စိတ်ပညာရှင်တစ်ယောက် ဖော်ထုတ်ခဲ့တဲ့ မိဘအားလုံး လိုက်နာသင့်သော သုံးမိနစ်စည်းမျဉ်း

0
658
- Advertisement -

အလုပ်ပြီးရင် သင့်ကလေးကို အချိန်ဘယ်လောက်ပေးသလဲ? နည်းပညာပိုင်းအရ သူတို့အတွက် ညစာချက်ဖို့ မိနစ်၃၀ခန့်၊ စာအုပ်ဖတ်ဖို့ ၁၅မိနစ်ခန့်၊ သူတို့ကို နှုတ်ဆက်အနမ်းပေးဖို့ အခိုက်အတန့် အနည်းငယ်သာ လိုအပ်ပါတယ်။ သို့သော် ကျွမ်းကျင်သူများအဆိုအရ ဒီအချိန်ကာလအားလုံးမှာ တစ်နေ့တာရဲ့ အရေးအကြီးဆုံးဖြစ်နိုင်တဲ့ ၃မိနစ်ဆိုတာ ရှိပါတယ်။ စိတ်ပညာရှင် Nataliya Sirotich က သုံးမိနစ်စည်းမျဉ်းကို ရှင်းပြခဲ့ပြီး သူမရဲ့ အဆိုအရ ဒီစည်းမျဉ်းကို သင်လိုက်နာရင် ကလေး ဆယ်ကျော်သက်တွေ ဖြစ်လာတဲ့အထိ သင့်ကလေးရဲ့ ယုံကြည်မှုကို ရလာလိမ့်မယ်လို့ ဆိုပါတယ်။ ချစ်မေမေတို့အတွက် ဒီ သုံးမိနစ်ကို ကလေးနှင့်အတူ အပြည့်အဝ နားလည်မှုအဆင့်သို့ ရောက်ရှိဖို့ ဘယ်လိုသုံးစွဲရမယ်ဆိုတဲ့ အကြောင်းကို မျှဝေပေးလိုက်ပါတယ်နော်။

၃မိနစ်စည်းမျဉ်း

ဒီစည်းမျဉ်းအရ သင်ဟာ တစ်ယောက်နှင့်တစ်ယောက် အချိန်အကြာကြီး မတွေ့ခဲ့ရသလို ကလေးနှင့် နေ့တိုင်းတွေ့ဆုံရမယ်လို့ ဆိုပါတယ်။ ကလေးနှင့် မျက်နှာချင်းဆိုင်ပြီး ကလေးငယ်ကို ပွေ့ဖက်ပါ။ ပြီးရင် သင်နဲ့ ဝေးကွာနေခဲ့တဲ့ တစ်နေ့တာအတွင်း ဖြစ်ပျက်ခဲ့သမျှကို မေးမြန်းခြင်းအား ၃မိနစ်ခန့် အချိန်ယူပေးပါ။ အထူးသဖြင့် ကလေးဟာ ကျောင်းမှ အိမ်သို့ပြန်ရောက်တဲ့အခါ၊ သင်အလုပ်မှ အိမ်သို့ ပြန်လာတဲ့အခါ ဒီစည်းမျဉ်းကို လိုက်နာဖို့ အရေးကြီးပါတယ်။

- Advertisement -

ဘာ့ကြောင့် လိုအပ်သလဲ?

စိတ်ပညာရှင်ရဲ့ အဆိုအရ သင့်ကလေးက မိဘနှင့်တွေ့တဲ့ မိနစ်အနည်းငယ်အတွင်းမှာ သူတို့မှတ်မိနိုင်တဲ့ အချက်အလက်တွေအားလုံးကို မိဘအား ပြောပြပါလိမ့်မယ်။ သင်အလုပ်ရှုပ်နေလို့ ဒီ၃မိနစ်စည်းမျဉ်းကို လျစ်လျူရှုလိုက်ပါက မိဘတွေကို အလွန်အရေးကြီးတဲ့ အရာတွေ မပြောလိုက်ရ၊ ပြောပြဖို့ အခွင့်အရေးမရှိလိုက်တဲ့အတွက် သူတို့အကြောင်းကို ပြောဆိုဖို့တောင် အရေးမပါတဲ့ပုံ ပေါ်စေပါတယ်။ ဒီကိစ္စမှာ မိဘတွေဟာ တကယ့်ကို အရေးကြီးတဲ့ အကြောင်းအရာတွေကို လက်လွတ်သွားနိုင်ပါတယ်။

တခြားကလေးတွေကတော့ တစ်ညနေလုံး သူတို့တစ်နေ့တာ ကြုံရသမျှကို ပြောပြတတ်ကြပါတယ်။ ဒါက အချက်အလက်သစ်တွေကို အချိန်တိုင်း ပြန်အမှတ်တရပြီး နောက်ဆုံးတော့ သူတို့မှာ ပြီးပြည့်စုံတဲ့ ဇာတ်လမ်းတစ်ပုဒ် ရှိလာပါလိမ့်မယ်။ သို့သော် ထိုကဲ့သို့သော ကလေးရဲ့ မိဘတွေဟာ အရေးကြီးတဲ့ အကြောင်းအရာအားလုံးကို မကြားလိုက်တွေလည်း ရှိနိုင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ စကားတောက်လျှောက်ပြောတဲ့ ကလေးဟာ မိဘတွေအတွက် နားညီးမှုကို ဖြစ်လာစေလို့ပါ။

အပိုဆောင်း အကြံပြုချက်များ

သတိပြုဖို့ အရေးကြီးတာက ၃မိနစ်ခန့်ဆိုတာ သင့်ကလေးနှင့် တစ်နေ့လျှင် ၃မိနစ်သာ အချိန်ပေးသင့်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ကလေးပြောပြမယ့် အရေးကြီးအရာအားလုံးကို သေချာကြားစေဖို့ ၃မိနစ်ခန့် အချိန်ပေးရမယ်လို့ ဆိုလိုတာပါ။

ကလေးနှင့် အပြည့်အဝနားလည်မှု အဆင့်ထိကို ရောက်ရှိဖို့ စိတ်ပညာရှင်တွေဆီက ဒီအကြံပြုချက်တွေကို လိုက်နာနိုင်ပါတယ်။

ဖေဖေ/မေမေနဲ့ ကလေးအတွက် စိတ်ဝင်စားစရာကောင်းတဲ့ အရာတစ်ခုခုကို အတူတူလုပ်ဖို့ နေ့တိုင်းအချိန်ပေးပါ။

ကလေးရဲ့ စကားကို မိဘတွေ နားထောင်ပေးတယ်၊ အမြဲတမ်း ဂရုတစိုက်နဲ့ အာရုံစိုက်ပေးဆိုတာ သူတို့ကို သိစေပါ။ ဥပမာ- ကလေးဆီက ကြားတဲ့ သတင်းအချက်တွေကို မှန်ကန်စွာ နားလည်စေဖို့နှင့် သေချာစေဖို့ ထပ်မံမေးနိုင်ပါတယ်။

စိတ်လှုပ်ရှားမှု အတု လုပ်မပြပါနဲ့။

သူတို့ပြောသမျှအရာအားလုံးကို သင်မှတ်မိကြောင်း အသိပေးပါ။

Chit_MayMay

LM_Nandar

Source-brightside

စိတ္ပညာရွင္တစ္ေယာက္ ေဖာ္ထုတ္ခဲ့တဲ့ မိဘအားလုံး လိုက္နာသင့္ေသာ သုံးမိနစ္စည္းမ်ဥ္း
အလုပ္ၿပီးရင္ သင့္ကေလးကို အခ်ိန္ဘယ္ေလာက္ေပးသလဲ? နည္းပညာပိုင္းအရ သူတို႔အတြက္ ညစာခ်က္ဖို႔ မိနစ္၃၀ခန္႔၊ စာအုပ္ဖတ္ဖို႔ ၁၅မိနစ္ခန္႔၊ သူတို႔ကို ႏႈတ္ဆက္အနမ္းေပးဖို႔ အခိုက္အတန္႔ အနည္းငယ္သာ လိုအပ္ပါတယ္။ သို႔ေသာ္ ကြၽမ္းက်င္သူမ်ားအဆိုအရ ဒီအခ်ိန္ကာလအားလုံးမွာ တစ္ေန႔တာရဲ႕ အေရးအႀကီးဆုံးျဖစ္ႏိုင္တဲ့ ၃မိနစ္ဆိုတာ ရွိပါတယ္။ စိတ္ပညာရွင္ Nataliya Sirotich က သုံးမိနစ္စည္းမ်ဥ္းကို ရွင္းျပခဲ့ၿပီး သူမရဲ႕ အဆိုအရ ဒီစည္းမ်ဥ္းကို သင္လိုက္နာရင္ ကေလး ဆယ္ေက်ာ္သက္ေတြ ျဖစ္လာတဲ့အထိ သင့္ကေလးရဲ႕ ယုံၾကည္မႈကို ရလာလိမ့္မယ္လို႔ ဆိုပါတယ္။ ခ်စ္ေမေမတို႔အတြက္ ဒီ သုံးမိနစ္ကို ကေလးႏွင့္အတူ အျပည့္အဝ နားလည္မႈအဆင့္သို႔ ေရာက္ရွိဖို႔ ဘယ္လိုသုံးစြဲရမယ္ဆိုတဲ့ အေၾကာင္းကို မွ်ေဝေပးလိုက္ပါတယ္ေနာ္။

၃မိနစ္စည္းမ်ဥ္း

ဒီစည္းမ်ဥ္းအရ သင္ဟာ တစ္ေယာက္ႏွင့္တစ္ေယာက္ အခ်ိန္အၾကာႀကီး မေတြ႕ခဲ့ရသလို ကေလးႏွင့္ ေန႔တိုင္းေတြ႕ဆုံရမယ္လို႔ ဆိုပါတယ္။ ကေလးႏွင့္ မ်က္ႏွာခ်င္းဆိုင္ၿပီး ကေလးငယ္ကို ေပြ႕ဖက္ပါ။ ၿပီးရင္ သင္နဲ႔ ေဝးကြာေနခဲ့တဲ့ တစ္ေန႔တာအတြင္း ျဖစ္ပ်က္ခဲ့သမွ်ကို ေမးျမန္းျခင္းအား ၃မိနစ္ခန္႔ အခ်ိန္ယူေပးပါ။ အထူးသျဖင့္ ကေလးဟာ ေက်ာင္းမွ အိမ္သို႔ျပန္ေရာက္တဲ့အခါ၊ သင္အလုပ္မွ အိမ္သို႔ ျပန္လာတဲ့အခါ ဒီစည္းမ်ဥ္းကို လိုက္နာဖို႔ အေရးႀကီးပါတယ္။

ဘာ့ေၾကာင့္ လိုအပ္သလဲ?

စိတ္ပညာရွင္ရဲ႕ အဆိုအရ သင့္ကေလးက မိဘႏွင့္ေတြ႕တဲ့ မိနစ္အနည္းငယ္အတြင္းမွာ သူတို႔မွတ္မိႏိုင္တဲ့ အခ်က္အလက္ေတြအားလုံးကို မိဘအား ေျပာျပပါလိမ့္မယ္။ သင္အလုပ္ရႈပ္ေနလို႔ ဒီ၃မိနစ္စည္းမ်ဥ္းကို လ်စ္လ်ဴရႈလိုက္ပါက မိဘေတြကို အလြန္အေရးႀကီးတဲ့ အရာေတြ မေျပာလိုက္ရ၊ ေျပာျပဖို႔ အခြင့္အေရးမရွိလိုက္တဲ့အတြက္ သူတို႔အေၾကာင္းကို ေျပာဆိုဖို႔ေတာင္ အေရးမပါတဲ့ပုံ ေပၚေစပါတယ္။ ဒီကိစၥမွာ မိဘေတြဟာ တကယ့္ကို အေရးႀကီးတဲ့ အေၾကာင္းအရာေတြကို လက္လြတ္သြားႏိုင္ပါတယ္။

တျခားကေလးေတြကေတာ့ တစ္ညေနလုံး သူတို႔တစ္ေန႔တာ ႀကဳံရသမွ်ကို ေျပာျပတတ္ၾကပါတယ္။ ဒါက အခ်က္အလက္သစ္ေတြကို အခ်ိန္တိုင္း ျပန္အမွတ္တရၿပီး ေနာက္ဆုံးေတာ့ သူတို႔မွာ ၿပီးျပည့္စုံတဲ့ ဇာတ္လမ္းတစ္ပုဒ္ ရွိလာပါလိမ့္မယ္။ သို႔ေသာ္ ထိုကဲ့သို႔ေသာ ကေလးရဲ႕ မိဘေတြဟာ အေရးႀကီးတဲ့ အေၾကာင္းအရာအားလုံးကို မၾကားလိုက္ေတြလည္း ရွိႏိုင္ပါတယ္။ ဘာ့ေၾကာင့္လည္းဆိုေတာ့ စကားေတာက္ေလွ်ာက္ေျပာတဲ့ ကေလးဟာ မိဘေတြအတြက္ နားညီးမႈကို ျဖစ္လာေစလို႔ပါ။

အပိုေဆာင္း အႀကံျပဳခ်က္မ်ား

သတိျပဳဖို႔ အေရးႀကီးတာက ၃မိနစ္ခန္႔ဆိုတာ သင့္ကေလးႏွင့္ တစ္ေန႔လွ်င္ ၃မိနစ္သာ အခ်ိန္ေပးသင့္တယ္လို႔ ဆိုလိုတာမဟုတ္ပါဘူး။ ကေလးေျပာျပမယ့္ အေရးႀကီးအရာအားလုံးကို ေသခ်ာၾကားေစဖို႔ ၃မိနစ္ခန္႔ အခ်ိန္ေပးရမယ္လို႔ ဆိုလိုတာပါ။

ကေလးႏွင့္ အျပည့္အဝနားလည္မႈ အဆင့္ထိကို ေရာက္ရွိဖို႔ စိတ္ပညာရွင္ေတြဆီက ဒီအႀကံျပဳခ်က္ေတြကို လိုက္နာႏိုင္ပါတယ္။

ေဖေဖ/ေမေမနဲ႔ ကေလးအတြက္ စိတ္ဝင္စားစရာေကာင္းတဲ့ အရာတစ္ခုခုကို အတူတူလုပ္ဖို႔ ေန႔တိုင္းအခ်ိန္ေပးပါ။

ကေလးရဲ႕ စကားကို မိဘေတြ နားေထာင္ေပးတယ္၊ အၿမဲတမ္း ဂ႐ုတစိုက္နဲ႔ အာ႐ုံစိုက္ေပးဆိုတာ သူတို႔ကို သိေစပါ။ ဥပမာ- ကေလးဆီက ၾကားတဲ့ သတင္းအခ်က္ေတြကို မွန္ကန္စြာ နားလည္ေစဖို႔ႏွင့္ ေသခ်ာေစဖို႔ ထပ္မံေမးႏိုင္ပါတယ္။

စိတ္လႈပ္ရွားမႈ အတု လုပ္မျပပါနဲ႔။

သူတို႔ေျပာသမွ်အရာအားလုံးကို သင္မွတ္မိေၾကာင္း အသိေပးပါ။

Chit_MayMay

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here