ချစ်မေမေတို့နောက်ကျောနာကျင်တဲ့ဝေဒနာကင်းဝေးဖို့အတွက် နည်းလမ်းများ

0
238
- Advertisement -

ချစ်မေမေတို့က မိခင်ဘဝကိုရောက်လာပြီဆိုတာနဲ့ ပုံမှန်အိမ်အလုပ်နဲ့ဗာဟီရကိစ္စတွေအပြင် သားသားမီးမီးလေးတွေကိုပါ ဂရုစိုက်ရတာကြောင့် ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ကောင်းကောင်းဂရုစိုက်ဖို့ ပျက်ကွက်လာကြပါတယ်။ တစ်နေကုန်၊ တစ်နေခမ်း အိမ်အလုပ်တွေနဲ့ လုံးပမ်းရတာကြာလာတာနဲ့အမျှ ကိုယ့်ရဲ့ခန္ဓာကိုယ်ကလည်း ဖောက်လွဲဖောက်ပြန်ဖြစ်လာမှာဖြစ်ပြီး အထူးသဖြင့် မေမေတို့အများစုမှာ နောက်ကျောနာကျင်တဲ့ဝေဒနာကို အများဆုံးခံစားရလေ့ရှိပါတယ်။ အဲ့ဒါကြောင့် ဒီဝေဒနာတွေကို ရှောင်ရှားနိုင်မယ့်နည်းလမ်းကောင်းတွေကို ချစ်မေမေတို့အတွက် မျှဝေပေးချင်ပါတယ်။

၁။ ခန္ဓာကိုယ်အနေအထား။

ကိုယ့်ရဲ့ခန္ဓာကိုယ်ကဘယ်လိုထိုင်တယ်၊ ဘယ်လိုမတ်တပ်ရပ်တယ်၊ ဘယ်လိုမျိုးသွားလာလှုပ်ရှားတယ်ဆိုတဲ့အချက်က နောက်ကျောကို တိုက်ရိုက်အကျိုးသက်ရောက်နိုင်ပါတယ်။ အဲ့ဒါကြောင့်ချစ်မေမေတို့အနေနဲ့ သားသားမီးမီးတို့ကို ချီတော့မယ်ဆိုရင်ပဲဖြစ်ဖြစ်၊ ပစ္စည်းတစ်ခုခုကို ယူတော့မယ်ဆိုရင်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို ကွေးညွတ်လိုက်မယ့်အစား ဒူးခေါင်းကိုပဲတတ်နိုင်သလောက်ကွေးပြီး ကိုယ်ယူစရာရှိတာကို ယူဆောင်သင့်ပါတယ်။

- Advertisement -

၂။ သားသားမီးမီးတို့ကိုချီထားတဲ့အချိန်။

သားသားမီးမီးတို့ကိုချီထားတဲ့အချိန်မှာ လက်တစ်ဖက်တည်းကို အသုံးပြုတာထက် လက်နှစ်ဖက်ကို အသုံးပြုတာက သားသားမီးမီးတို့အတွက် ပိုပြီးဘေးကင်းသလို ချစ်မေမေတို့ရဲ့လက်မောင်းနဲ့နောက်ကျောအတွက်လည်း နာကျင်မှုဝေဒနာတွေကနေ ကင်းဝေးစေနိုင်ပါတယ်။

၃။ သားသားမီးမီးတို့ကို လမ်းလျှောက်သင်တဲ့အချိန်။

သူတို့လေးတွေ လမ်းစလျှောက်ပြီဆိုရင် မေမေတို့ကပဲ ဘေးကနေ အများဆုံးလိုက်လံထိန်းကျောင်းပေးရတာပါ။ အဲ့ဒီအခါကျရင်လည်း အပေါ်မှာပြောထားတဲ့အတိုင်း ခါးကိုကုန်းလိုက်တာထက်စာရင် ဒူးခေါင်းကိုသာ ညွတ်ကွေးပြီး သူတို့လက်ကိုတွဲရင်း လမ်းအတူတူလျှောက်သင့်ပါတယ်။

၄။ တင်ပါးဆုံအား အသုံးပြုခြင်းကို ရှောင်ကြဥ်ပါ။

အလုပ်များတဲ့မေမေတို့က သားသားမီးမီးတို့ကို ချီထားရမယ်ဆိုရင် သူတို့လေးတွေကို အဝတ်နဲ့သိုင်းပြီး တင်ပါးဆုံအနောက်နားမှာ ချီထားတတ်ပါတယ်။ ဒါပေမယ့် အဲ့ဒီလိုပြုလုပ်ခြင်းက ချစ်မေမေတို့ရဲ့ ကျောကုန်းကြွက်သားတွေကို ပိုပြီးဖိအားဖြစ်စေမှာပါ။ တကယ်လို့ အလုပ်လည်းလုပ်ရင်း သူတို့လေးတွေကို ချီထားဖို့ လိုအပ်တယ်ဆိုရင်တော့ အဲ့ဒီလိုမျိုးအနောက်မှာ ချီထားတာထက်စာရင် ဘေးတိုက်ချီထားတာက ပိုပြီးကောင်းမွန်ပါတယ်။ ဒါ့အပြင် တစ်ဖက်တည်းမှာပဲ အကြာကြီးချီထားတာမျိုး မလုပ်ဘဲ မကြာခဏဆိုသလို ဘယ်နဲ့ညာကို အလှည့်အပြောင်းလေးပြုလုပ်ပေးပါ။

၅။ လေ့ကျင့်ခန်းပြုလုပ်ပါ။

ချစ်မေမေတို့အများစုက လုပ်ငန်းတာဝန်တွေ အင်မတန်မှများပြားလွန်းတာကြောင့် လေ့ကျင့်ခန်းလုပ်ဖို့ ပျင်းတတ်ကြပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ခန္ဓာကိုယ်မှာ လိုအပ်တဲ့ခွန်အားတွေနဲ့တစ်ရှူးပြန်လည်တည်ဆောက်မှုတွေအတွက် သင့်တော်တဲ့လေ့ကျင့်ခန်းကို အမြဲတမ်းမဟုတ်တောင် မကြာခဏဆိုသလို အချိန်ပေးပြီး ပြုလုပ်သင့်ပါတယ်။ အဲ့ဒါဆိုရင်တော့ ချစ်မေမေတို့ အများစုရင်ဆိုင်ရလေ့ရှိတဲ့ နောက်ကျောနာကျင်အောင့်အီးတဲ့ဝေဒနာတွေကနေ လွတ်မြောက်နိုင်မှာဖြစ်ပါတယ်လို့ အကြံပေးလိုက်ရပါတယ်ရှင်။

#HM

#ChitMayMay

Source: momjunction

LEAVE A REPLY

Please enter your comment!
Please enter your name here