စမတ်ကျသော ကလေးတစ်ယောက်ကို ပျိုးထောင်နေတဲ့ မိဘတွေရဲ့ အမူအကျင့် (၆) ချက်

0
208
- Advertisement -

၁။ သူတို့ဟာ သူတို့ကလေးကို စာဖတ်ပြကြတယ်

စမတ်ကျသောကလေးတွေကို ပျိုးထောင်နေတဲ့ မိဘတွေဟာ ကလေးငယ်ရွယ်စဉ်ကတည်းက ကလေးငယ်ကို စာဖတ်ခြင်းကို ချတ်မြတ်နိုးဖို့ ကူညီပေးကြပါတယ်။ ဒီလိုမိဘတွေဟာ ကလေးအမိဝမ်းထဲမှာရှိစဉ်ကတည်းက ကလေးငယ်တွေကို စာဖတ်ပြကြပါတယ်။ သူတို့ရဲ့ နေ့စဉ်လုပ်ရိုးလုပ်စဉ်ရဲ့ မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းလိုမျိုး စာဖတ်ပြကြပြီး စာအုပ်တွေများစွာကိုလည်း စုဆောင်းကြပါတယ်။

၂။ သူတို့ဟာ သူတို့ရဲ့ကလေးအတွက် အထူးလေ့လာနိုင်မယ့် နေရာမျိုးကြိုတင်ပြငဆင်ထားတယ်

- Advertisement -

ဒီလိုမိဘတွေဟာ ကလေးတွေအတွက် ကျောင်းကောင်းကောင်းမှာ ထားနိုင်ဖို့ ကနေ ကျောင်းစာလုပ်ဖို့အတွက် သင့်တော်သောထိုင်ခုံများ၊ အလင်းရောင်ကောင်းကောင်းရရှိစေမယ့် နေရာမျိုးတွေကို ကြိုတင်ပြင်ဆင်ထားကြပါတယ်။ အေးဆေးတည်ငြိမ်သောနေရာက လေ့လာဖို့အကောင်းဆုံးဖြစ်ပေမယ့် တစ်ချို့ကလေးတွေက နောက်ခံဆူညံသံတွေနှင့် လေ့လာရတာကို ပိုနှစ်သက်ပါတယ်။

၃။ သူတို့ကလေးရဲ့ ထူးခြားမှုတွေနှင့် ပုံမှန်အခြေအနေတွေကို စောင့်ကြည့်စစ်ဆေးကြတယ်

ဒီလိုမိဘတွေဟာ ကျောင်းပျက်ခြင်းနှင့် ကျောင်းနောက်ကျခြင်းရဲ့ ဆိုးကျိုးတွေကို ကောင်းကောင်းနားလည်ကြပါတယ်။ အကြောင်းတစ်ခုခုကြောင့် အတန်းပျက်ကွက်ခဲ့မယ်ဆိုရင် မိဘတွေက ကလေးဟာ မှတ်စုတွေနှင့် တာဝန်တွေလွဲချော်မယ်ဆိုတာမျိုးကို ကောင်းကောင်းတွေးထားသူတွေပါ။

၄။ ကျောင်းရဲ့ မိဘဆရာလှုပ်ရှားမှုတိုင်းမှာလည်း ပူးပေါင်းပါဝင်ကြပါတယ်

သူတို့ရဲ့ သားသမီးတွေရဲ့ သူငယ်ချင်းတွေနှင့် သိကြပြီး ဆရာတွေနဲ့လည်း အဆက်အသွယ်ရှိကြပါတယ်။ ကျောင်းရဲ့ လှုပ်ရှားမှုတွေနှင့် events တွေမှာလည်း အမြဲပါဝင်ကြပါတယ်။

၅။ သူတို့ကလေးတွေရဲ့ အကြီးမားဆုံးပရိတ်သတ်တွေလည်းဖြစ်ကြပါတယ်

သူတို့က ကလေးတွေလုပ်သမျှအားလုံးမှာ အားပေးကြပြီး လှုံ့ဆော်မှုတွေလည်းပေးကြပါတယ်။ နားလည်ပေးကြပါတယ်။ ကလေးဟာ အကြောင်းပြချက်တစ်ခုခုကြောင့် စွမ်းဆောင်ရည်နိမ့်နေမယ်ဆိုရင်တောင် ထောက်ပံ့ပေးမယ့်မိဘတွေဟာ နောင်တစ်ချိန်မှာ ပိုကောင်းလာစေဖို့ပဲ တွန်းအားပေးကြပါလိမ့်မယ်။

၆။ သူတို့က ကလေးတွေထက် မိုင်ပိုပြီး သွားကြတယ်

ကလေးတွေ အိမ်စာလုပ်နေတဲ့အချိန်မှာ လက်ဖက်ရည်သုပ် (သို့) အသားညှပ်ပေါင်မုန့်တွေလုပ်ပေးပြီး ထိုင်စောင့်ပေးတတ်ကြပါတယ်။ လိုအပ်လျှင် Guide တွေအထိ ငှားရမ်းပေးကြပါတယ်။ ကလေးတွေရဲ့ အဆင့်တွေထိပ်ဆုံးရောက်ဖို့ လိုအပ်တာမှန်သမျှ အကုန်လုပ်ပေးကြပါတယ်။ သူတို့ရဲ့ ကလေးတွေကို ကိုယ့်ကျင့်တရားတွေ၊ တန်ဖိုးတွေအကြောင်းလည်း သင်ပေးတတ်ကြသူတွေပါ။

Chit_May_May

Nyein_Thu

ref- frugalmomguide

LEAVE A REPLY

Please enter your comment!
Please enter your name here