စိတ်ပညာရှင်တစ်ဦး ဖော်ပြခဲ့တဲ့ ကလေးတွေေရဲ့ နှုတ်ခမ်းကို ဘာ့ကြောင့် မနမ်းသင့်လဲ ဆိုတဲ့အကြောင်း
0
466
- Advertisement -
လွန်ခဲ့တဲ့ အချိန်တုန်းက ဗစ်တိုးရီးယားဘက်ခမ်းဟာ သူမရဲ့ သမီး ဘရွတ်ကလင်းရဲ့ နှုတ်ခမ်းကို နမ်းတဲ့ ပုံတင်ခဲ့ပါတယ်။ ၎င်းကို လက်ခံနိုင်သည်ဖြစ်စေ၊ လက်မခံနိုင်သည်ဖြစ်စေ commentsတွေမှာ ဆွေးနွေးမှုတွေ၊ အငြင်းအခုံတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ဆရာဝန်တွေက ဒီနည်းလမ်းဟာ ကလေးတွေအတွက် မိသားစုပတ်ဝန်းကျင်မှာ လုံခြုံပြီး ချစ်ခြင်းမေတ္တာကို ခံစားရလိမ့်မယ်လို့ ပြောပါတယ်။ ဒါပေမယ့် နှုတ်ခမ်းကို နမ်းခြင်းက မိဘမေတ္တာကို ဖော်ပြဖို့ ကောင်းတဲ့ အိုင်ဒီယာ မဟုတ်ပါဘူး။
ချစ်ခြင်းမေတ္တာကို ဖော်ပြတဲ့ ဒီနည်းလမ်းက ဘာ့ကြောင့် မကောင်းဘူးလဲဆိုတာကို ကလေးစိတ်ပညာရှင်တွေရဲ့ ထင်မြင်ယူဆချက်များကို မျှဝေပေးလိုက်ပါတယ်။
၁။ ဒါက ကလေးရဲ့ ပါစင်နယ် နယ်နိမိတ် နားလည်မှုကို ပြောင်းလဲစေနိုင်ပါတယ်
စိတ်ပညာရှင် Charlotte Reznick ရှင်းပြထားသလို နှုတ်ခမ်းနှင့် ပါးစပ်က ကလေးတစ်ယောက် ခန္ဓာကိုယ်ရဲ့ personal boundaries ဖြစ်ပါတယ်။ မိဘက ကလေးတစ်ယောက်ရဲ့ နှုတ်ခမ်းကို အနမ်းပေးတဲ့အခါ သူတို့ခန္ဓာကိုယ်ရဲ့ နယ်နိမိတ်စည်းကို ဖွင့်ပေးသလို ဖြစ်စေပါတယ်။ ဒါက သူတို့ရဲ့ ကိုယ်ပိုင်နယ်နိမိတ်ကို ကာကွယ်ရကောင်းမှန်းမသိခြင်း၊ မလုပ်နဲ့လို့ ပြောနိုင်စွမ်းမရှိခြင်းကို ဖြစ်စေနိုင်ပါတယ်။
- Advertisement -
၂။ ရောဂါပိုးတွေ ကူးစက်နိုင်ပါတယ်
ကျွန်ုပ်တို့ရဲ့ ပါးစပ်မှာ လူကြီးအချင်းချင်း မကူးစက်နိုင်တဲ့ သေးငယ်သော ပိုးမွှားအမြောက်များရှိကြောင်း သွားဘက်ဆိုင်ရာ ဆရာဝန်တွေက သတိပေးထားပါတယ်။ သို့သော် ကလေးတွေမှာ ကိုယ်ခံအားစနစ် အားနည်းတာကြောင့် ကလေးတွေကို ကူးစက်နိုင်ပြီး ဆိုးဝါးစွာ ထိခိုက်စေနိုင်တယ်လို့ Charlotte Reznick ကရှင်းပြထားပါတယ်။ အချို့သော အန္တရာယ်ရှိ ကူးစက်ရောဂါတွေဟာ တံတွေးမှတဆင့် သူတို့ခန္ဓာကိုယ်ထဲကို ဝင်ရောက်နိုင်ပါတယ်။
၃။ ကလေးဟာ စာနာမှုကို ဖော်ပြခြင်းအဖြစ် တခြားသူတွေကို နှုတ်ခမ်းနမ်းတာတွေ စလုပ်နိုင်ပါတယ်
ကလေးဟာ အိမ်မှာ သင်ကြားထားတဲ့ နည်းအတိုင်း စတင်လုပ်ဆောင်နိုင်ပါတယ်။ သို့သော် မိသားစုပတ်ဝန်းကျင်ပြင်ပမှာ အခြားကလေးတွေ (သို့) လူကြီးတွေရဲ့ နှုတ်ခမ်းကို နမ်းခြင်းက စာနာမှုပြဖို့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ မိဘတွေအတွက်တော့ အပြစ်မဲ့တဲ့ အမှုအယာ ဖြစ်ပေမယ့်လည်း ကလေးတွေဟာ အတုခိုးခြင်းအားဖြင့် အရာအားလုံးကို သင်ယူကြတယ်လို့ စိတ်ပညာရှင်များက ထောက်ပြထားပါတယ်။ ဒီတော့ သူတို့ဟာ ဒီအမူအရာရဲ့ သွယ်ဝိုက်အသိပေးမှုကို နားလည်ခြင်းမရှိဘဲ တခြားသူတွေကို ထပ်တူပြုမှုဖို့ လုပ်ဆောင်ပါလိမ့်မယ်။ ကလေးတွေရဲ့ နဖူးလေးတွေ၊ ပါးလေးတွေကိုသာ နမ်းဖို့ အကြံပြုထားပါတယ်။
Lifestyle_Myanmar
LM_Nandar
Source-brightside
Zawgyi
စိတ်ပညာရှင်တစ်ဦး ဖော်ပြခဲ့တဲ့ ကလေးတွေရေဲ့ နှုတ်ခမ်းကို ဘာ့ကြောင့် မနမ်းသင့်လဲ ဆိုတဲ့အကြောင်း
Lifestyle_Myanmar
LM_Nandar
Source-brightside
LEAVE A REPLY
Please enter your comment!
Please enter your name here