
မိဘအများစုက ကိုယ့်ကလေးတွေကို အမှတ်ကောင်းကောင်းရဖို့၊ နာမည်ကြီးတက္ကသိုလ်တွေကို ဝင်ခွင့်ရဖို့ ဆန္ဒရှိကြပါတယ်။ သို့သော် EQ လို့ခေါ်တဲ့ စိတ်ခံစားမှု ထိန်းသိမ်းနိုင်စွမ်းကို မကြာခဏ လစ်လျူရှုခဲ့ကြပါတယ်။ တကယ်တော့ စိတ်ခံစားမှု ထိန်းသိမ်းနိုင်စွမ်းက ထိရောက်တဲ့ communication ရှိခြင်းနှင့် အလုပ်မှာ အောင်မြင်ဖို့ ကူညီခြင်းကနေ စိတ်ဖိစီးမှုတွေကို ကိုင်တွယ်ဖြေရှင်းခြင်းအထိ မယုံနိုင်လောက်အောင် အကျိုးရှိပါတယ်။ အောင်မြင်တဲ့သူ တစ်ယောက်ဖြစ်ဖို့အတွက် ဉာဏ်ကောင်းခြင်း IQ တစ်ခုတည်းနဲ့မလုံလောက်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ ထိန်းသိမ်းနိုင်စွမ်း EQ ကောင်းဖို့လည်း လိုအပ်ပါတယ်။ ဒါ့ကြောင့် မေမေတို့ကလေးကို emotional intelligence (EQ)ကောင်းအောင် ကူညီနိုင်မယ့် အချက် (၇) ချက်ကို မျှဝေပေးလိုက်ပါတယ်၊
၁။ မကောင်းတဲ့ ခံစားချက်တွေကို မရှောင်ပါနဲ့
မကောင်းတဲ့ စိတ်ခံစားချက်တွေကို လျစ်လျူရှုတာမျိုး (သို့) စိတ်ခံစားချက် ဖော်ပြတဲ့အတွက် ကလေးအား အပြစ်တင်ပြောဆိုတာမျိုးက ကလေးမှာ စိတ်ကျဝေဒနာ ဖြစ်ပေါ်စေနိုင်ပါတယ်။ သင့်ရဲ့ ကဲ့ရဲ့ခြင်း (သို့)လျစ်လျူရှုခြင်းက သူတို့အား မကောင်းတဲ့ ခံစားချက်တွေ ရှိနေမှာကို ကြောက်ရွံစေနိုင်ပါတယ်။ ပြဿနာကို ဖြေရှင်းလိုက်တာက ပိုကောင်းပါတယ်။ အရာအားလုံး အဆင်ပြေတယ်လို့ ဟန်ဆောင်နေမယ့်အစား ဖြေရှင်းပါ။ ခက်ခဲသော အခြေအနေတွေကနေ အမြဲတစေ ကာကွယ်ပေးခြင်းက စိတ်ခံစားချက် ထိန်းသိမ်းနိုင်စွမ်းကို အားမကောင်းစေပါဘူး။ အခြားတစ်ဖက်က ကြည့်ရင် မကောင်းတဲ့ခံစားချက်တွေကို ဖြေရှင်းလိုက်ခြင်းက EQ တိုးတတ်စေဖို့ သော့ချက်ဖြစ်ပါတယ်။

၂။ တတ်ကြွစွာ နားထောင်ခြင်းကို ကျင့်သုံးပါ
သတိရှိသော စကားပြောဆိုခြင်းက EQ ကိုသင်ကြားရာမှာ မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ စကားဝိုင်းတစ်ခုမှာ လုံးဝထိတွေ့မှု လိုအပ်ပါတယ်။ အပြန်အလှန်ဆွေးနွေးတာမျိုးကို လုပ်ပါ။ သင့်ရဲ့ body language ကိုသုံးပါ။ မက်ဆေ့ချ်ကို အပြည့်အဝ နားလည်ပါ။ တတ်ကြွစွာ နားထောင်ခြင်းကို အသုံးပြုတဲ့အခါ သင့်ကလေးမှာ ချစ်ခြင်းမေတ္တာခံစားရစေပြီး confident ပိုရှိစေပါတယ်။

၃။ ကလေးတွေကို ပြဿနာဖြေရှင်းနည်း သင်ပေးပါ
ဝုန်းဒိုင်းကြဲပစ်တာထက် ပြဿနာတစ်ခု ရင်ဆိုင်တတ်ဖို့ သင်ပေးရပါမယ်။ စိတ်ခံစားချက်တွေကို အသိအမှတ်ပြုဖို့ အရေးကြီးပေမယ့် အဲ့ဒီပေါ်မှာပဲ တဝဲလည်လည် ဖြစ်မနေရပါဘူး။ ကလေးအား သူ့ရဲ့ခံစားချက်တွေကို အတည်ပြုပေးနိုင်မယ့်သူတွေကို အကူအညီတောင်းဖို့ တိုက်တွန်းပါ။ သူတို့ကို မတူညီတဲ့ ဖြေရှင်းချက်တွေနဲ့ ဖြေရှင်းခွင့်ပေးပါ၊ သူတို့လိုချင်တဲ့ လုပ်ပိုင်ခွင့်ပေးပါ။

၄။ အတုယူဟန်ဆောင် ကစားနည်းကို သုံးပါ
အတုယူဟန်ဆောင်ကစားနည်း(Pretend Play)က ဖျော်ဖြေရေးမှတဆင့် လိုအပ်တဲ့ လူမှုဆက်ဆံရေးအားလုံးကို သင်ကြားပေးပါတယ်။ ကလေးတွေဟာ လူမှုရေးနဲ့ emotional roles တွေကို စမ်းသပ်လေ့လာပြီး စာနာမှုပြပုံကို လေ့လာကြပါတယ်။ အတုယူဟန်ဆောင်ကစားခြင်းက ခံစားချက်တွေကို စူးစမ်းဖို့ ကူညီပေးပါတယ်။ တီထွင်ဖန်တီးမှုကို သင်ပေးရုံသာမက အခြားသူတွေရဲ့ရှု့ထောင့်တွေကိုပါ နားလည်စေပါတယ်။

၅။ ကလေးတွေရဲ့ မကောင်းတဲ့ စိတ်ခံစားချက်တွေကို အန္တရာယ်ကင်းစွာ ထုတ်ဖော်ခွင့်ပြုပါ
တစ်ခါတစ်ရံမှာ စိတ်ပျက်မှုကို manage လုပ်ဖို့က ကလေးတွေအတွက် ခက်ခဲနိုင်ပါတယ်။ သူတို့ရဲ့ ခံစားချက်တွေကို ဘယ်လိုဖော်ပြရမလဲဆိုတာ မသင်ပေးရင် သူတို့ အကြမ်းဖက်လာနိုင်ပါတယ်။ စိတ်ဖိစီးမှု လျော့ချနည်းကောင်းကို သင်ပေးပါ။ ဥပမာအားဖြင့် ခေါင်းအုံးတစ်လုံးကို ထိုးတာမျိုး၊ ပြေးတာမျိုးက တစ်ယောက်ယောက်ကို ရိုက်တာထက်၊ ပစ္စည်းတွေကို ချိုးဖျက်ပစ်တာထက် ပိုကောင်းပါတယ်။

၆။ ခန္ဓာကိုယ်ဘာသာစကားကို ထောက်ပြပါ
စိတ်ခံစားမှုတွေက ရုပ်ပိုင်းဆိုင်ရာကို ထိခိုက်စေပါတယ်။ စိတ်ပျက်တဲ့အခါ ခေါင်းကိုက်လာပါတယ်။ စိတ်ပူတဲ့အခါ စိတ်လှုပ်ရှားလာတာကို ခံစားရပါတယ်။ ကလေး ထိတ်လန့်လာတာကို သတိပြုမိတဲ့အခါ သူတို့ရဲ့ခန္ဓာကိုယ်က ဘယ်လိုခံစားရသလဲလို့ မေးပါ။ စိတ်ခံစားချက်ရဲ့ ပထမဆုံးလက္ခဏာကို အသိအမှတ်ပြုခြင်းက ၎င်းတို့အား လျင်မြန်စွာ ရင်ဆိုင်စေဖို့ ကူညီပေးပါတယ်။ လူတွေဟာ သူတို့ရဲ့ခံစားချက်တွေကို နှုတ်ဖြင့် အမြဲထုတ်ဖော်ပြောဆိုတာမျိုး မရှိတာကြောင့် ဒါက သူတို့အား အခြားသူတွေ ဘယ်လိုခံစားရတယ်ဆိုတာကို ပိုမိုနားလည်စေပါတယ်။

၇။ သင့်ရဲ့ခံစားချက်တွေကို မျိုသိပ်မထားပါနဲ့
ပွင့်လင်းရိုးသားတဲ့ မိဘတွေဟာ ယုံကြည်မှုရှိသော ပတ်ဝန်းကျင်ကို ဖန်တီးပေးပါတယ်။ ဒီလိုမိဘတွေနဲ့ ကလေးတွေဟာ သူတို့ရဲ့ပြဿနာတွေ၊ စိုးရိမ်မှုတွေကို မျှဝေရာမှာ ပိုအဆင်ပြေပါတယ်။ သင်က ပျော်ရွှင်မှု မျက်နှာဖုံးကို အမြဲတပ်ထားတဲ့ မိဘတစ်ယောက်ဆိုရင် သင့်ကလေးတွေကို စိတ်ရှုပ်စေပါတယ်။ သင့်အနေနဲ့ ပုံမှန်အတိုင်း လုပ်ဆောင်လိုက်တာ ဖြစ်ပေမယ့် သူတို့က တစ်ခုခုမှားနေပြီလို့ ယူဆတတ်ပါတယ်။ ရလဒ်အနေနဲ့ ကလေးတွေဟာ သူတို့ရဲ့ကိုယ်ပိုင် စိတ်ခံစားချက်တွေကို ရှောင်ပြီး အခြားသူတွေရဲ့ ခံစားချက်တွေကို နားလည်ဖို့ ရုန်းကန်နေရတတ်ပါတယ်။
Chit_MayMay
LM_Nandar
Source-brightside.