ကျွန်မတို့ မိဘတွေမဖြစ်လာသေးခင်မှာ ကျွန်မတို့ရဲ့မိဘဘဝတွေကို ဘယ်လိုဖြတ်သန်းမလဲဆိုတာမျိုး အမြဲစိတ်ကူးယဉ်ကြပါတယ်။ ကျွန်မတို့ပတ်ဝန်းကျင်ကလူတွေကို ကြည့်ကြပြီး သူတို့တွေနဲ့ ကိုယ့်ကိုယ်ကိုယ်နှိုင်းယှဉ်ကြပါတယ်။ ကျွန်မတို့က မိခင်တစ်ယောက်က သူမရဲ့ ကလေးကို အော်လိုက်တဲ့အခါ ငါ့အလှည့်ရောက်လာတဲ့အခါ ဘယ်တော့မှ သူမလိုမဖြစ်စေရဘူးလို့ ကိုယ့်ကိုယ်ကိုယ်ကတိပေးကြပါတယ်။
တစ်ဆက်တည်းမှာပဲ အဖေတစ်ယောက်က သူ့ရဲ့ ကလေးတွေနဲ့ အတူတူကစားနေတာကို မြင်ရတဲ့အခါ ဒီလိုမိဘမျိုးဖြစ်လာဖို့ စိတ်ကူးယဉ်မျှော်လင့်ကြပြန်ပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ အစီအစဉ်တကျမဖြစ်တတ်ပါတယ်။
ဒီနေ့မှာ ချစ်မေမေကနေပြီး ကျွန်မတို့ရဲ့ မျှော်လင့်ချက်တွေနှင့် လက်တွေ့ဘဝဖြစ်နိုင်ခြေတွေကို နှိုင်းယှဉ်ပြထားခြင်းဖြစ်ပါတယ်။ ကျွန်မတို့အားလုံးက အမြဲတမ်းပြီးပြည့်စုံတဲ့ မိဘတွေမဖြစ်နိုင်သည့်တိုင် ကလေးတွေနှင့် ဆက်ဆံရေးဟာ အလွန်ပျော်စရာကောင်းနေပါသေးတယ်။
၁။ ကျန်းမာပြီး အမျိုးအစားစုံလင်တဲ့ အစားအသောက်တွေ ကျွေးကြမယ်ဆိုပါစို့

နောက်ဆုံးတော့ ကျွန်မတို့ ကလေးတွေရလာပါပြီ။ အဲဒီ့အချိန်မှာ စာအုပ်တွေအများအပြားဖတ်ပြီး ကလေးတွေအတွက် မီနူးအသစ်တွေကို စိတ်ရှည်လက်ရှည်ပြင်ဆင်ကြပြီပေါ့။ တစ်နေ့တစ်နေ့ မတူညီတဲ့ အစားအစာမီနူး ၃ မျိုးကို လုပ်ဖို့ လုံလောက်တဲ့ စွမ်းအင်မျိုးရှိနေမယ်လို့ ယုံကြည်ခဲ့ပေမယ့် ဒီလိုမဟုတ်တာ တွေ့လာရပါလိမ့်မယ်။ အဆင်ပြေသလို ချက်ပြုတ်စားသောက်ရတာကလည်း ပုံမှန်နေ့ရက်တစ်ရက်ပဲဆိုတာ တွေ့လာရပါလိမ့်မယ်။
၂။ သူတို့လုပ်သမျှအရာတွေကို လက်ခံနိုင်တယ်လို့ ကတိပေးကြပြန်ပါတယ်

ကျွန်မတို့ရဲ့ သားတွေနှင့် သမီးတွေရဲ့ စမ်းသပ်ချက်တွေဟာ တကယ်ကို ကြောက်စရာကောင်းပါတယ်။ ကာလာစုံနေတဲ့ ဆံပင်တွေ၊ တစ်ခါတလေမှာ ခန္ဓာကိုယ်အနံ့တူးတွေနဲ့ မေမေတို့အမြင်မှာ အံ့ဩစရာတွေဖြစ်နေနိုင်ပါတယ်။ ဒါ့အပြင် အကယ်၍ သင့်ကလေးက ကောလိပ်တက်နေရင်းကနေ ထွက်ပြီး အနုပညာအလုပ်ကို လုပ်ချင်တယ်ဆိုရင်ရော။ ဒါမှမဟုတ် သားဖြစ်သူက တောင်တက်စက်ဘီးစီးတာလိုမျိုး ဝါသနာတွေကို လွန်လွန်ကဲကဲစိတ်ဝင်စားနေမယ်ဆိုရင်ရော။ ကျွန်မတို့အားလုံးမှာ ကျွန်မတို့ကိုယ်တိုင်ရဲ့ ကန့်သတ်ချက်တွေရှိကြပြီး ကျွန်မတို့ရဲ့ ဆယ်ကျော်သက်တွေကို ”နင်အဲ့ဒီ့စကား နောက်တစ်ခေါက် ထပ်မပြောနဲ့ ” ဆိုတာမျိုးလည်း ပြောမိပါလိမ့်မယ်။
၃။ တစ်ခါတလေတော့ ကလေးတွေကို ကလေးထိန်း၊ daycare ၊ အဘွားတို့နဲ့ ထားခဲ့နိုင်တယ်လို့ ထင်ကြပါတယ်
မေမေတို့ရဲ့ ကလေးတွေကို နေ့ထိန်းကျောင်းကို ပို့ခြင်း ဒါမှမဟုတ် သင့်ဆွေမျိုးတွေကို အကူအညီတောင်းခြင်းက ပြဿနာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကလေးတစ်ယောက်နှင့် တိုက်ခန်းတစ်ခုမှာ 24/7 ရှိနေဖို့က ဘယ်သူမဆိုအတွက် ကြီးမားတဲ့စိန်ခေါ်မှုဖြစ်နိုင်ပါတယ်။ မေမေတို့အနေနဲ့လည်း အရာအားလုံးကို ကိုယ်တိုင်လုပ်စရာမလိုပါဘူး။ တစ်ခြားလူတွေဆီကနေ အကူအညီရယူသင့်ပါတယ်။
၄။ ကျွန်မတို့ရဲ့ ကလေးတွေကို အမြဲနားလည်မယ်လို့ ယုံကြည်ကြတယ်

ကျွန်မတို့က ကျွန်မတို့ရဲ့ သားသမီးတွေကို လူတွေရှေ့မှာ ဆူငေါက်တာမျိုးမလုပ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ဘယ်နှစ်ကြိမ်တောင် ကတိပေးခဲ့လဲ။ တစ်ခါတလေမှာ ကိုယ့်ကိုယ်ကိုယ်မထိန်းနိုင်ဘဲ လွှတ်ထွက်သွားတာမျိုးတွေလည်း ရှိနိုင်ပါတယ်။ မိဘတိုင်းက တစ်ကြိမ်ထက်ပိုပြီး မှားယွင်းနိုင်ကြတာကြောင့် ကိုယ့်ကိုယ်ကိုယ်အရှုံးမပေးလိုက်ပါနဲ့။ သင့်ကလေးကို တောင်းပန်ပြီး သင့်ဘာကြောင့် အော်လိုက်မိကြောင်း ရှင်းပြဖို့ပဲ လိုအပ်ပါတယ်။
၅။ ကလေးတွေကို အမှီအခိုကင်းအောင် လုပ်နိုင်မယ်လို့ ယုံကြည်ကြတယ်
အစပိုင်းမှာတော့ ကလေးတွေကို အိမ်စာတွေကိုယ်တိုင်လုပ်စေပြီး၊ ဟင်းချက်တတ်ဖို့၊ အခန်းတွေကို သန့်ရှင်းရေးလုပ်ဖို့၊ စိတ်ရှည်သည်းခံနိုင်လောက်တဲ့ အတိုင်းအတာရှိမယ်လို့ ထင်ကြပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ စိတ်မရှည်ဖြစ်ပြီး ကိုယ်တိုင်ပဲ ဝင်လုပ်လိုက်တာတွေကို တွေ့လာရပါလိမ့်မယ်။
၆။ ကလေးတွေကို သူတို့ကိုယ်ပိုင်အိပ်ရာနဲ့ပဲ အိပ်ခိုင်းမယ်
နေ့ခင်းမှာ ကလေးက အိပ်မက်ဆိုးမက်တဲ့အခါ နွားနို့ပူပူလေးတစ်ခွက်တိုက်ပြီး အခန်းထဲ ပြန်ခေါ်သွားမယ်လို့ စိတ်ကူးမိပါလိမ့်မယ်။ ဒါပေမယ့် ညဘက်မှာတော့ ကြောက်တတ်တဲ့ကလေးတွေကို ဖြည်းဖြည်းချင်းနှစ်သိမ့်ပေးနိုင်ဖို့ မေမေတို့နဲ့ တူတူအိပ်ရပါလိမ့်မယ်။
၇။ ကျွန်မတို့ရဲ့ ကလေးတွေကို ဂီတ၊ အနုပညာနှင့် ဖက်ရှင်တွေမျာ ကောင်းကောင်းမွန်မွန်ဖြစ်လာစေဖို့ မျှော်လင့်ကြပါတယ်

မိခင်လောင်းဘဝမှာကတည်းက ကျွန်မတို့ရဲ့ ကလေးတွေအတွက် ဂန္တဝင်သီချင်းတွေနားထောင်ခြင်း၊ ရုပ်ရှင်ဇာတ်လမ်းကောင်းများကြည့်ခြင်းနှင့် အဝတ်အစားကောင်းကောင်းလေးတွေကို ဝတ်ဆင်ဖြစ်ကြပါလိမ့်မယ်။ ဒါပေမယ့် မေမေတို့ရဲ့ ကလေးဟာ ဆယ်ကျော်သက်ဘဝမှာ မေမေတို့ နားမလည်နိုင်သော အဝတ်အစားတွေ ဝတ်ဆင်လာသလို ဂီတမှာလည်း မေမေတို့အတွက် ကြောင်လွန်းတဲ့ သီချင်းတွေနားထောင်ခြင်း၊ ကြည့်ရှုတာမျိုးတွေလည်း ပြုလုပ်လာပြီဆိုပါစို့။ အမှန်တကယ်တော့ မတူညီတဲ့ မျိုးဆက်တွေအတွက် မတူညီတဲ့အရသာတွေဟာ လုံးဝပုံမှန်ဖြစ်ပါတယ်။
၈။ ကိုယ်ဝန်ဆောင်ကာလမှာလည်း ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်နိုင်မယ်လို့ မျှော်လင့်ကြတယ်
စတိုင်လ်ကျလှပနေသော ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနှင့် ကလေးရှိသော မိခင်တွေရဲ့ ဓာတ်ပုံတွေကို ကြည့်မိတိုင်း ”ငါတို့အလှည့်ရောက်တဲ့အခါမှာ ဒီလိုမျိုးပဲ ဖြစ်စေရမယ်”လို့ မျှော်လင့်ကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် ရှုတ်ပွနေတဲ့ ဆံပင်တွေ၊ သန့်ပြန့်နေတဲ့ အဝတ်အစားတွေ၊ မိတ်ကပ်လှလှလေးနဲ့၊ နေ့စဉ်နှိပ်နယ်ပေးဖို့နှင့် အကြောပြတ်ရာတွေကို အမြဲအဆီလိမ်းပေးဖို့ စသဖြင့် ကိုယ့်ကိုယ်ကိုယ်အကောင်းဆုံးဖြစ်လာဖို့ စိတ်ကူးမိကြပါလိမ့်မယ်။ ဒါပေမယ့် လက်တွေ့မှာတော့ နေမကောင်းဖြစ်တာတွေ၊ ပင်ပန်းတာတွေကြောင့် ကိုယ့်ကိုယ်ကိုယ်သက်တောင့်သက်သာဖြစ်စေဖို့အတွက် ဦးစားပေးဖြစ်ကြပါတော့တယယ်။ အင်္ကျီပွပွတွေ၊ ဖောင်ရောင်နေတဲ့ ခြေထောက်အတွက် အဆင်ပြေနိုင်မယ့် ဖိနပ်တွေကို စီးဖြစ်ပါလိမ့်မယ်။
Chit_May_May
Nyein_Thu
ref-Brightside