ငယ်ရွယ်တဲ့ အသက်၅နှစ်အောက် ကလေးတွေအတွက် ကိုယ်လက်လှုပ်ရှားမှု

0
255
- Advertisement -

အသက်အရွယ်၊ ကျားမ မရွေး ကျန်းမာသက်ရှည်ဖို့အတွက် နေ့စဉ်ကိုယ်လက်လှုပ်ရှားမှု လိုအပ်သလို ငယ်ရွယ်တဲ့ ကလေးတွေ အတွက်လည်း ကိုယ်လက်လှုပ်ရှားမှုဆိုတာ လိုအပ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု ရှိခြင်းဖြင့် ကလေးတွေဟာ ငယ်စဉ်ကတည်းက အဝလွန်တာ၊ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု နှေးကွေးတာနှင့် ရောဂါထူတာတွေ မဖြစ်စေပါဘူး။ ကိုယ့်ကလေးတွေကို ကျန်းမာသွက်လက်ပြီး ထက်မြက်တဲ့ ကလေးတွေဖြစ်စေဖို့ နေ့စဉ် ကိုယ်လက်လှုပ်ရှားတဲ့ အမူအကျင့်လေးတွေ ပျိုးထောင်ပေးပါ။

နေ့စဉ်ကိုယ်လက်လှုပ်ရှားမှု -ပျော်စရာကို အာရုံစိုက်ခြင်း

ကလေးငယ်တွေ၊ မူကြိုကလေးတွေအတွက် ကိုယ်လက်လှုပ်ရှားမှုကို ရွေးချယ်တဲ့အခါ ပျော်စရာကောင်းတဲ့ လှုပ်ရှားမှုတွေကို focus ထားပေးပါ။ ကလေးက သူတို့လုပ်နေတဲ့အရာတွေ ပျော်စရာကောင်းမှ သူတို့ဆက်လုပ်ချင်မှာပါ။ ထို့အပြင် ကလေးအတွက် ပျော်စရာကောင်းတဲ့ ကိုယ်ကာယလှုပ်ရှားမှုက ကောင်းစွာရွေ့လျားနိုင်စွမ်းကို တိုးပွားစေပါတယ်။ ကိုယ်လက်လှုပ်ရှားမှုက ကလေးရဲ့ နေ့စဉ် ကစားတဲ့ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်နိုင်ပြီး ငယ်စဉ်ကတည်းက အစပြုနိုင်ပါတယ်။

- Advertisement -

အသက် ၂နှစ်အောက် ကလေးတွေအတွက် ကိုယ်ကာယလှုပ်ရှားမှု

မွေးကင်းစမှ ၁၂လ သားကလေးတွေအတွက် လွတ်လပ်စွာ သွားလာဖို့ လုံခြုံစိတ်ချရတဲ့ နေရာဖြစ်ရပါမယ်။ လှိမ့်ခြင်း၊ တွားသွားခြင်း၊ လေးဘက်ထောက်သွားခြင်း၊ ထိုင်ခြင်း၊ အရာဝတ္တုတွေကို ဆွဲခြင်းနှင့် လမ်းလျှောက်ခြင်းကဲ့သို့သော ဖွံ့ဖြိူးမှု skill တွေနဲ့ ကလေး စူးစမ်းလေ့လာဖို့ အားပေးတဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်ရပါမယ်။ ကလေးဟာ အိမ်ထဲမှာဖြစ်စေ၊ ပြင်ပမှာဖြစ်စေ တတ်ကြွစွာ လုပ်ဆောင်နိုင်ပါတယ်။ ကလေးတွေကို အိမ်ပြင်ထွက်ပေးခြင်းဖြင့် ကြွက်သားတွေ သန်မာဖို့၊ ဖန်တီးရန် စဉ်းစားဖို့နှင့် ပတ်ဝန်းကျင်အကြောင်း ပိုမိုလေ့လာဖို့ အခွင့်အလမ်းတွေ ပေးနိုင်ပါတယ်။

ကလေး လမ်းမလျှောက်နိုင်ခင်မှာ

ဘေဘီလေးတွေဟာ ခြေဆန့်လက်ဆန့်နှင့် ကစားလိုကြပါတယ်။ ခေါင်းနိုင်အောင် လေ့ကျင့်ဖို့ သန့်ရှင်းပြီး safe ဖြစ်တဲ့ ကြမ်းပြင်ပေါ်မှာ စောင်ကြီးကြီးတစ်ခုခင်းပေးပြီး မှောက်ပေးထားပါ။ ဒါက သူတို့ရဲ့ ကြွက်သားအားကောင်းမှုကို ဖွံ့ဖြိုးစေပါတယ်။သြစတြေးလျ လမ်းညွှန်ချက်များအရ ကလေးအိပ်ရာကနိုးတဲ့အချိန်မှာ တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀လောက် မှောက်ခုံမှောက်ပေးပါလို့ ဆိုထားပါတယ်။ ကြမ်းပြင်ပေါ်မှာ စောင်ခင်းပေးခြင်းဖြင့် ကလေးငယ်လှိမ့်ဖို့၊ တွားသွားဖို့နှင့် ထိုင်တာ သင်ယူဖို့ နေရာကောင်းဖြစ်ပါတယ်။ တကယ်လို့ ကစားစရာ (သို့) အရာဝတ္တုတစ်ခုကို လက်လှမ်းမမှီတဲ့ နေရာမှာထားပါက အဲဒီကိုရောက်ရှိဖို့ ကလေးအားစိုက်ထုတ်ရပါတယ်။ ဒါက ကိုယ်ကာယ ဖွံ့ဖြိုးတိုးတတ်မှုကို ကူညီနိုင်ပါတယ်။

အထဲမှာ အသံထွက်စေတဲ့အရာ ထည့်ထားတဲ့ ပလတ်စတစ်ဘူးတွေ၊ ကလေးဆုပ်ကိုင်နိုင်တဲ့ အရုပ်လေးတွေ ပေးထားပါ။ အတွင်းပိုင်းက အရာကို ထုတ်မရနိုင်အောင် ဘူးအဖုံးကို အရမ်းတင်းကျပ်စွာ ပိတ်ထားဖို့ လိုအပ်ပါတယ်။ အရောင်တောက်တောက်လေးတွေ၊ အစက်အပြောက်၊ ကြယ်လေးတွေဆွဲထားတာ၊ အရောင်တောက်တောက်မျက်နှာပြင်နှင့် အသံမျိုးစုံက ကလေးကို စိတ်ဝင်စားစေနိုင်ပါတယ်။ ကလေးကို ကြမ်းပြင်ပေါ်မှာ ချထားရင် ကလေးအတွက် အန္တရာယ်ရှိနိုင်တဲ့ အရာများကို ဖယ်ရှားပါ။ ကလေးဘေးနားမှာ စောင့်ကြည့်နေ့ပါ။

ကလေးလမ်းစလျှောက်တဲ့ အချိန်မှာ

သင့်ကလေး လမ်းစလျှောက်ပြီဆိုတာနဲ့ လက်ကိုကိုင်ပြီး သူ့ကို မကြာခဏ လမ်းလျှောက်စေခြင်းဖြင့် အားတတ်စေအောင် တိုက်တွန်းပေးနိုင်ပါတယ်။ ဒါက တွန်းလှည်းထဲက ထုတ်ထားတဲ့ အချိန်တွေကို ပြောတာပါ။
ဒီအချိန်ဟာ လှုပ်ရှားမှုကို အားပေးတဲ့ activities နှင့် အရာဝတ္တုတွေကို ရှာဖွေဖို့ အရမ်းကောင်းတဲ့ အချိန်ဖြစ်ပါတယ်။ ဥပမာအားဖြင့် ကစားကွင်းထဲက slide တစ်ခုကို တတ်ဖို့ ကူညီပေးတဲ့အခါ သူ့ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနှင့် ဟန်ချက်ညီမှုကို တည်ဆောက်ပေးနိုင်ပါတယ်။ ကလေးကို လှေကားတတ်ဖို့အတွက် လမ်းခင်းပေးတဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။

အသက် ၂နှစ်မှ ၅နှစ် ကလေးတွေအတွက် ကိုယ်ခန္ဓာ လှုပ်ရှားမှု

ကလေးငယ်တွေနဲ့ မူကြိုကလေးတွေဟာ ကစားဖို့နှင့် ပြေးဖို့ အချိန်များစွာ လိုအပ်ပါတယ်။ နောက်ဖေးကွက်လပ်၊ ကျောင်းကစားကွင်း အားကစားကွင်းအလွတ်နှင့် ပန်းခြံတွေ၊ ကမ်းခြေတွေဟာ ဒီအသက်အရွယ်ကလေးတွေအတွက် နေရာကောင်းတွေဖြစ်ပါတယ်။

လေမှုတ်ဘောလုံးကြီးတစ်ခုကို ဖမ်းတာ၊ ကန်တာ။ ပုတ်တာ၊ ပြန်ကန်ထွက်အောင်ပစ်တာ စသဖြင့် သင်ပေးနိုင်ပါတယ်။ သေးငယ်ပြီး ကိုင်လို့လွယ်တဲ့ တင်းနစ်ဘောလုံးလို ဘောလုံးမျိုးနှင့်လည်း ပေးကစားနိုင်ပါတယ်။

လှုပ်ရှားမှုအမျိုးမျိုး ပါဝင်တဲ့ ဂိမ်းတွေပြုလုပ်ပါ။ ဥပမာအားဖြင့် ကလေးအား ပူဖောင်းတွေ လိုက်ဖမ်းဖို့၊ မြေဖြူတားထားတဲ့ လမ်းပေါ်မှာ လမ်းလျှောက်ဖို့ ၊ မြေပြင်ပေါ်ရှိ အို်ငတွေ၊ အက်ကြောင်တွေကို ခုန်ကျော်ဖို့ ဖြစ်ပါတယ်။

ဂီတအမျိုးမျိုး ဖွင့်ပေးပါ။ ဒါက စည်းချက်နှင့်အညီ ကလေးကခုန်ဖို့ အားပေးနိုင်ပါတယ်။
လမ်းလျှောက်ခြင်းနှင့် ကလေးနှင့်အတူ ပြေးနည်းအချို့ကို တီထွင်ပါ။ မျောက်ကဲ့သို့ပြေးတာ၊ ယုန်ကဲ့သို့ခုန်တာ၊ ငှက်လို အတောင်ပံခတ်ဖို့ ကြိုးစားနိုင်ပါတယ်။

ကလေး စက်ဘီးစီးနို်ငတဲ့ အရွယ်ရောက်ပြီဆိုရင် သင့်ရဲ့ ကြီးကြပ်မှုအောက်မှာ စက်ဘီး (သို့) သုံးဘီးဆိုင်ကယ်လေးတွေ စီးဖို့ သင်ပေးပါ။ ကုန်တင်ကားတွေ၊ အရုပ်လှည်းတွေနဲ့ ကစားစရာမြတ်ရိတ်စက်တွေလို တွန်းလို့ရတဲ့ ကစားစရာတွေကို ကလေးတွေကစားရတာ နှစ်သက်နိုင်ပါတယ်။

တခါတရံမှာ ကားကို အိမ်မှာထားခဲ့ပါ။ စာကြည့်တိုက်၊ ပန်းခြံ (သို့) စျေးဆိုင်များကဲ့သို့သော နေရာများသို့ လမ်းလျှောက်သွားပါ။ ကလေးတွန်းလှည်းမပါဘဲနဲ့လည်း သွားနိုင်ပါတယ်။

Chit_MayMay

LM_Nandar

Source- raisingchildren

LEAVE A REPLY

Please enter your comment!
Please enter your name here