ကလေးတွေ ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့အခါ သူတို့နှင့် မိဘကြားက နှောင်ကြိုးဟာ ပြောင်းလဲလာပြီး မှီခိုမှုနည်းလာပါတယ်။ ဒီ relationship ကို အပြုသဘောဆောင်တဲ့ နည်းလမ်းနဲ့ ဖွံ့ဖြိုးဖို့အတွက် ဆယ်ကျော်သက်ကလေးရဲ့ privacy ကို လေးစားဖို့ အရမ်းအရေးကြီးပါတယ်။
လူငယ်ဆိုတာ လွတ်လပ်မှု ခံစားချင်ကြပါတယ်။ ဒါ့ကြောင့် မိဘတွေအနေနဲ့ သူတို့လုပ်သမျှကို လိုက်ပြီး ကြီးကြပ်ကွပ်ကဲနေရင် အကျိုးရှိစေမှာမဟုတ်ပါဘူး။

မြီးကောက်ပေါက်အရွယ်အတွင်းမှာ မိဘတွေနဲ့ ကလေးတွေကြား ဆက်ဆံရေး
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ရဲ့ အဆိုအရ မြီးကောင်ပေါက်အရွယ်ကို ဒီလိုသတ်မှတ်ပါတယ်။
ဒီအဆင့်မှာ လူငယ်တွေဟာ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်ခုလုံးမှာ ပြောင်းလဲမှုများစွာ ကြုံရပါတယ်။ ဒါ့ကြောင့် လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ အဆင့် ၂ခုလုံးတွင် သူငယ်ချင်းတွေဟာ သူတို့ဘဝမှာ ပိုအရေးပါလာပါတယ်။ တစ်ချိန်တည်းမှာပဲ မိဘနဲ့ ဆယ်ကျော်သက်တွေရဲ့ ဆက်ဆံရေးဟာ ဂရုစိုက်မခံရသောဘက်ကို ကူးပြောင်းသွားပါတယ်။ သို့သော် ကလေးနှင့် မိဘတွေကြားက စိတ်ပိုင်းဆိုင်ရာ နှောင်ကြိုးဟာ ပြိုကွဲမှု (သို့) အားနည်းမှု မရှိစေဖို့ အရေးကြီးပါတယ်။

ကလေးတွေကို ထိန်းချုပ်မှုတစ်ချို့ပေးစဉ်မှာ ယုံကြည်မှုနှင့် အပြည့်အဝ ပြောဆိုဆက်ဆံမှု အကြားပေါင်းစည်းမှုတစ်ခုရှိဖို့ လိုအပ်ပါတယ်။ ဒီဟန်ချက်ညီမှုကို ရရှိဖို့ မိဘတွေဟာ အောက်ပါတို့ကို လုပ်ဆောင်ရပါမယ်။
- ကျိုးကြောင်းဆီလျှော်တဲ့ ကန့်သတ်ချက် ချမှတ်ပါ။
- လွတ်လပ်ခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အချို့ပေးပါ။
- တာဝန်ယူမှုကို သတ်မှတ်ပါ။
- ပဋိပက္ခကိစ္စရပ်တွေမှာ ညှိနှိုင်းပါ။
- သားသမီးတွေရဲ့ သီးသန့်ဖြစ်မှု (privacy) နှင့် ရင်းနှီးမှုကို လေးစားပါ။
ဆယ်ကျော်သက်ကလေးရဲ့ privacy ကိုလေးစားဖို့ ဘာ့ကြောင့် အရေးကြီးတာလဲ?
privacy ဆိုတာ လူတိုင်းအတွက် အရေးကြီးပါတယ်။ ၎င်းက အခြေခံလူ့အခွင့်အရေးဖြစ်ပါတယ်။ သို့သော် ဆယ်ကျော်သက်အရွယ်မှာ privacy နှင့် intimacyကို လေးစားခြင်းက ပိုပြီးဆက်စပ်မှုရှိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ မြီးကောင်ပေါက်အရွယ်ဟာ လူတစ်ယောက်စီရဲ့ ကိုယ်ပိုင်လက္ခဏာနဲ့ ကိုယ်ရည်ကိုယ်သွေး ဖွဲ့စည်းသော အဆင့်ဖြစ်လို့ပါ။

ဆယ်ကျော်သက်တွေဟာ သူတို့ရဲ့ ကိုယ်ပိုင်နေရာ လိုအပ်ပါတယ်။ ထို့ကြောင့် မိဘတွေအနေနဲ့ သူတို့အိပ်ခန်းနားကနေ စကားပြောဆိုတာကို ခိုးနားထောင်တာမျိုး၊ သူတို့ရဲ့ မက်ဆေ့ချ်နှင့် အီးမေးလ်တွေကို ဖတ်တာမျိုး၊ သူတို့ရဲ့ ဆိုရှယ်မီဒီယာကို ခွင့်ပြုချက်မရှိဘဲ စစ်ဆေးတာမျိုး မလုပ်သင့်ပါဘူး။

ဒီအရာတွေအားလုံးက ကိုယ်ရေးကိုယ်တာ သီးသန့်ကိစ္စတွေဖြစ်ပြီး မိဘတွေက သူတို့ကို မလေးစားပါက ပဋိပက္ခတွေ၊ ဒေါသတွေရဲ့ အရင်းအမြစ် ဖြစ်လာနိုင်ပါတယ်။ ရလဒ်အနေနဲ့ မိဘတွေနဲ့ ဆယ်ကျော်သက်ကြား ဆက်ဆံရေးဟာ စတင်ဒုက္ခရောက်နိုင်ပါတယ်။
ထို့ကြောင့် မိဘတွေဟာ လမ်းညွှန်မှုနှင့် ပံ့ပိုးမှုရဲ့ ဇာတ်ကောင်တစ်ခုအဖြစ် တာဝန်ယူသင့်ပါတယ်။ သူတို့ကို နားထောင်ပေးဖို့နှင့် ကူညီဖို့ လိုလိုလားလားရှိသင့်ပါတယ်။ သားသမီးရဲ့ အပြုအမှုကို ဂရုပြုပြီး ကြီးကြပ်သင့်ပါတယ်။ ဒီနည်းအားဖြင့် မိဘတွေဟာ ကိုယ့်ကလေးတွေကို ဆုံးဖြတ်ချက်ကောင်းတွေ ချမှတ်နိုင်တဲ့ တာဝန်ရှိသူများ ဖြစ်လာစေဖို့ ကူညီနိုင်ပါတယ်။

ဆယ်ကျော်သက်အရွယ်ရဲ့ privacy ကို ဘယ်အတိုင်းအတာထိ လေးစားဖို့ လိုအပ်သလဲ?
ဆယ်ကျော်သက်ကလေးရဲ့ privacy ကိုလေးစားဖို့ မိဘတွေအနေနဲ့ များစွာကြိုးပမ်းအားထုတ်ရပါမယ်။ ယုံကြည်မှုတည်ဆောက်ခြင်းကို ဆိုလိုပါတယ်။ သို့သော် လူငယ်တွေဟာ ထူးဆန်းသော (သို့) စိုးရိမ်ဖွယ်ကောင်းသော နည်းဖြင့် ပြုမှုပါက မိဘတွေအနေနဲ့ နိုးနိုးကြားကြား ရှိသင့်ပါတယ်။
ဆယ်ကျော်သက်အရွယ် ကလေးတွေဟာ သူတို့ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို အမြဲတမ်းပြောချင်မှ ပြောပါလိမ့်မယ်။ ဒါ့ကြောင့် ဒီကိစ္စရပ်များမှာ အရေးတကူလုပ်ဖို့ နှင့် သူတို့ရဲ့ privacy ကို ကျူးကျော်ဖို့ လိုအပ်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ကို ကူညီဖို့နဲ့ သူတို့အန္တရာယ် မကျရောက်စေဖို့သာ ဖြစ်ရပါမယ်။
နိဂုံးချုပ်အနေနဲ့ မိဘတွေအနေဖြင့် ကိုယ့်ရဲ့ ဆယ်ကျော်သက်ကလေးတွေကို ရင်ဆိုင်ကြုံတွေ့ရနိုင်တဲ့ ကြီးလေးသော ပြဿနာများ ရှိပါက နိုးနိုးကြားရှိနေဖို့ လိုအပ်ပါတယ်။
မိဘတွေအနေနဲ့ ကိုယ့်ရဲ့ ဆယ်ကျော်သက်ကလေးတွေကို နေ့စဉ်စကားပြောဆိုပေးဖို့နှင့် သက်ဆိုင်သောကိစ္စတွေနှင့် ပတ်သတ်ပြီး ပြောဖို့ ကြိုးစားသင့်ပါတဘ်။ ကလေးနှင့်အတူ communication ကောင်းကို ထိန်းသိမ်းဖို့ အရေးကြီးပါတယ်။ ဒါမှသာ သူတို့ရဲ့ ပြဿနာတွေ၊ စိုးရိမ်မှုတွေကို မိဘအား ဖွင့်ပြောပါလိမ့်မယ်။
Lifestyle_Myanmar
LM_Nandar
Source- youaremom