စက်တင်ဘာလမှာမွေးဖွားတဲ့ သားငယ်သမီးငယ်လေးတွေက ဘာလို့ပိုပြီးထူးခြားကြတာလဲ

0
233
- Advertisement -

မြန်မာနိုင်ငံက လူအများစုအတွက်တော့ အခုခေါင်းစဥ်က အနည်းငယ်စိမ်းနေနိုင်ပေမယ့်လည်း စက်တင်ဘာလဟာ ကမ္ဘာနဲ့တစ်ဝှမ်း ကျော်ကြားတဲ့ လတစ်လဖြစ်ပါတယ်။ နွေ၊ မိုးအပူချိန်တွေ တဖြည်းဖြည်းလျော့ကျလာပြီး ကျင်းပစရာ ပွဲတော်တွေချည်း တန်းစီပြီးလာတော့မယ့် စက်တင်ဘာလမှာ မွေးဖွားသူတွေဟာ သူတို့နဲ့သက်တူရွယ်တူတွေထက် ပိုပြီးတော့ အောင်မြင်ကျော်ကြားကြတယ်လို့ သိပ္ပံပညာတွေက ဖော်ပြထားပါတယ်။

အောင်မြင်နိုင်ဖို့ အလားအလာများတယ်

သင့်ရဲ့မွေးလကလည်း သင့်ရဲ့အောင်မြင်နိုင်ခြေနဲ့ သင့်ဘဝမှာ ဘယ်လောက်ထိလျှောက်လှမ်းနိုင်သလဲဆိုတဲ့အပေါ်မှာ လွှမ်းမိုးမှုရှိပါတယ်။ National Bureau of Economic Research ၏ သိပ္ပံနည်းကျ သုတေသနအရ စက်တင်ဘာဖွားလေးတွေဟာ ငယ်ရွယ်စဥ်ကတည်းက အောင်မြင်ဖို့အလားအလာများနိုင်ပါတယ်။ သူတို့သက်တူရွယ်တူတွေနဲ့ ယှဥ်မယ်ဆိုရင် အသက်ပိုကြီးပြီး ပိုပြီးဖွံ့ဖြိုးသည့်အတွက် အရာရာကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

- Advertisement -

အသက်ပိုရှည်တယ်

စက်တင်ဘာနှင့် နိုဝင်ဘာလကြားမှာ မွေးဖွားကြသူတွေဟာ ထူးထူးဆန်းဆန်းကို အသက်ရှည်ရှည်နေကြတယ်လို့ သုတေသနပြုလုပ်သူတွေက ပြောထားကြပါတယ်။ ဒီလပိုင်းတွေကြားမှာ မွေးဖွားခဲ့တဲ့ ကလေးတွေအကုန်လုံးက ရာသီအကူးအပြောင်းဖျားနာမှုတွေ၊ ကူးစက်မှုတွေ၊ ဓာတ်မတည့်မှုတွေကို ပိုခံနိုင်ရည်ရှိကြလို့ အသက်ရှည်ရှည်နေနိုင်ကြခြင်းဖြစ်ပါတယ်။

ပိုပြီးကြင်နာတယ်၊ တွေးခေါ်တတ်တယ်

သင့်မှာစက်တင်ဘာလဖွား သူငယ်ချင်းရှိတယ်ဆိုရင်တော့ ဒီအချက်ကိုသေချာသိမှာပါ။ စက်တင်ဘာလမှာ မွေးဖွားသူတွေဟာ ကန်ရာသီဖွားလည်းဟုတ်၊ တူရာသီဖွားဆိုလည်းမှန်ပြီး အပြင်လောကမှာ ပိုပြီးကြင်နာသနားတတ်ကြကာ အတွေးအခေါ်ပိုင်းမှာလည်း ရင့်ကျက်ကြပါတယ်။ ပိုပြီးတော့လည်း ဖော်ရွေတတ်ကာ လူတိုင်းနဲ့လည်း သဟဇာတဖြစ်ပြီး အကူအညီလိုသူတိုင်းကို ကူညီဖို့ဆန္ဒရှိကြသူတွေဖြစ်ပါတယ်။

ပြဿနာမရှာတတ်ကြဘူး

ဒီအချက်ကတော့ မိဘတွေအတွက် သတင်းကောင်းတစ်ခုပါပဲ။ ကျောင်းစာတွေမှာတော်သလိုပဲ ပြစ်မှု၊ ခိုးမှု၊ တရားဥပဒေနဲ့ မညီတဲ့ ကိစ္စတွေကို ပြုလုပ်နိုင်ခြေ နည်းပါးလှပါတယ်။

#Chit_May_May

#Thinzar

Ref- timesofindia

LEAVE A REPLY

Please enter your comment!
Please enter your name here