ့ အရေးကြီးမှုတွေကို သင်ပေးပါ။ သူတို့မှာ ပျော်စရာအချိန်တွေရှိစေဖို့နှင့် သူတို့ရဲ့ ဘဝမိနစ်တိုင်းကို အနားယူခွင့်မပေးဘဲ တောက်လျှောက်စီစဉ်ထားတာမျိုး မလုပ်ပါနဲ့။ မိမိကိုယ်ကိုယ်ဂရုစိုက်ခြင်းက ပျော်စရာဖြစ်မယ်ဆိုရင်တောင် မျှတမှုကို ထိန်းသိမ်းဖို့နှင့် စိတ်ဖိစီးမှုများသော ကလေးတွေကို အောင်မြင်စွာရင်ဆိုင်နိုင်ဖို့ ကလေးတွေကို ကူညီပေးနိုင်ပါတယ်။

၄။ ပန်းတိုင်သတ်မှတ်ပေးပါ

ကြံ့ခိုင်သော ကလေးတွေကို ပျိုးထောင်ရာမှာ ပန်းတိုင်ကိုချမှတ်ဖို့ သင့်ကလေးတွေကို သင်ပေးပါ။ သို့မှသာ ၎င်းကို အောင်မြင်ဖို့ တဖြည်းဖြည်းလုပ်ဆောင်နိုင်မှာပါ။ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိခြင်းနှင့် ဒီလိုလုပ်နိုင်ခြင်းအတွက် ချီးမွမ်းခြင်းကို ရရှိခြင်းက ကလေးတွေက သူတို့မအောင်မြင်ခဲ့တဲ့အရာတွေအပေါ်မှာမဟုတ်ဘဲ သူတို့ရဲ့ အောင်မြင်မှုတွေပေါ် အာရုံစူးစိုက်ဖို့ ကူညီနိုင်ပါလိမ့်မယ်။ ၎င်းတို့က ဘဝလမ်းခရီးမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ ခံနိုင်ရည်ရှိလာအောင် ကူညီနိုင်ပါတယ်။

၅။ ကိုယ့်ကိုယ်ကိုယ်လေးစားမှုကို အပြုသဘောတွန်းအားပေးပါ

အခက်အခဲတွေကြားကနေ သူတို့အောင်မြင်စွာ စီမံနိုင်ခဲ့တဲ့ အတိတ်အခြေအနေကို သင့်ကလေးတွေကို သတိပေးပါ။ ဒါ့ကြောင့် အတိတ်ကစိန်ခေါ်မှုတွေဟာ အနာဂတ်စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ခွန်အားဖွံ့ဖြိုးလာစေဖို့ ကူညီနိုင်လိမ်မ့ယ်လို့ သူတို့နားလည်အောင် ကူညီပါ။

Chit_May_May

Nyein_Thu

Ref-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here