စာသင်ခန်းအတွင်း စာဖတ်ခြင်းမြှင့်တင်ရေး လှုပ်ရှားမှုများ

စာသင်ခန်းအတွင်း စာဖတ်ခြင်းမြှင့်တင်ရေး လှုပ်ရှားမှုများ

0
254
- Advertisement -

ကလေးတွေ စာဖတ်တတ်အောင် သင်ကြားရာမှာ ကူညီပေးသောအခါ ဆရာတွေရဲ့ အခန်းကဏ္ဍကနေ ပါ၀င်နေပါတယ်။ ဆရာတွေဟာ သူတို့ရဲ့ စာသင်ခန်းတွေမှာ စိန်ခေါ်မှုတွေမှာ မကြာခဏကြုံတွေ့ကြရပါတယ်။ ကျောင်းသားများကို စာဖတ်စေခြင်းက ပျော်ရွှင်မှုရဖို့လည်း ပါ၀င်ပါတယ်။ ဒါ့ကြောင့် စာသင်ခန်းအတွင်း စာဖတ်ခြင်းကို မြှင့်တင်ဖို့ သူတို့ကို ဘယ်လိုလုပ်ဆောင်မယ်ဆိုတာ ကျယ်ကျယ်ပြန့်ပြန့်သိဖို့လိုပါတယ်။
ဘ၀အတွက်စိတ်အားထက်သန်သော စာဖတ်သူဖြစ်လာရန်၊ စာဖတ်စွမ်းရည်များဖွံ့ဖြိုးလာသည်နှင့်အမျှ စာဖတ်ခြင်းကို ချစ်မြတ်နိုးရန် အရေးကြီးပါတယ်။ ကလေးတစ်ယောက်ဟာ ငယ်စဥ်က စာဖတ်တဲ့ အလေ့အထမရှိဘူးဆိုရင် အသက်ကြီးလာသောအခါ စာဖတ်သော လူကြီးလေးဖြစ်လာဖို့ မျှော်လင့်လို့ မရပါဘူး။ မိသားစုပတ်၀န်းကျင်မှာတော့ ကလေးစာဖတ်ဖို့အရေးကြီးတာက မိဘတွေရဲ့ တာ၀န်ဖြစ်ပါတယ်။ တကယ်လို့ ကလေးတွေဟာ အိမ်မှာ စာဖတ်သောမိဘတွေရှိမယ်ဆိုရင် စာဖတ်ခြင်းဟာ နှစ်သက်စရာကောင်းတယ်၊ ပြီးတော့ သင်လိုချင်သောအရာဖြစ်တယ်ဆိုတာ နားလည်ပြီးတော့ စာဖတ်ခြင်းအပေါ်သူတို့ ပိုပြီး ယုံကြည်နိုင်ပါတယ်။ ဒီကနေမှာတော့ အဓိကအနေနဲ့ ဆရာတွေအတွက် စာသင်ခန်းအတွင်းမှာ စာဖတ်ခြင်းမြှင့်တင်ခြင်းအကြောင်းပဲ မျှ၀ေပေးသွားမှာ ဖြစ်ပါတယ်။

Preschool teacher is reading a book

ဆရာကိုယ်တိုင် စာဖတ်ခြင်း

အောင်မြင်ကျော်ကြားသူတိုင်း၊ စာပေသင်ကြားနေသူတိုင်း စာအုပ်ဖတ်ကြတယ်ဆိုတာ ကလေးများ သိထားသင့်တယ်။ စာသင်ခန်းတွင်းမှာ စာဖတ်ခြင်းကို အားပေးရန် နောက်ထပ်အကြံညဏ်တစ်ခုကတော့ ဆရာတွေအနေနဲ့ သူတို့အကြိုက်ဆုံးစာအုပ်တစ်ချို့ကို စာသင်ခန်းသို့ ယူဆောင်လာခြင်းပဲ ဖြစ်ပါတယ်။ စာမသင်ခင် ဆရာတွေအနေနဲ့ သူတို့နှစ်သက်သော စာအုပ်ကို အသံကျယ်ကျယ်ဖြင့် ငါးမိနစ်ခန့် ဖတ်နိုင်ပါတယ်။ ဒါဟာကျောင်းသားများအား အခြားစာအုပ်တွေမှာ စိတ်၀င်စားမှုကို နှိုးဆွပေးပါလိမ့်မယ်။

နံရံကပ်စာစောင်များ ထားရှိခြင်း

ပတ်၀န်းကျင်ဟာ အခြေခံကျပါတယ်။ စာဖတ်ခြင်းရဲ့ ဘာသာရပ်ဟာ အမြဲလက်ရှိအခြေအနေမှာ သေချာနေစေဖို့ အတန်းထဲမှာ ပတ်၀န်းကျင်တစ်ခုဖန်တီးတဲ့ အကြောင်းပါ။ အကြံကောင်းတစ်ခုအနေနဲ့ နံရံကပ်စာစောင်များ ထားရှိခြင်းပဲ ဖြစ်ပါတယ်။ ဖန်တီးမှု၊ ပျော်စရာနှင့် လွယ်ကူသော စိတ်ကူးလေးတွေဖြစ်ပါတယ်။ နံရံတွေမှာ ကျောင်းသားများ ၊ ဆရာများဟာ စာစောင်တစ်ခုတိုင်းမှာ ဓာတ်ပုံ၊ စကားစု( သို့) အမြင်အာရုံတစ်ခုခုထားခဲ့ရပါမယ်။ အကြံပြုချက်များကို မျှ၀ေဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ကျောင်းသားအားလုံးပါ၀င်ချင်၊ ဖတ်ချင်၊ မျှ၀ေချင်ကြမှာ ဖြစ်ပါတယ်။

စာဖတ်ခြင်းchallengeများလုပ်ပေးခြင်း

စာဖတ်ခြင်းစိန်ခေါ်မှုများဟာ ကလေတွေကို စာဖတ်ချင်စိတ်ဖြစ်လာစေဖို့ အလွန်ကောင်းသော မက်လုံးဖြစ်ပါတယ်။ သို့သော် အမှန်တကယ် ဆုချီးမြှင့်မှုတွေတော့ လုပ်ပေးရပါလိမ့်မယ်။ ဥပမာအားဖြင့် ဆုတံဆိပ်များ၊ ဒီပလိုမာများနှင့် တစ်ချို့စာအုပ်လေးတွေကို ချီးမြှင့်သင့်ပါတယ်။

စာဖတ်ခြင်းကို တွန်းအားပေးသော စကားလုံးတစ်ရာ

ကျောင်းသားတစ်ဦးစီကို သူတို့စိတ်၀င်စားသော ခေါင်းစဥ်ဖြင့် စာလုံးရေ၁၀၀ပြည့်အောင် ရေးခိုင်းတာမျိုးဖြစ်ပါတယ်။ ဘာရေးမယ်ဆိုတာ သူတို့မသိဘူးဆိုရင် ဆရာက အကြောင်းအရာရွေးချယ်ဖို့ စာရင်းပြုစုထားရပါမယ်။ ပြီးရင် သူတို့ရဲ့ အတန်းဖော်တွေကို လက်ဆင့်ကမ်းဖတ်စေရပါမယ်။ သူတို့ဖတ်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကို ရေးစေရပါမယ်။ ဒါတွေပြီးသွားတဲ့အခါ ဆရာက သူတို့လေးတွေကို အတန်းဖော်တစ်ဦးရေးသားသောအကြောင်းအရာကို ဖတ်ရှုခြင်းက သူတို့ကို ထောက်ပံ့ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ ပြောပြပါ။ ဒါဟာ အဖိုးတန်သော အရာဖြစ်ကြောင်း သူတို့လေးတွေကို နားလည်စေပါ။ သူတို့ဟာ စာဖတ်ခြင်းကို တဖြည်းဖြည်းအသုံးပြုလာပါလိမ့်မယ်။

၁၆နှစ်မတိုင်မီ ၁၆အုပ်ဖတ်ဖို့

ဒါဟာ ဆယ်ကျော်သက်တွေအတွက် လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။ ၁၆နှစ်မြောက်မွေနေ့မတိုင်မီ စာအုပ်၁၆အုပ်ဖတ်ဖို့ သူတို့ကို စိန်ခေါ်ခြင်း ဖြစ်ပါတယ်။ ဆရာအနေနဲ့ သူတို့ဖတ်ဖို့ စိတ်၀င်စားမှုကို ဖြစ်စေနိုင်သော အသက်အရွယ်အတွက် သင့်လျော်သော စာအုပ်များကို ရှာဖွေပေးသင့်ပါတယ်။ ရက်သတ္တပတ် နှစ်ပတ် သုံးပတ်တိုင်းမှာ သူတို့ဖတ်ထားသော စာအုပ်တွေကို ၀ေမျှသင့်ပါတယ်။ ဒီစိန်ခေါ်မှုမှာ ဘယ်သူပြီးမြောက်တယ်ဆိုတာ သိနိုင်ပါတယ်။ ဤရိုးရှင်းသော လုပ်ဆောင်မှုများဟာ ကျောင်းသားများက စာဖတ်ခြင်းကို ချစ်ခြင်းမေတ္တာသဘာ၀ဖွံ့ဖြိုးစေပါတယ်။ တဖြည်းဖြည်းနှင့် ဆရာများက သူတို့ကို စာဖတ်ခြင်းဖြင့် ပျော်ရွှင်စေနိုင်ပါတယ်။ သူတို့ဘ၀တစ်လျှောက်လုံး သူတို့ရဲ့ ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုအပေါ် အကျိုးသက်ရောက်မှုများစွာ ရှိနေခြင်း ဖြစ်ပါတယ်။

Chit_May_May

Nyein_Thu

sources-Youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here