စစ်မှန်တဲ့ဘဝနဲ့ ပျော်ရွှင်မှုကို ခံစားသိရှိတဲ့ ကလေးငယ်တွေဖြစ်စေဖို့အတွက် သိကောင်းစရာများ

0
454
- Advertisement -

ကလေးတွေကို ချစ်ခြင်းမေတ္တာနဲ့ကြီးပြင်းလာဖို့၊ သူတို့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့၊ အောင်မြင်မှုရရှိနိုင်ဖို့ဆိုတာတွေက မိဘတိုင်းရဲ့ ဆန္ဒတွေဘဲဖြစ်ပါတယ်။ သူတို့ရဲ့ ဝါသနာကို သိရှိလုပ်ကိုင်နိုင်ပြီး ပျော်ရွှင်တဲ့ဘဝမျိုးပိုင်ဆိုင်နိုင်ခွင့် ရစေချင်ကြပါတယ်။ အဲဒီလိုဖြစ်နိုင်ဖို့ဆို ဘာတွေလုပ်လို့ရနိုင်မလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

နို့စို့အရွယ်ကနေစပြီး သိသာထင်ရှားတဲ့နေထိုင်ပြုမူပုံတွေဟာ သူတို့ရဲ့ မွေးရာပါဗီဇများမှလာခြင်းဖြစ်ပါတယ်။ ဒါပေမယ့် မျိုးရိုးဗီဇတွေရဲ့ သဘာဝဟာ ပတ်ဝန်းကျင်အပေါ်မူတည်ပြီး ဖွင့်နိုင်ပိတ်နိုင်ပါတယ်။ သုတေသနပြုချက်များအရ ပျော်ရွှင်တတ်သောကလေးများသည် မျိုးရိုးဗီဇဖွဲ့စည်းမှုဘယ်လိုပင်ရှိနေပါစေ ပျော်ရွှင်တတ်တဲ့၊ အကောင်းမြင်တတ်တဲ့ နေအိမ်များမှ ထွက်ပေါ်လာတတ်တာကို များသောအားဖြင့်တွေ့ရှိရပါတယ်။

ကလေးတစ်ဦးရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာမှုကို မြှင့်တင်ပေးဖို့အကောင်းဆုံးနည်းလမ်းကတော့ ချစ်ခြင်းမေတ္တာကို ကောင်းမွန်စွာခံစားသိရှိနားလည်နိုင်ဖို့ဘဲဖြစ်ပါတယ်။ အခြားသူများနဲ့လည်း ချစ်ခင်ရင်းနှီးမှုရှိစေရန် အခွင့်အလမ်းများဖန်တီးပေးရပါမယ်။ လူမှုဆက်ဆံရေးပြေပြေပြစ်ပြစ်ရှိပြီး အပေါင်းအသင်းဝင်ဆံ့တာက ပျော်ရွှင်မှုတွေအတွက် အဓိကသော့ချက်တစ်ခုလည်းဖြစ်ပါတယ်။ လူအများနဲ့ပေါင်းသင်းဝင်ဆံ့မှုများလေလေ ပျော်ရွှင်မှုတွေပိုရလာလေလေဘဲဖြစ်ပါတယ်။

- Advertisement -

ကလေးငယ်တွေ တမှိုင်မှိုင်တထွေထွေနဲ့ မပျော်မရွှင်ဖြစ်နေတာမျိုးက မိဘတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ မိဘတွေဟာ သားသမီးများအတွက် ရုန်းကန်လှုပ်ရှားနေရတာမို့ ကလေးငယ်တွေကို အချိန်မပေးနိုင်၊ ကိုယ့်ရဲ့အိမ်ထောင်ဘက်ကို အချိန်မပေးနိုင်၊ မိမိကိုယ်ကို ကောင်းစွာအနားမယူနိုင်စတာတွေကြောင့် သူတို့ကိုယ်သူတို့ ပျော်ရွှင်အောင်နေတတ်ဖို့ အကြောင်းအရာတွေကို မေ့လျော့နေတတ်ကြပါတယ်။

သားသမီးတွေဆိုတာကလည်း မိဘတွေရဲ့ အရိပ်အကဲကိုကြည့်နေကြတာမို့ မိဘတွေမပျော်မရွှင်ဖြစ်နေတဲ့အခါ သူတို့ကိုယ်တိုင်လည်း မပျော်ရွှင်နိုင်ကြတော့ပါဘူး။ စိတ်ဓါတ်ကျနေတဲ့မိဘတွေရဲ့ သားသမီးတွေဟာ ပုံမှန်စိတ်ကျရောဂါဖြစ်နှုန်းထက် နှစ်ဆပိုများကြောင်းသိရှိရပါတယ်။ ဒါကြောင့်မို့ မိဘတွေကိုယ်တိုင်လည်း ပျော်ရွှင်တတ်ဖို့ လိုအပ်ပါတယ်။

သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို ချီးကျူးပေးဖို့လိုပါတယ်။ တီထွင်ဖန်တီးမှု၊ ကြိုးစားအားထုတ်မှု၊ အောင်မြင်မှုရရှိရန် ဇွဲလုံ့လရှိမှု စတာတွေကို အပြုသဘောဆောင်တဲ့ မှတ်ချက်ပြုမှုများဖြင့် ပြောဆိုချီးကျူးပေးပါ။ သားသမီးတွေရဲ့ ကြီးထွားဖွံဖြိုးမှုစိတ်ဓါတ် သို့မဟုတ် ကြိုးစားအားထုတ်ခြင်းနဲ့ အလေ့အကျင့်များမှတဆင့်ရရှိတဲ့ ယုံကြည်မှုတွေကို မြှင့်တင်ပေးရပါမယ်။

မိမိရဲ့ ရည်ရွယ်ချက်ပန်းတိုင်ကို သိရှိပြီး ပင်ကိုယ်စိတ်ဓါတ်ကြံ့ခိုင်တဲ့ကလေးငယ်တွေဟာ လူတွေက သူတို့အပေါ်ဘယ်လိုမြင်လဲဆိုတဲ့ ထင်မြင်ယူဆချက်တွေကို ဂရုစိုက်လေ့မရှိကြပါဘူး။ ဒါကြောင့်မို့ အမှားအယွင်း တစ်စုံတစ်ရာဖြစ်သွားခဲ့ရင်လည်း သူတို့ရဲ့ အမှားတွေကို ပြင်ဆင်ဖို့လွယ်ကူပြီး သူတို့ရဲ့လမ်းကြောင်းမှန်ကို အချိန်တိုအတွင်းပြန်လည်ရောက်ရှိလာတတ်ကြပါတယ်။ ဒါကြောင့်မို့ လူတွေရဲ့ ထင်မြင်ယူဆချက်တွေကို အလွန်အကျွံအာရုံမစိုက်ဖို့နဲ့ သူတို့ရဲ့ ပျော်ရွှင်မှုတွေကို အခြားသောသူများရဲ့ ပါးစပ်ဖျားမှာ သေဆုံးမသွားစေဖို့အတွက်လည်း သင်ကြားပေးသင့်ပါတယ်။

စစ်မှန်တဲ့ ပျော်ရွှင်မှုဆိုတာက ကျနော်တို့စိတ်ကူးစိတ်သန်းနဲ့ဖန်တီးလုပ်ကိုင်ထားတာတွေက အခြားသောသူတွေအတွက် ဘယ်လောက်ထိအကျိုးရှိစေပြီး ဘယ်လိုလူတွေက တန်ဖိုးထားလက်ခံတယ်ဆိုတဲ့ အချက်တွေအပေါ်မှာလည်းမူတည်ပါတယ်။ လူသားတိုင်းဟာ အလုံးစုံပြည့်စုံမှု မရှိနိုင်ကြပါဘူး။ ဒါကြောင့်မို့ သားသမီးတွေကို ငယ်စဉ်ကတည်းက သူတို့တည်ရှိနေတာဟာ
မိသားစုအတွက်ထူးခြားတဲ့ ပံ့ပိုးမှုတွေဖြစ်တယ်ဆိုတဲ့အကြောင်းကို ပြောပြထားနိုင်လေလေ သူတို့ဟာ သူတို့ကိုယ်သူတို့ တန်ဖိုးထားမှုနဲ့ ပျော်ရွှင်မှုကို ခံစားရလေလေပါဘဲ။

နောက်ဆုံးအနေနဲ့ ပျော်ရွှင်မှုကိုလေ့လာတဲ့နေရာမှာ ကျေးဇူးတရားကိုသိတတ်စိတ်ဟာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ အဆက်မပြတ်ချိတ်ဆက်ထားတာကိုသိဖို့လိုအပ်ပါတယ်။ အကောင်းမြင်တတ်တဲ့စိတ်၊ အပြုသဘောဆောင်တဲ့စိတ်ဓါတ်ဟာ မလိုလားအပ်တဲ့ စိတ်ရှုပ်ထွေးမှု၊ ပြသနာများနဲ့ ဒေါသဖြစ်စရာကိစ္စများမှ ရှောင်ကြဉ်နိုင်တာမို့ အပြုသဘောဆောင်တတ်တဲ့စိတ်ဓါတ်တွေကို မွေးမြူပေးတာက ပျော်ရွှင်မှုနဲ့ အနီးစပ်ဆုံးဖြစ်စေနိုင်ပါကြောင်းဖော်ပြပေးလိုက်ပါတယ်။

#Chit_may_may

#Dmo_aung

#Ref-parents

Chit May May မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here