ဆောင်းရာသီဆိုတာဟာ ကလေးငယ်တွေအတွက်တော့ နှစ်တစ်နှစ်လုံးမှာ အင်မတန်ကို ပျော်စရာကောင်းတဲ့ အချိန်ဖြစ်ပါတယ်။ ရာသီဥတုကလည်း တဖြည်းဖြည်းအေးလာလို့ နေလို့ထိုင်လို့ကောင်းပြီး ကျောင်းပိတ်ရက်တွေကလည်း နီးကပ်နေပြီမို့လို့ အပျော်ဆုံးပဲပေါ့။ ဒါပေမယ့် ဆောင်းရာသီဆိုတာကလည်း အေးချမ်းတဲ့ရာသီဖြစ်တဲ့အတွက် သေချာဂရုတစိုက်နဲ့ နေထိုင်မှုမရှိဘူးဆိုရင်တော့ ဖျားနာမှုတွေဖြစ်လာနိုင်လို့ ကလေးတွေအတွက် အစောကြီးကတည်းက ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားရပါမယ်။
ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကျွေးပါ

အိမ်နဲ့ ကလေးတွေကျောင်းက ရောဂါပိုးမွှားတွေကို စိတ်တိုင်းကျမဖယ်ရှားနိုင်ပေမယ့်လည်း သူတို့လေးတွေရဲ့ ကိုယ်ခံအားကိုတော့ မြှင့်တင်ပေးနိုင်ပါတယ်။ သကြားဓာတ်က ဘက်တီးရီးယားတွေကို တိုက်ထုတ်နိုင်မယ့် သွေးဆဲလ်တွေရဲ့ စွမ်းရည်ကို လျော့ကျစေတာကြောင့် သကြားစားသုံးမှုကို ဟန့်တားပေးပါ။ ထိုအစား အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေ များများကျွေးပါ။
ရေများများတိုက်ပါ

ရေသောက်သုံးခြင်းက အစာခြေစနစ်အတွင်းရှိ ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေကို ဖယ်ရှားပစ်ရန် ကူညီပေးပါတယ်။ ဆောင်းရာသီမှာ ဆိုဒါတွေ၊ အချိုဓာတ်ရှိတဲ့ ဖျော်ရည်တွေအစား ကလေးတွေကို ရေသာတိုက်ပေးပါ။
ဖျားနာမှုကင်းဝေးဖို့ ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းလေးတွေ သင်ပေးပါ

အိမ်မှာပဲဖြစ်ဖြစ်၊ ကျောင်းမှာပဲဖြစ်ဖြစ် ရောဂါပိုးမွှားတွေ ကူးစက်မလာအောင် ကာကွယ်နိုင်မယ့် နည်းလမ်းလေးတွေကို သိအောင်လို့ သင်ပေးပါ။ ဘက်တီးရီးယားတွေမရှိအောင် လက်မှန်မှန်ဆေးတာ၊ နှာချေတဲ့အခါ ပါးစပ်နဲ့နှာခေါင်းပိတ်တာ စတဲ့ အလေ့အကျင့်လေးတွေကို သင်ကြားပေးဖို့ လိုအပ်ပါတယ်။
နွေးနွေးထွေးထွေးဝတ်စားပေးပါ

လူကြီးတွေထက်ကို ပိုပြီးတော့ ကလေးငယ်တွေက အဝတ်အစားကိုတစ်ထပ်ပိုပြီး ဝတ်စားပေးသင့်ပါတယ်။ ပါးပါးလေးတွေပဲဝတ်ဆင်ခြင်းက ကိုယ်တွင်းကအပူဓာတ်ကို လျော့ကျပြီး အအေးဓာတ်များသွားနိုင်တာကြောင့် နွေးနွေးထွေးထွေး ထားပေးပါ။
#Chit_May_May
#Thinzar
Ref-aptparenting
Zawgyi
ခ်မ္းေအးတဲ့ေဆာင္းရာသီမွာ ကေလးငယ္ေတြကို ေႏြးေႏြးေထြးေထြးနဲ႔ က်န္းက်န္းမာမာရွိေနေစဖို႔အတြက္
ေဆာင္းရာသီဆိုတာဟာ ကေလးငယ္ေတြအတြက္ေတာ့ ႏွစ္တစ္ႏွစ္လုံးမွာ အင္မတန္ကို ေပ်ာ္စရာေကာင္းတဲ့ အခ်ိန္ျဖစ္ပါတယ္။ ရာသီဥတုကလည္း တျဖည္းျဖည္းေအးလာလို႔ ေနလို႔ထိုင္လို႔ေကာင္းၿပီး ေက်ာင္းပိတ္ရက္ေတြကလည္း နီးကပ္ေနၿပီမို႔လို႔ အေပ်ာ္ဆုံးပဲေပါ့။ ဒါေပမယ့္ ေဆာင္းရာသီဆိုတာကလည္း ေအးခ်မ္းတဲ့ရာသီျဖစ္တဲ့အတြက္ ေသခ်ာဂ႐ုတစိုက္နဲ႔ ေနထိုင္မႈမရွိဘူးဆိုရင္ေတာ့ ဖ်ားနာမႈေတြျဖစ္လာႏိုင္လို႔ ကေလးေတြအတြက္ အေစာႀကီးကတည္းက ႀကိဳတင္ကာကြယ္မႈေတြ ျပဳလုပ္ထားရပါမယ္။
က်န္းမာေရးနဲ႔ညီၫြတ္တဲ့ အစားအေသာက္ေတြေကြၽးပါ
အိမ္နဲ႔ ကေလးေတြေက်ာင္းက ေရာဂါပိုးမႊားေတြကို စိတ္တိုင္းက်မဖယ္ရွားႏိုင္ေပမယ့္လည္း သူတို႔ေလးေတြရဲ႕ ကိုယ္ခံအားကိုေတာ့ ျမႇင့္တင္ေပးႏိုင္ပါတယ္။ သၾကားဓာတ္က ဘက္တီးရီးယားေတြကို တိုက္ထုတ္ႏိုင္မယ့္ ေသြးဆဲလ္ေတြရဲ႕ စြမ္းရည္ကို ေလ်ာ့က်ေစတာေၾကာင့္ သၾကားစားသုံးမႈကို ဟန႔္တားေပးပါ။ ထိုအစား အသီးအႏွံေတြနဲ႔ ဟင္းသီးဟင္း႐ြက္ေတြ မ်ားမ်ားေကြၽးပါ။
ေရမ်ားမ်ားတိုက္ပါ
ေရေသာက္သုံးျခင္းက အစာေျခစနစ္အတြင္းရွိ ဗိုင္းရပ္စ္ေတြ၊ ဘက္တီးရီးယားေတြကို ဖယ္ရွားပစ္ရန္ ကူညီေပးပါတယ္။ ေဆာင္းရာသီမွာ ဆိုဒါေတြ၊ အခ်ိဳဓာတ္ရွိတဲ့ ေဖ်ာ္ရည္ေတြအစား ကေလးေတြကို ေရသာတိုက္ေပးပါ။
ဖ်ားနာမႈကင္းေဝးဖို႔ ႀကိဳတင္ကာကြယ္ႏိုင္မယ့္ နည္းလမ္းေလးေတြ သင္ေပးပါ
အိမ္မွာပဲျဖစ္ျဖစ္၊ ေက်ာင္းမွာပဲျဖစ္ျဖစ္ ေရာဂါပိုးမႊားေတြ ကူးစက္မလာေအာင္ ကာကြယ္ႏိုင္မယ့္ နည္းလမ္းေလးေတြကို သိေအာင္လို႔ သင္ေပးပါ။ ဘက္တီးရီးယားေတြမရွိေအာင္ လက္မွန္မွန္ေဆးတာ၊ ႏွာေခ်တဲ့အခါ ပါးစပ္နဲ႔ႏွာေခါင္းပိတ္တာ စတဲ့ အေလ့အက်င့္ေလးေတြကို သင္ၾကားေပးဖို႔ လိုအပ္ပါတယ္။
ေႏြးေႏြးေထြးေထြးဝတ္စားေပးပါ
လူႀကီးေတြထက္ကို ပိုၿပီးေတာ့ ကေလးငယ္ေတြက အဝတ္အစားကိုတစ္ထပ္ပိုၿပီး ဝတ္စားေပးသင့္ပါတယ္။ ပါးပါးေလးေတြပဲဝတ္ဆင္ျခင္းက ကိုယ္တြင္းကအပူဓာတ္ကို ေလ်ာ့က်ၿပီး အေအးဓာတ္မ်ားသြားႏိုင္တာေၾကာင့္ ေႏြးေႏြးေထြးေထြး ထားေပးပါ။