စစ်တမ်းတွေရဲ့ ဖော်ပြချက်တွေအရ မိသားစုထဲမှာ အငယ်ဆုံးကလေးတွေဟာ သူတို့ရဲ့အကို၊အမတွေထက် ထူးခြားချက်လေးတွေ ရှိနေပြီး သူတို့ရဲ့ဟာသဉာဏ်၊ တာဝန်ယူမှု နှင့် အခြားစရိုက်များကို အကြီးတွေနဲ့ နိုင်းယှဉ်ပြီးဖော်ပြထားပါတယ်။ မောင်နှမထဲမှ အငယ်ဆုံးကလေးတွေဟာ မိသားစုအတွင်းမှာ ရယ်စရာအကောင်းဆုံး သူတွေဖြစ်ကြပြီး အငယ်ဆုံးကလေး ၄၆ ရာခိုင်နှုန်းက သူတို့ကိုယ်သူတို့ မိသားစုအတွင်းမှာ ရယ်စရာအကောင်းဆုံးသူတွေအဖြစ် သူတို့ကိုယ်သူတို့ထင်မှတ်ကြပါတယ်။

ကမ္ဘာမှာအအောင်မြင်ဆုံး ဟာသအနုပညာရှင်တွေဖြစ်ကြတဲ့ Eddie Murphy, Ellen DeGeneres, Jim Carrey, Billy Crystal, Steve Martin, Drew Carey, Goldie Hawn, Whoopi Goldberg, Charlie Chaplin, နဲ့ Jon Stewart တို့ဟာလည်း မောင်နှမထဲမှာ အငယ်ဆုံးတွေဖြစ်ကြပါတယ်။ နောက်ထပ်အငယ်လေးတွေရဲ့ ထူးခြားချက်က သူတို့တွေဟာ မောင်နှမတွေအားလုံးထဲမှာ စိတ်သောကအကင်းဆုံးနဲ့ သက်တောင့်သက်သာအရှိဆုံးသူတွေ ဖြစ်ကြပါတယ်။ အငယ်ဆုံးကလေးဖြစ်တာကြောင့် မိဘတွေရဲ့အချစ်ကိုလည်း ပိုမိုရရှိသူတွေပါ။

သူတို့ဟာ မိသားစုအတွင်းမှာ အခွင့်အရေးပိုမိုရရှိကြသူတွေ ဖြစ်ကြပြီး အလိုလိုက်ခံရတဲ့အတွက် အချို့ကဆိုးချင်ကြပါတယ်။ ဒါပေမယ့် ဘယ်လောက်ဆိုးဆိုး မိသားစုအတွင်းမှာ ရယ်စရာအကောင်းဆုံးရာထူးကတော့ လျော့မသွားပါဘူး။ အကိုတွေအမတွေက အစောပိုင်းကျွမ်းကျင်မှုတွေကို သူတို့ဘာသာသူတို့ သင်ယူကြရပေမယ့် အငယ်ဆုံးကလေးတွေက အကြီးတွေထံမှာ လွယ်ကူစွာသင်ယူရပါတယ်။
မိဘတွေရဲ့အချစ်ဆုံးသူတွေအဖြစ် သူတို့ကိုယ်သူတို့ သိကြတဲ့အတွက် အမြဲတမ်းပျော်ရွင်နေပြီး ဟာသတွေလုပ်နေတတ်သူတွေဖြစ်ကြောင်း စစ်တမ်းကဖော်ပြထားပါတယ်။ သူတို့တွေဟာ အသက်ဘယ်လောက်ကြီးကြီး ကိုယ့်ကိုယ်ကိုကလေးလို့ပဲ ထင်နေတတ်ကြပြီး မိသားစုရဲ့အာရုံစိုက်မှုကို ရရှိဖို့ ကြိုးစားနေတတ်ကြသူတွေဖြစ်ပါတယ်။ အကို၊ အမတွေကတော့ သူတို့ကိုအမြဲတမ်း guideline နဲ့ အကြံဉာဏ်တွေ ပေးနေရသူတွေဖြစ်ပါတယ်။
LM_Naung_Naung
Lifestyle_Myanmar
စစ္တမ္းေတြအရ ေမာင္ႏွမထဲမွာ အငယ္ဆုံးကေလးရဲ႕ ထူးျခားခ်က္ေလးမ်ား
စစ္တမ္းေတြရဲ႕ ေဖာ္ျပခ်က္ေတြအရ မိသားစုထဲမွာ အငယ္ဆုံးကေလးေတြဟာ သူတို႔ရဲ႕အကို၊အမေတြထက္ ထူးျခားခ်က္ေလးေတြ ရွိေနၿပီး သူတို႔ရဲ႕ဟာသဉာဏ္၊ တာဝန္ယူမႈ ႏွင့္ အျခားစ႐ိုက္မ်ားကို အႀကီးေတြနဲ႔ ႏိုင္းယွဥ္ၿပီးေဖာ္ျပထားပါတယ္။ ေမာင္ႏွမထဲမွ အငယ္ဆုံးကေလးေတြဟာ မိသားစုအတြင္းမွာ ရယ္စရာအေကာင္းဆုံး သူေတြျဖစ္ၾကၿပီး အငယ္ဆုံးကေလး ၄၆ ရာခိုင္ႏႈန္းက သူတို႔ကိုယ္သူတို႔ မိသားစုအတြင္းမွာ ရယ္စရာအေကာင္းဆုံးသူေတြအျဖစ္ သူတို႔ကိုယ္သူတို႔ထင္မွတ္ၾကပါတယ္။ ကမာၻမွာအေအာင္ျမင္ဆုံး ဟာသအႏုပညာရွင္ေတြျဖစ္ၾကတဲ့ Eddie Murphy, Ellen DeGeneres, Jim Carrey, Billy Crystal, Steve Martin, Drew Carey, Goldie Hawn, Whoopi Goldberg, Charlie Chaplin, နဲ႔ Jon Stewart တို႔ဟာလည္း ေမာင္ႏွမထဲမွာ အငယ္ဆုံးေတြျဖစ္ၾကပါတယ္။ ေနာက္ထပ္အငယ္ေလးေတြရဲ႕ ထူးျခားခ်က္က သူတို႔ေတြဟာ ေမာင္ႏွမေတြအားလုံးထဲမွာ စိတ္ေသာကအကင္းဆုံးနဲ႔ သက္ေတာင့္သက္သာအရွိဆုံးသူေတြ ျဖစ္ၾကပါတယ္။ အငယ္ဆုံးကေလးျဖစ္တာေၾကာင့္ မိဘေတြရဲ႕အခ်စ္ကိုလည္း ပိုမိုရရွိသူေတြပါ။
သူတို႔ဟာ မိသားစုအတြင္းမွာ အခြင့္အေရးပိုမိုရရွိၾကသူေတြ ျဖစ္ၾကၿပီး အလိုလိုက္ခံရတဲ့အတြက္ အခ်ိဳ႕ကဆိုးခ်င္ၾကပါတယ္။ ဒါေပမယ့္ ဘယ္ေလာက္ဆိုးဆိုး မိသားစုအတြင္းမွာ ရယ္စရာအေကာင္းဆုံးရာထူးကေတာ့ ေလ်ာ့မသြားပါဘူး။ အကိုေတြအမေတြက အေစာပိုင္းကြၽမ္းက်င္မႈေတြကို သူတို႔ဘာသာသူတို႔ သင္ယူၾကရေပမယ့္ အငယ္ဆုံးကေလးေတြက အႀကီးေတြထံမွာ လြယ္ကူစြာသင္ယူရပါတယ္။ မိဘေတြရဲ႕အခ်စ္ဆုံးသူေတြအျဖစ္ သူတို႔ကိုယ္သူတို႔ သိၾကတဲ့အတြက္ အၿမဲတမ္းေပ်ာ္႐ြင္ေနၿပီး ဟာသေတြလုပ္ေနတတ္သူေတြျဖစ္ေၾကာင္း စစ္တမ္းကေဖာ္ျပထားပါတယ္။ သူတို႔ေတြဟာ အသက္ဘယ္ေလာက္ႀကီးႀကီး ကိုယ့္ကိုယ္ကိုကေလးလို႔ပဲ ထင္ေနတတ္ၾကၿပီး မိသားစုရဲ႕အာ႐ံုစိုက္မႈကို ရရွိဖို႔ ႀကိဳးစားေနတတ္ၾကသူေတြျဖစ္ပါတယ္။ အကို၊ အမေတြကေတာ့ သူတို႔ကိုအျမဲတမ္း guideline နဲ႔ အၾကံဥာဏ္ေတြ ေပးေနရသူေတြျဖစ္ပါတယ္။
LM_Naung_Naung
Lifestyle_Myanmar