
Knock Knock ဆိုတာ ကလေးတွေအတွက် ရေပန်းစားသော ဟာသတစ်ခုဖြစ်ပေမယ့်လည်း လူကြီးတွေရဲ့ အကြိုက်တွေလည်းရှိနေပါသေးတယ်။ Knock Knock ဟာသစာတိုတွေကို ရေးသားခဲ့သူကတော့ စာရေးဆရာ Rob Elliot ဖြစ်ပါတယ်။ Elliot သည် သူရေးသားခဲ့တဲ့ ဟာသတွေဟာ ကလေးအတွက် အကျိုးဖြစ်ထွန်းစေဖို့လည်း ရည်ရွယ်ပါတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီဟာသတွေဟာ ဝီလီယံရှိတ်စပီးယားရေးသားထားတဲ့ Macbeth ဆိုတဲ့ ပြဇာတ်ကနေ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ Knock Knock (သို့) ဒေါက်ဒေါက်ဆိုတဲ့ ပျော်ရွှင်စရာ ဟာသစာတိုလေးတွေကို ဖတ်ကြည့်ကြမယ်။
၁။ ဒေါက် ဒေါက်…!(တံခါးခေါက်သံ)
တံခါးခေါက်တာ ဘယ်သူလဲ?
ငါပါ။
ငါဆိုတာ ဘယ်သူလဲ?
မင်းဘယ်သူလဲဆိုတာ မင်းမသိဘူးလား?

၂။ ဒေါက် ဒေါက်…!
အပြင်ဘက်က ဘယ်သူလဲ?
နိုဘယ်…။
နိုဘယ်ဆိုတာ ဘယ်သူလဲ?
နိုဘယ်?…ငါလည်း အဲ့တာသိချင်လို့ တံခါးခေါက်လိုက်တာ။
၃။ ဒေါက် ဒေါက်…!
အပြင်ဘက်က ဘယ်သူလဲ?
Who (ဟူး)။
Who က ဘယ်သူလဲ?
ဒါက ဇီးကွက်တွေ အော်တဲ့အသံပါ။
၄။ ဒေါက် ဒေါက်…!
အပြင်ဘက်က ဘယ်သူလဲ?
နွားက ပြောတယ်။
နွားက ဘယ်လိုပြောတာလဲ?
အိုး…ဒါက ရီစရာမဟုတ်ဘူးလေ။ နွားပါဆိုမှ Mooooo လို့ ပြောတာပေါ့။

၅။ ဒေါက် ဒေါက်…!
အပြင်ဘက်က ဘယ်သူလဲ?
Double (နှစ်ဆ)
Double က ဘယ်သူလဲ?
W!
၆။ ဒေါက် ဒေါက်…!
အပြင်ဘက်က ဘယ်သူလဲ?
အဘွားအိုလေးတစ်ယောက်ပါ။
အဘွားအိုလေးက ဘယ်သူလဲ?
အိုး…ဒီတစ်လျှောက်လုံး မင်းဟာ အသံတုလုပ်နိုင်မယ်ဆိုတာ ငါမသိလိုက်ဘူး။

၇။ ၂ မိနစ်အတွင်း ငါ့ကို မှတ်မိမှာလား?
ဒါပေါ့။
ဒေါက် ဒေါက်…!
အပြင်က ဘယ်သူလဲ?
ဟေး၊ ငါ့ကို မမှတ်မိဘူးလား?
၈။ ဒေါက် ဒေါက်…!
အပြင်ဘက်က ဘယ်သူလဲ?
ဆရာဝန်ပါ။
ဆရာဝန်က ဘယ်သူလဲ?
မဟုတ်ဘူးလေ၊ ဆရာဝန်က ဆရာဝန်ပဲပေါ့။

၉။ ဒေါက် ဒေါက်…!
အပြင်ဘက်က ဘယ်သူလဲ?
To ပါ
To က ဘယ်သူလဲ?
ဒီလိုမမေးရဘူး၊ To ဆိုတာ ဘယ်သူ့ကိုလဲလို့ မေးရမှာပါ။
၁၀။ ဒေါက် ဒေါက်…!
တံခါးခေါက်တာ ဘယ်သူလဲ?
Avenue ပါ
Avenue ဆိုတာ ဘယ်သူလဲ?
ခုနက တံခါးခေါက်လိုက်တဲ့ Avenue ကို မေးတာလား?
၁၁။ ဒေါက် ဒေါက်…!
တံခါးခေါက်တာ ဘယ်သူလဲ?
Mikey!
Mikey ဆိုတာ ဘယ်သူလဲ?
Mikey သော့ပေါက်ထဲမှာ အဆင်မပြေလို့ပါ။
၁၂။ ဒေါက် ဒေါက်…!
တံခါးခေါက်တာ ဘယ်သူလဲ?
ဆလပ်ရွက်ပါ။
ဆလပ်ရွက် ဘယ်သူလဲ?
ဆလပ်ရွက်တို့ ပါတီပွဲလုပ်ကြမလို့ပါ။
Lifestyle_Myanmar
Nyein_Thu
Ref-themindsjournal