စိတ်ပိုင်းဆိုင်ရာ အသိဉာဏ်ရှိသော ကလေးတစ်ဦးရဲ့ထူးခြားသောအားသာချက်များ

0
4874
- Advertisement -

မိဘတစ်ဦးအနေနဲ့ သင့်ကလေးတွေကို သူ့ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေဖို့ အားပေးခြင်းအတွက် သင့်မှာတာဝန်ရှိပါတယ်။ စိတ်ခံစားမှုဆိုင်ရာ အသိဉာဏ်ကို သူတစ်ပါးရဲ့ ခံစားချက်တွေကို လေးစားပေးတဲ့ ခံစားချက်တွေကို သင့်လျော်စွာ ထုတ်ဖော်ပြတတ်ခြင်းကို လူတစ်ဦးရဲ့ စွမ်းရည်အဖြစ် သတ်မှတ်ပါတယ်။ ၎င်းက ဘယ်အသက်အရွယ်မှာမဆို ကလေးတွေစတင်သင်ယူနိုင်တဲ့ စွမ်းရည်တွေရှိပါတယ်။

စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်မြင့်မားခြင်းရဲ့ အကျိုးကျေးဇူးများ

လွန်ခဲ့သောဆယ်စုနှစ်များစွာက လေ့လာမှုတွေအရ စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်က ကလေးတစ်ဦးရဲ့ ဘဝတစ်လျှောက်လုံးမှာ ကောင်းမွန်တဲ့အကျိုးကျေးဇူးတွေရရှိစေတယ်လို့ ပြောခဲ့ကြပါတယ်။ ဒီနေရာမှာ စိတ်ပိုင်းဆိုင်ရာ အသိဉာဏ်နဲ့ ပတ်သက်ပြီးတော့ အသုံးဝင်သော နည်းလမ်းအချို့ကိုဖော်ပြပေးလိုက်ပါတယ်။

မြင့်မားသော EQရှိခြင်းဟာ မြင့်မားသော IQ ရှိခြင်းနဲ့ ဆက်စပ်နေပါတယ်။ စိတ်ပိုင်းဆိုင်ရာ မြင့်မားသော အသိဉာဏ်ရှိသော ကလေးတွေကစံသတ်မှတ်ချက်ထားတဲ့ စစ်ဆေးမှုတွေမှာ ပိုမိုကောင်းမွန်နိုင်ပါတယ်။ သူတို့က ပိုမိုမြင့်မားသော အဆင့်အတန်းရှိနေတာကို တွေ့ရပါတယ်။

ပိုကောင်းတဲ့ ဆက်ဆံရေးတွေကိုလည်း ပိုင်ဆိုင်နိုင်သူတွေဖြစ်ပါတယ်။ စိတ်ခံစားမှုဆိုင်ရာ အသိဉာဏ်စွမ်းရည်က ကလေးတွေကို ပဋိပက္ခဖြေရှင်းဖို့နှင့် ပိုမိုနက်ရှိုင်းသော မိတ်ဖွဲ့မှုတွေကို တည်ဆောင်နိုင်ဖို့ ကူညီပေးပါတယ်။ မြင့်မားသော စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်ပိုင်ဆိုင်ထားတဲ့ လူကြီးတွေက သူတို့ရဲ့ ကိုယ်ရေကိုယ်တာနှင့် ပရော်ဖက်ရှင်နယ်ဘဝတွေမှာ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးကို တင်ပြနိုင်ကြပါတယ်။

ကလေးဘဝEQမြင့်မားခြင်းက လူကြီးဘဝမှာပိုမိုအောင်မြင်နိုင်မှုနှင့် ဆက်စပ်နေပါတယ်။ အသက်ငါးနှစ်အရွယ်မှာ လမ်းညွှန်မှုများ မျှဝေခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် လိုက်နာခြင်းပြုလုပ်တတ်တဲ့ ကလေးတွေဟာ ကောလိပ်ဒီဂရီတွေဝင်ခွင့်ရရှိဖို့နှင့် အသက် ၂၅နှစ်မှာ အချိန်ပြည့်အလုပ်စတင်လုပ်ကိုင်ရဖို့ ပိုမိုဖြစ်နိုင်ချေရှိကြပါတယ်တဲ့။

စိတ်ကျန်းမာရေးလည်း တိုးတက်လာနိုင်ပါသေးတယ်တဲ့။ စိတ်ပိုင်းဆိုင်ရာ မြင့်မားသောဉာဏ်ရည်ရှိတဲ့ ပုဂ္ဂိုလ်တွေက စိတ်ကျရောဂါနှင့် အခြားစိတ်ပိုင်းဆိုင်ရာ ရောဂါခံစားရနိုင်ခြေနည်းပါးပါတယ်။ ဒါတွေအပြင် ဒေါသဖြင့် စိတ်ငြိမ်သက်မှုကို ခံစားရသောကလေးတစ်ဦးက ခက်ခဲသော အခြေအနေတွေမှာကောင်းမွန်စွာ နေနိုင်ပါတယ်။ စိတ်လှုပ်ရှားမှုကို ကျန်းမာသောနည်းလမ်းတွေနဲ့ ထုတ်ဖော်ပြောဆိုနိုင်ပါ။ အော်ဟစ်ပြောဆိုတဲ့ ကလေးငယ်တွေထက် ပိုကောင်းတဲ့ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ပါလိမ့်မယ်။

Chit_May_May

Nyein_Thu

LEAVE A REPLY

Please enter your comment!
Please enter your name here