
မေမေတို့ရေ့..ကလေးတွေမှာ deductive reasoning လို့ခေါ်တဲ့ ဆင်ခြင်တွက်ဆမှု စွမ်းရည်တွေဟာ စောစောစီးစီး ဖွံ့ဖြိုးလာဖို့ အရေးကြီးပါတယ်။ မိဘနှစ်ပါးစလုံးက ဒီကျွမ်းကျင်မှုကို အိမ်မှာတင် ကူညီပေးနိုင်ပါတယ်။ Logical thinking (ယုတ္တိရှိတဲ့ တွေးခေါ်မှု)က ကလေးရဲ့ သင်ယူမှုကို ပိုမိုမြန်ဆန်စေပြီး ဘယ်ဘာသာရပ်ကိုမဆို ပိုနားလည်နိုင်အောင် ကူညီပေးတာကြောင့် မဖြစ်မနေ လိုအပ်ပါတယ်။ ဒါ့အပြင် ၎င်းက ကလေးရဲ့ဘဝတစ်လျှောက်လုံးမှာကြုံရမယ့် အတားအဆီးတွေနဲ့ ပြဿနာတွေကို ထိရောက်စွာ ဖြေရှင်းနိုင်စေဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။
ခိုင်လုံသော ဆင်ခြင်တွက်ဆမှု စွမ်းရည်ဟာ ကောင်းမွန် မှန်ကန်စွာ တွေးခေါ်နိုင်စွမ်းကို ပိုကောင်းမွန်စေပါတယ်။ ဒါ့ကြောင့် ကလေးမှာ deductive reasoning စွမ်းရည်တွေ တိုးတက်စေဖို့အတွက် ဘယ်ဂိမ်းတွေကို အသုံးပြုနိုင်လဲဆိုတာကို ချစ်မေမေတို့အတွက် မျှဝေပေးလိုက်ရပါတယ်။
deductive reasoning စွမ်းရည်ကို တိုးတက်အောင် ကူညီပေးမယ့် ဂိမ်းများ
၁။ တုပခြင်း
အချို့သော ဇာတ်ကောင်တွေ (သို့) တိရစ္ဆာန်တွေရဲ့ မတူညီသော အသံ (သို့) လှုပ်ရှားမှုတွေကို တုပခြင်းဖြင့် သင့်ကလေးဟာ အရာဝတ္တုတွေကို ဆက်စပ်ကြည့်နိုင်စွမ်းရှိလာပါလိမ့်မယ်။ ဒီဂိမ်းမှာ သူတို့နှစ်သက်တဲ့ ကာတွန်းတွေ၊ မတူညီတဲ့ တိရစ္ဆာန်တွေ (သို့) မိသားစုရှိ တစ်စုံတစ်ဦးကိုပင် တုပနိုင်ပါတယ်။ သူတို့ရဲ့ deductive reasoning စွမ်းရည်ကို မြှင့်တင်ပေးတဲ့အပြင် ပျော်စရာလည်းဖြစ်နိုင်ပါတယ်။

၂။ ပဟေဠိများ
ပဟေဠိတွေက ပညာပေးကိရိယာကောင်းတစ်ခု ဖြစ်ပါတယ်။ ကလေးအတွက် ပျော်စရာကောင်းရုံတင်မကပါဘူး။ ကလေးရဲ့ ဆင်ခြင်တွက်ဆမှု စွမ်းရည်ကိုလည်း မြှင့်တင်ပေးသလို အာရုံစူးစိုက်မှုကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ ပဟေဠိတွေရဲ့ ကောင်းတဲ့အချက်ကတော့ အသက်အရွယ်တိုင်းအတွက် ရွေးချယ်စရာတွေ အများကြီး ရှိလို့ပါပဲ။ ပဟေဠိတွေ ဆက်နေချိန်မှာ ကလေးရဲ့ အာရုံစူးစိုက်မှုစွမ်းရည်ကို တည်ဆောက်ပေးပါလိမ့်မယ်။

၃။ စစ်တုရင် ကစားနည်း
စစ်တုရင် ကစားနည်းက ဒီကျွမ်းကျင်မှုနဲ့ အနီးစပ်ဆုံး ဆက်စပ်နေတာကြောင့် ဆင်ခြင်တွက်ဆမှု စွမ်းရည်တွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ကူညီပေးမယ့် အကောင်းဆုံးဂိမ်းတစ်ခုဖြစ်ပါတယ်။ ကလေးတွေ စစ်တုရင်ကစားတဲ့အခါ သူတို့ရဲ့ တွေးခေါ်နိုင်စွမ်းကို လုပ်ဆောင်ကြပြီး သူတို့ရဲ့ မှတ်ဉာဏ်၊ အာရုံစူးစိုက်မှု၊ တုံ့ပြန်မှုလုပ်ဆောင်ချက်တွေနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းတို့ကိုပါ တိုးတက်စေပါတယ်။ ဒါ့ကြောင့် အိမ်မှာ ကလေးတွေနဲ့ စစ်တုရင် ကစားသင့်ပါတယ်။ ပျော်ရွှင်မှုအပြင် သူတို့ရဲ့ deductive reasoning ကိုလည်း ပိုကောင်းမွန်အောင် ကူညီပေးပါလိမ့်မယ်။

၄။ စာလုံးဆက် ကစားနည်း
ဒီဂိမ်းကို စာရေးတတ်၊ ဖတ်တတ်တဲ့ ကလေးတွေနဲ့ ကစားနိုင်ပါတယ်။ ဒီကစားနည်းက သူတို့ရဲ့ အလိုအလျောက် တွေးခေါ်မှု၊ ဝေါဟာရတွေနှင့် သူတို့တွေးဆတဲ့ အရှိန်ကို မြှင့်တင်ပေးပါလိမ့်မယ်။ ဒါ့အပြင် ကလေးတွေအား စကားလုံးအသစ်တွေကို လေ့လာဖို့နဲ့ သူတို့ရဲ့ စာလုံးပေါင်းကို တိုးတက်စေဖို့အတွက် စာလုံးဆက်ကစားနည်းကို အသုံးပြုနိုင်ပါတယ်။ ဒီဂိမ်းအမျိုးအစားတွေက ကလေးတွေကို မြန်မြန်တွေးခေါ်ဖို့၊ အာရုံစူးစိုက်နိုင်စေဖို့နှင့် သင်ယူမှုကို ပိုလွယ်ကူစေဖို့ ကူညီပေးပါတယ်။

၅။ Patterns
Patterns တွေအကြောင်း လေ့လာခြင်းက ကလေးတွေအား ဆက်စပ်နိုင်စွမ်းနှင့် အမျိုးအစားခွဲနိုင်စွမ်းကို တိုးတက်စေမယ့် လွယ်ကူသော နည်းပညာတစ်ခု ဖြစ်ပါတယ်။ သူတို့ဟာ မတူညီတဲ့ ရောင်စုံ စတေကာတွေနဲ့ shapes, objects (သို့) sizes တွေကို အသုံးပြုပြီး မျိုးတူစုနိုင်ပါတယ်။
ဥပမာ – စားပွဲပေါ်မှာ ရောင်စုံပန်းကန်လုံးအချို့ကို တင်ပါ။ ပြီးရင် ကလေးအား ပန်းကန်လုံးတွေနဲ့ အရောင်တူတဲ့ စာရွက်အပိုင်းအစ အလုံးလေးတွေကို အရောင်မျိုးစုံ ပေးထားပါ။ ကလေးအား အရောင်တူ စာရွက်လုံးလေးတွေကို ပန်းကန်လုံးထဲမှာ ထည့်ခိုင်းပါ။

နောက်ကစားနည်းတစ်ခုက စတစ်ကာတွေကိုသုံးပြီး သူတို့ရဲ့ အရွယ်အစားနဲ့ အရောင်တွေအလိုက် sorting လုပ်ထားပါ။ ပြီးနောက် ကလေးအား သင်စတင်ခဲ့တဲ့ ပုံစံအတိုင်း ဆက်လုပ်ခိုင်းပါ။ ဒီလုပ်ဆောင်ချက်က သူတို့ရဲ့ အကျိုးသင့်အကြောင်းသင့် တွက်ဆနိုင်စွမ်းနဲ့ ဆက်စပ်နိုင်စွမ်းတွေကို တိုးတက်စေဖို့ ကူညီပေးပါလိမ့်မယ်။
၆။ ပုံတူကူး ကစားနည်း
ဒါကတော့ ကလေးတွေအတွက် deductive reasoning စွမ်းရည်တွေကို တိုးတက်စေဖို့ ကူညီပေးမယ့် ဂိမ်းတစ်ခုပါ။ ဒီဂိမ်းကို စတိုးဆိုင်မှာ ဝယ်နိုင်သလို ကိုယ့်ဘာသာလည်း အိမ်မှာ ပြုလုပ်နိုင်ပါတယ်။ အိမ်မှာ ကိုယ်တိုင်ပြုလုပ်လိုပါက ကတ်ထူပြားပေါ်မှာ ပုံတစ်ပုံဆွဲပါ။ ပြီးနောက် ကလေးအား LEGO အပိုင်းတွေကို အသုံးပြုပြီး ပြန်လည်ဖန်တီးခိုင်းပါ။ ဒီဂိမ်းက သင့်ကလေးအား ယုတ္တိဗေဒအပြင် သူတို့ ခန္ဓာကိုယ်ရဲ့ spatial awareness ကိုပါ တိုးတက်စေဖို့ ကူညီပေးပါမယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ဟာ LEGO အပိုင်းတွေကို နေရာချဖို့အတွက် ပုံမှာပြထားတဲ့အတိုင်း လိုက်နာဖို့ လိုအပ်တာကြောင့် ဖြစ်ပါတယ်။

Chit_MayMay
Nandar
Ref_youaremom