စာနာမှုဆိုတာ ကောင်းချီးမင်္ဂလာတစ်မျိုးပါပဲ။ ၎င်းက လူတိုင်းမှာ မရှိနိုင်ပါဘူး။ စာနာမှုဆိုတာ အချိန်ပေးတည်ဆောက်ရတဲ့အရာဖြစ်ပါတယ်။ တစ်ချို့ က ငယ်ငယ်ကတည်းက ကိုယ်ချင်းစာနာတယ်။ တစ်ခြားလူတွေက အတွေ့အကြုံတွေနှင့် အတူ လေ့လာသင်ယူကြပါတယ်။ ဒါ့ကြောင့် ဒီနေ့ဒီနေရာမှာ စိတ်ပိုင်းဆိုင်ရာနှင့် ဝိညာဥ်ရေးရာဖွံ့ဖြိုးတိုးတက်မှုနှစ်မျိုးစလုံးအတွက် စာနာမှုရဲ့ အရေးကြီးမှုကို နားလည်ဖို့နှင့် နောင်လာနောက်သားတွေလည်း လိုက်နာကျင့်သုံးနိုင်ဖို့ လိုအပ်ပါတယ်။

၁။ သူတို့ကို အရင်စာနာပေးပါ
ကလေးတွေကို စာနာတတ်သူတစ်ယောက်ဖြစ်စေဖို့ သင်ပေးနိုင်မယ့်အကောင်းဆုံးနည်းလမ်းကတော့ တစ်ခြားလူတွေကို ဘယ်လိုခံစားရမယ်ဆိုတာ နားလည်တတ်ဖို့ထက် သူတို့ကို အရင်စာနာပေးဖို့ ဖြစ်ပါတယ်။ သူတို့မှာ ခက်ခဲတဲ့အချိန်တွေရှိနေမယ်ဆိုရင် သင့်ရဲ့ အာရုံစိုက်မှုတွေကို သူတို့ကိုပေးပြီး သူတို့ရဲ့ နာကျင်မှုတွေကို ဘယ်လိုခံစားရတယ်ဆိုတာ သင့်ကို ပြသဖို့ ပြောပါ။ မိဘတွေဟာ သူတို့ရဲ့ စိတ်ခံစားချက်တွေကို အရေးမပါသလို တွန်းထုတ်တာမျိုးလုပ်လေ့ရှိကြပါတယ်။ တတိယလူနေရာကနေပဲ ကြည့်ဖို့ ကြိုးစားကြပါတယ်။
ဒါပေမယ့် ဒီနေရာမှာ စာနာတတ်သူတစ်ယောက်အဖြစ် ပျိုးထောင်မယ်ဆိုရင် သင်ဟာ သူတို့ရဲ့ ရှုထောင့်ကနေ မြင်နိုင်ဖို့ ကြိုးစားပါ။ သူတို့ရဲ့ စိတ်ခံစားမှုနယ်ပယ်တွေကို ရင်ဆိုင်ပေးပါ။ နောက်ပြီး သူတို့ကို စာနာမှုပြခြင်းက ပြဿနာတွေဖြေရှင်းသလိုပဲ အရေးကြီးပါတယ်။ ဒီလိုနည်းနဲ့ ကလေးငယ်တွေဟာ လူတွေစိတ်သောကရောက်နေချိန်မှာ သူတို့ ဘယ်လိုစာနာရမယ်ဆိုတာသတိပြုမိပြီး ကြီးပြင်းလာတဲ့အခါ တစ်ခြားလူတွေကို စာနာမှုပြဖို့ သနားကြင်နာမှုတွေရှိလာပါလိမ့်မယ်။

၂။ သူတို့ကို စာနာတတ်ဖို့ အခွင့်အလမ်းပေးပါ
စာနာမှုရဲ့ပြယုဂ်တစ်ခုအဖြစ် သင်ကိုယ်တိုင်ကို ဥပမာပေးပြီး သင့်ကလေးတွေအတွက် အဆင့်တွေသတ်မှတ်ထားပေးပါ။ ၎င်းတို့အတွက် စာနာမှုကို မကြာခဏလေ့ကျင့်ပြီး ကျင့်သုံးဖို့ လိုအပ်ပါတယ်။ သူတို့ကို တက်ကြွစွာပါဝင်ခွင့်ပေးပါ။ သို့မှသာ သူတို့က သင်ဖြစ်စေချင်တဲ့အရာကို နားလည်သဘောပေါက်နိုင်ပြီး သင်ဖြစ်စေချင်သလို ခံစားမှုမျိုးခံစားနိုင်မှာဖြစ်ပါတယ်။ သူတို့ကို စိတ်ပါလက်ပါစာနာမှုတွေကို ပြပြီး အကူအညီပေးဖို့လိုအပ်ပါတယ်။ ဒီအလေ့အကျင့်တွေက သူတို့ရဲ့ စိတ်ခံစားမှုကို မြှင့်တင်ပေးနိုင်ပြီး ရေရှည်မှာ သူတို့ကို အမာခံစာနာမှုတွေအဖြစ် အသွင်ပြောင်းနိုင်ပါလိမ့်မယ်။

၃။ တစ်ခြားလူတွေရဲ့ နာကျင်မှုတွေကို စာနာဖို့နှင့်ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်မှု မျှတပေါစေ
သင့်ရဲ့ ကလေးဟာ တစ်ခြားလူတွေဆီကို မေတ္တာတရားကြီးကြီးမားမားထားနိုင်ဖို့ဆိုတာ ညီမျှမှုရှိသင့်ပါတယ်။ ဥပမာ – တစ်ခြားလူတွေကို အင်မတန်စာနာနားလည်နေပြီး ကိုယ့်ကိုယ်ကိုယ်ဂရုမစိုက်တာမျိုးတော့ မဖြစ်သင့်ပါဘူး။ မတူကွဲပြားတဲ့နေရာကို သူတို့ကို ခေါ်ဆောင်သွားပါ။ ဒီကမ္ဘာကြီးပေါ်မှာ လူတွေတိုင်းလိုလိုဟာ နာကျင်မှုကိုယ်စီရှိတတ်ကြကြောင်း ပြောပြပါ။ စစ်မှန်သောကမ္ဘာကြီးရဲ့ ဥပမာတွေတစ်ချို့နဲ့ သူတို့ကို ပြသပါ။
သူတို့ကို တစ်ခြားလူတွေရဲ့ နာကျင်မှုဝေဒနာတွေမှာပဲ နှစ်မြှပ်မနေပါစေနဲ့။ သို့မှသာ စာနာမှုရဲ့ အဓိပ္ပာယ်ကို သူတို့အမှန်တကယ်နားလည်နိုင်မှာဖြစ်ပါတယ်။ သူတို့ကို ကမ္ဘာတစ်လွှားက အဖြစ်အပျက်ဆိုးတွေကို လေ့လာစေပါ။ သို့မှသာ လူတွေဟာ ဘာကြောင့် ဒုက္ခရောက်နေရတယ်ဆိုတာ သိဖို့နှင့် တစ်ခြားလူတွေကို ကူညီဖို့ မတွန့်ဆုတ်မှာဖြစ်ပြီး လုံ့လောက်တဲ့သနားကြင်နာမှုတွေကို မွေးမြူနိုင်မှာပါ။

၄။ သူတို့နဲ့ အချိန်များများဖြုန်းပါ
ကလေးတွေအတွက် ကျောင်းမှာသာမကဘဲ အိမ်အတွင်းမှာလည်း အပြုသဘောဆောင်သောပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးပါ။ အတူတူအချိန်ဖြုန်းနေတဲ့အခါ ကျန်းမာတဲ့မိသားစုတစ်စုရဲ့ အဓိပ္ပာယ်တွေကို အမြဲတမ်းနားလည်နေပါလိမ့်မယ်။ အထူးသဖြင့် ဒီနေ့ခေတ်လူတွေဟာ ချစ်ခြင်းမေတ္တာနှင့် နွေးထွေးမှုတွေကို ခွဲထုတ်ပြီး တစ်ဦးချင်းစီဘဝတွေမှာ နေထိုင်ကြပါတယ်။
ဆိုရှယ်မီဒီယာဟာ လူသားတွေကို အထီးကျန်ဆန်သော အခွံတွေအတွင်းမှာ ပေါင်းစပ်ထည့်သွင်းဖို့ လူမှုရေးသတ္တဝါအဖြစ် ဖွံ့စည်းထားပါတယ်။ လူ့ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့အခါ ဒီဂျစ်တယ်မျက်နှာပြင်တွေမှာ တစ်နေ့လုံးကြည့်နေတာတွေကိုပဲ တွေ့ရတတ်ပါတယ်။ ဒါ့ကြောင့် အစစ်အမှန်ကမ္ဘာကို ရှင်သန်အောင် လုပ်ဖို့ အရေးကြီးလာပါတယ်။

၅။ အကောင်းမြင်တတ်ဖို့ တွန်းအားပေးပါ
ခက်ခဲကြမ်းတမ်းသော ဘဝအမှန်တရားတွေနှင့် ကြုံတွေ့ရတဲ့အခါ တစ်ချို့လူတွေဟာ စာနာမှုကင်းမဲ့လေ့ရှိကြပါတယ်။ သူတို့ဟာ လူတွေနှင့် သူတို့အပေါ် နိမ့်ကျသော အမြင်တွေသာ မြင်တတ်ကြပါတယ်။ သူတို့ဟာ လူသားတွေအပေါ် ယုံကြည်မှုပျောက်ဆုံးပြီး သနားဂရုဏာတက်ခြင်းဆိုတာကို သံသယဝင်လာကြပါတယ်။ တကယ်လို့ သင့်အနေနဲ့ သင့်ကလေးကို စာနာနားလည်စေချင်တယ်ဆိုရင် ဒီလိုမဖြစ်သင့်ပါဘူး။
သူတို့ဟာ ဒီကမ္ဘာပေါ်မှာ ကောင်းမွန်တဲ့လူသားတွေဖြစ်နေတုန်းပဲလို့ ယုံကြည်သင့်ပါတယ်။ လူသားတွေရဲ့ ယုံကြည်ခြင်းကို မဆုံးရှုံးစေသင့်ပါ။ သို့ပေမယ့် မိဘတစ်ဦးအနေနဲ့ သူတို့ကို မယုံသင်္ကာဖြစ်ခြင်းနှင့် အထင်အမြင်သေးခြင်းအပြုအမူတွေ စိုးစိမျှ မလုပ်မိဖို့ကြိုးစားပါ။ သူတို့က ဘဝနှင့် ပတ်သက်ပြီး အကောင်းမြင်နေသင့်ပါတယ်။
Chit_May_May
Nyein_Thu
Ref-themindjournal