စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်တဲ့ ကလေးငယ်တွေဖြစ်စေဖို့အတွက် သတိထားရမယ့် စကားလုံးများ

0
73
- Advertisement -

မိဘတိုင်းကတော့ ကိုယ်ချစ်ရတဲ့သားငယ်သမီးငယ်လေးတွေကို အန္တရာယ်တွေများပြားလွန်းတဲ့ လူ့လောကကြီးမှာ လမ်းပျောက်နေမှာကို မလိုလားကြပါဘူး။ ဒါကြောင့်လည်း သူတို့လေးတွေ အရှေ့ကနေ အမြဲတမ်းကာကွယ်ပေးပြီး ကြုံလာသမျှ စိန်ခေါ်မှုတွေကို ရင်ဆိုင်တိုက်ဖျက်ပေးနေကြတာမဟုတ်ပါလား။ သို့သော်လည်း ဘယ်လိုအခက်အခဲတွေကိုမဆို ကြံ့ကြံ့ခိုင်ခိုင်ရင်ဆိုင်ရဲတဲ့ ကလေးငယ်အဖြစ်နဲ့ ကြီးပြင်းစေချင်တယ်ဆိုရင်တော့ သူတို့ငယ်စဥ်ကတည်းက ကြိုတင်ပုံသွင်းပေးဖို့ လိုအပ်နေပါပြီ။ သားသမီးတွေအပေါ်မှာသာ မျှော်လင့်ချက်တွေထားတာမဟုတ်ဘဲ မိဘဖြစ်တဲ့ကိုယ်ကလည်း စောင့်ထိန်းရမယ့် ဝတ္တရားတွေ၊ ကန့်သတ်ချက်တွေရှိတဲ့အတွက် ဘယ်လိုအချက်တွေကို လိုက်နာရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

“လွယ်လွယ်လေးပါ”

ကလေးက ခက်ခဲတဲ့အခြေအနေတစ်ခုခုနဲ့ ကြုံတွေ့နေရတဲ့အခါတွေမှာ ဒါဟာမခက်ပါဘူး၊ လွယ်လွယ်လေးမို့ သားတို့သမီးတို့ လုပ်နိုင်မှာပါ ဆိုပြီး မိဘတွေက ပြောလေ့ရှိပါတယ်။ ဒီလိုပြောမယ့်အစား ခက်တယ်ဆိုတာသိပေမယ့်လည်း မကြာခင်မှာ အဖြေရှာပြီး ဖြေရှင်းနိုင်မှာပါ ဆိုပြီး တွန်းအားပေးလိုက်ပါ။

“အဆင်ပြေတယ်”

ကလေးက ချော်လဲပြီး ဒူးမှာအနာတရဖြစ်သွားပြီဆိုရင် သူတို့လေးတွေစိတ်ဓာတ်ခိုင်အောင်လို့ အဆင်ပြေတယ် ဘာမှမဖြစ်ဘူးလို့ မိဘတွေက ပြောလေ့ရှိကြပါတယ်။ သူတို့လေးတွေရဲ့ စိတ်ခံစားချက်ကလည်း အရေးကြီးတဲ့အတွက်ကြောင့် ထိုအစား သူတို့ဒဏ်ရာလေးတွေကို စစ်ဆေးရင်းနဲ့ အဆင်ပြေမပြေကို တည်တည်ငြိမ်ငြိမ်မေးလိုက်ပါ။

“ဒဏ်ရာရလိမ့်မယ်”

ကလေးဖြစ်တာနဲ့အညီ အရာရာကို စပ်စပ်စုစုရှိတတ်ကြလို့လည်း မကြာခဏဆိုသလို ဒဏ်ရာလည်းရတတ်ကြပါတယ်။ မိဘအနေနဲ့ သားသမီးတွေဒဏ်ရာမှာကို မလိုလားလို့ ရှေ့ကနေ အမြဲကာဆီးပြီး လွန်လွန်ကဲကဲတုန့်ပြန်တတ်ကြပါတယ်။ ဒဏ်ရာရလိမ့်မယ် မလုပ်ရဘူးလို့ ရှေ့ကနေအမြဲကာဆီးနေမယ့်အစား သူတို့လေးတွေလျှောစီးလို့ ပြုတ်ကျတဲ့အခါမျိုးမှာဖမ်းဆီးဖို့ ဒါမှမဟုတ် ဒဏ်ရာအနာတွေအတွက် အမြဲကြိုတင်အဆင်သင့်ဖြစ်နေတာမျိုးက ပိုပြီးသင့်တော်ပါတယ်။

“ဖေဖေ သို့မဟုတ် မေမေလုပ်ပေးမယ်”

ကလေးက အခက်အခဲတစ်ခုခုကြုံနေရချိန်မှာ မိဘတွေက အမြဲတမ်းကြားဝင်ပြီးတော့ လုပ်ပေးတတ်လေ့ရှိပါတယ်။ သူတို့အတွက် ဘယ်လောက်ပဲခက်ခဲနေပါစေ အကုန်လုံးဝင်လုပ်ပေးမယ့်အစား ဘေးကနေ အားပေးပါ။ အစားထိုးလုပ်ပေးခြင်းက ရေရှည်မှာ ကလေးရဲ့ကိုယ့်ကိုယ်ကိုအပေါ်ယုံကြည်မှုကို ရိုက်ချိုးလိုက်သလိုဖြစ်စေပြီး အမြဲတမ်းအကူအညီကိုပဲ စောင့်မျှော်နေပါလိမ့်မယ်။

“လက်လျှော့လိုက်ပြီ”

ကိစ္စတွေက ထင်သလိုဖြစ်မလာတဲ့အခါ လွယ်လင့်တကူ လက်လျှော့တတ်လေ့ရှိပါသလား။ ကိုယ့်စိတ်တိုင်းကျ ဖြစ်မလာရင် စိတ်တိုဒေါသဖြစ်တတ်ပါသလား။ မိဘတစ်ယောက်အနေနဲ့ တစ်ခုမှတ်ထားသင့်တာက ကလေးတွေက မိဘကိုဥပမာအနေနဲ့ထားပြီး သင်ယူတတ်သည့်အတွက် သင်ကလွယ်လွယ်နဲ့လက်လျှော့တတ်တာကို မြင်တယ်ဆိုရင် သူတို့ကလည်း ထိုပုံစံအတိုင်း လိုက်ပြီးပြုမူပါလိမ့်မယ်။ ဒါကြောင့်မို့ မည်သည့်ကိစ္စမျိုးကို လွယ်လွယ်ကူကူလက်လျော့လိုက်တဲ့ပုံစံမျိုး ကလေးငယ်တွေရဲ့ရှေ့မှာ မပြဖို့လိုအပ်ပါတယ်ဆိုတဲ့အကြောင်းဖော်ပြပေးလိုက်ပါတယ်။

#Chit_May_May

#Dmo_aung

#Ref- youaremon

Chit May May မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here