Home Parenting Parent Guide စိတ်ပိုင်းဆိုင်ရာ မပျက်စီးနိုင်သော ကလေးတွေရဲ့ မိဘတွေ ဘယ်တော့မှ လုပ်လေ့မရှိသော အရာများ

စိတ်ပိုင်းဆိုင်ရာ မပျက်စီးနိုင်သော ကလေးတွေရဲ့ မိဘတွေ ဘယ်တော့မှ လုပ်လေ့မရှိသော အရာများ

0
စိတ်ပိုင်းဆိုင်ရာ မပျက်စီးနိုင်သော ကလေးတွေရဲ့ မိဘတွေ ဘယ်တော့မှ လုပ်လေ့မရှိသော အရာများ

စိတ်ပိုင်းဆိုင်ရာ ခွန်အားဆိုတာ အတွင်းစိတ်ငြိမ်းချမ်းမှုကို ရှာဖွေနိုင်ခြင်း၊ ပန်းတိုင်တွေဆီကို ဦးတည်လုပ်ဆောင်နိုင်ခြင်း၊ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်တဲ့ စွမ်းရည်မျိုးဖြစ်ပါတယ်။ သင့်ကလေးရဲ့ ဦးနှောက်ကို ကြွက်သားတွေအဖြစ် စဉ်းစားကြည့်ပါ။ ကျွန်မတို့ရဲ့ ကလေးတွေက သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ခွန်အားတွေကို လေ့ကျင့်ပေးပြီး သူတို့မလွှဲမရှောင်သာ ရင်ဆိုင်ရမယ့် အတားအဆီးတွေအတွက် လေ့ကျင့်ပေးနိုင်ဖို့ မိဘတွေမှာ တာဝန်ရှိပါတယ်။

စိတ်ပညာရှင် Tracy Hutchinson မှ အတည်ပြုထားသည့်အတိုင်း မိဘအုပ်ထိန်းမှုအမှား (၅) ချက်က သင့်ကလေးရဲ့ စိတ်ကျန်းမာရေးကို အမှန်တကယ်ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် စိတ်ပိုင်းဆိုင်ရာ မပျက်စီးနိုင်တဲ့ ကလေးတွေကို ပြုစုပျိုးထောင်ချင်တယ်ဆိုရင် ဒီအချက် (၅) ချက်ကို ငြင်းဆန်လိုက်ပါ။

၁။ သင့်ကလေးကို ကျရှုံးခြင်းကနေ ကယ်တင်ခြင်း

Thomas Edison တစ်ယောက် မီးသီးကို အောင်မြင်စွာ မတီထွင်ခင်မှာ အကြိမ်ပေါင်း (၁၀၀၀) ကျရှုံးခဲ့တယ်လို့ ဆိုကြပါတယ်။ အကြိမ် (၁၀၀၀) ကျရှုံးရခြင်းရဲ့ ခံစားချက်ကို မေးတဲ့အခါ Edison က ကျွန်တော် အကြိမ် ၁၀၀၀ ကျရှုံးတာ မဟုတ်ပါဘူး။ မီးသီးတီထွင်ခြင်းရဲ့ ခြေလှမ်း ၁၀၀၀ပါ လို့ ပြန်ဖြေခဲ့ပါတယ်။

စိတ်ဆန္ဒရဲ့ ခွန်အားတစ်ခုကို ရရှိဖို့အတွက် ရလဒ်က အဓိကမဟုတ်ပါဘူး။ ဖြစ်စဉ်ကသာ အဓိကဖြစ်ပြီး ကလေးငယ်ကို လုပ်ငန်းစဉ်တစ်ခုလုံးကို တွေ့ကြုံခံစားစေပါ။ အားထုတ်စေပါ။ ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို အာရုံမစိုက်မစိုက်ဘဲ လုပ်ငန်းစဉ်တစ်ခုလုံးကို အားထုတ်နိုင်ဖို့သာ တိုက်တွန်းပါ။ ကလေးတွေဟာ သူတို့ရဲ့ ပြဿနာတွေကို သူတို့ဘာသာသူတို့ဖြေရှင်းဖို့ ကြိုးစားတဲ့အခါ စိတ်ဓာတ်ခွန်အားကို ပိုရရှိစေပါတယ်။

၂။ စွဲလမ်းမှုတွေကို အားပေးခြင်း

ကလေးတွေက သရေစာတွေ၊ အရုပ်တွေနှင့် လက်ဆောင်တွေကို အချိန်မရွေး နှစ်သက်ကြပါတယ်။ ဒါပေမယ့် တောင်းဆိုမှုတိုင်းကို လိုက်လျောပြီး ကလေးတွေကို အလွန်အကျွံအလိုလိုက်တဲ့အခါ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ခွန်အားကို ထိခိုက်စေတယ်လို့ သုတေသနပြုချက်တွေအရ သိရပါတယ်။

သင့်ကလေးတွေကို အသစ်အသစ်သောအရာတွေကို စမ်းကြည့်ဖို့၊ အခက်အခဲတွေကို ရင်ဆိုင်ဖို့ နောက်ဆုံး ကျရှုံးပြီးနောက် ပြန်ထနိုင်ဖို့ သင်ယူစေပါ။

၃။ နယ်နိမိတ်စည်းမျဉ်းတွေနှင့် တသမတ်တည်း စည်းကမ်းတွေကို ရှောင်ကြဉ်ခြင်း

ဒီအရာနဲ့ သင်ကိုယ်တိုင်ရုန်းကန်ခဲ့ရမှာ သေချာပါတယ်။ သင်က လိုက်လျောညီထွေနေထိုင်တတ်တဲ့ မိခင်မျိုးဖြစ်တယ်ဆိုရင်တောင် ပုံမှန်ကြုံတွေ့ရမယ့်အရာပါ။ သင့်အိမ်မှာ စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ပေးထားခြင်းက သင့်ကလေးတွေရဲ့ ဘဝမှာ တည်ငြိမ်မှုတွေကို ခံစားရစေပါလိမ့်မယ်။ သို့ပေမယ့် သင့်ရဲ့ နယ်နိမိတ်သတ်မှတ်ချက်တွေ၊ စည်းမျဉ်းတွေက စစ်တပ်တစ်ခုလိုတော့ ဖြစ်စရာမလိုပါဘူး။ စည်းမျဉ်းစည်းကမ်းတွေကို မကြာခဏညှိနှိုင်းပေးပြီး ခွင့်ပြုပေးခြင်းက သင်နဲ့ သင့်ကလေးအကြားမှာ အာဏာပြိုင်ဆိုင်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။

၄။ ကလေးတွေဟာ လူသားတွေဖြစ်တယ်ဆိုတာကို မေ့ထားခြင်း

စိတ်ဓာတ်ကြံ့ခိုင်သော ကလေးတွေဟာ ပန်းတိုင်တွေ ချမှတ်ထားပေမယ့် ပန်းတိုင်တွေအားလုံးဟာ အလွယ်တကူရနိုင်မှာမဟုတ်ကြောင်း သင်ယူထားသင့်ပါတယ်။ မိဘတွေအနေနဲ့ ကျွန်မတို့က ကျွန်မတို့ကလေးရဲ့ ချို့ယွင်းချက်တွေကို လက်ခံပြီး ပြီးပြည့်စုံမှုမဖြစ်နိုင်တာကို နားလည်စေဖို့ ကူညီပေးရပါမယ်။ သင့်ကလေးက တစ်ခါတရံ စာလုပ်ဖို့ မေ့ကောင်းမေ့သွားနိုင်ပါတယ်။ သူတို့ဟာ အမြဲလိုလိုအနိုင်ရနေမှာလည်း မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကလေးတွေဟာလည်း လူသားတွေဖြစ်တာကြောင့်ပါ။

နူးညံ့သိမ်မွေ့သော မိဘအုပ်ထိန်းမှုနည်းလမ်းအကြောင်း ပိုမိုလေ့လာဖို့ စဉ်းစားပါ။ နူးညံ့သိမ်မွေ့သော မိဘအုပ်ထိန်းမှုက အပြန်လေးစားမှု၊ သတိပဋ္ဌာန်တရားနှင့် စာနာနားလည်မှုတို့ကို မြှင့်တင်ဖို့ဖြစ်ပြီး ကျန်းမာသော နယ်နိမိတ်တွေ သတ်မှတ်ခြင်းအပေါ် ပိုအာရုံစိုက်ကြပါတယ်။

၅။ သင့်ကလေးတွေရဲ့ ခံစားချက်တွေကို လျစ်လျူရှုခြင်း၊ လျော့ချခြင်း

သင်က ဒီအရာနဲ့ပတ်သက်ပြီး မစိုးရိမ်ပါနဲ့။ သမီးက အဆင်ပြေပါတယ်လို့ ပြောတဲ့အခါ ကျွန်မတို့ရဲ့ စကားလုံးတွေဟာ သူတို့ရဲ့ ခံစားချက်တွေနဲ့ လျစ်လျူရှုလိုက်သလိုပါပဲ။ မိဘတစ်ယောက်အနေနဲ့ လုပ်ပေးရမှာက သူတို့ခံစားချက်တွေကို သက်တောင့်သက်သာ ထုတ်ဖော်ပြသတတ်စေဖို့ ကူညီသင့်ပါတယ်။ သင့်ကလေးက စိတ်ဆိုးနေပုံရတဲ့အခါ (သို့) စကားပြောချင်နေတဲ့အခါ မှန်ကန်သော စကားစမြည်ကို စတင်ပါ။

  • သမီးခံစားနေရတာကို အမေမြင်တယ်….
  • သား ဘာလို့ဒီလိုခံစားနေရတာလဲဆိုတာ အမေ့ကို ပြောပြလေ
  • ဘယ်အရာက သားရဲ့ ခံစားချက်တွေကို ပိုကောင်းစေမှာလဲ?
    စသဖြင့် ကလေးရဲ့ ခံစားချက်တွေကို သက်သေပြပြီး သူတို့ခံစားရနိုင်တဲ့ မသက်မသာဖြစ်မှုတွေကို ဘယ်လိုပြောဆိုရမယ်ဆိုတာ လေ့လာဖို့ ကူညီပေးပါ။

Chit_May_May

Nyein_Thu

ref-simplyrootedfamily

LEAVE A REPLY

Please enter your comment!
Please enter your name here