ဆယ်ကျော်သက်တွေနဲ့ ကောင်းကောင်းမွန်မွန်ဘယ်လိုစကားပြောမလဲ

0
31

ဆယ်ကျော်သက်တွေဆိုတာ ကမ္ဘာပေါ်မှာ နားလည်ရအခက်ဆုံးနှင့် စကားပြောဖို့ မလွယ်ဆုံးလူတွေဖြစ်ပါတယ်။ သူတို့ဟာ လူကြီးဘဝနှင့် ကလေးဘဝအပြောင်းအလဲအကြား စိတ်ရှုပ်ထွေးမှုတွေ၊ စိတ်လှုပ်ရှားမှုတွေကို မကြာခဏကြုံတွေ့ရလေ့ရှိသူတွေဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီကနေ့ မျှဝေပေးချင်တာက ဆယ်ကျော်သက်တွေနဲ့ ဆက်ဆံရေး ဘယ်လိုတည်ဆောက်မလဲဆိုတာနဲ့ ပတ်သက်ပြီး မျှဝေပေးချင်ပါတယ်။

၁။ သူတို့နဲ့ စကားပြောဖို့ အချိန်ယူပါ

သူတို့နဲ့ စကားပြောနိုင်မယ့်အချိန်တစ်ခုကို ဖန်တီးပါ။ ဥပမာ – ညနေထမင်းစားချိန်မှာပဲဖြစ်ဖြစ်၊ ညအိပ်ရာဝင်ခါနီးမှာပဲဖြစ်ဖြစ် သူတို့နဲ့ အချိန်တစ်ခုဖန်တီးပါ။ အဲ့ဒီ့အချိန်မှာ မိသားစုဝင်တိုင်းရဲ့ ဖုန်းတွေကို ပိတ်ထားပြီး တစ်ခြားအခန်းထဲမှာ ထားခဲ့ဖို့ ပြောပါ။ သို့မှသာ စကားပြောဝိုင်းကို အာရုံစိုက်နိုင်မှာ ဖြစ်ပါတယ်။ စကားပြောတဲ့အချိန်မှာ ဆယ်ကျော်သက်အရွယ်ကလေးတစ်ယောက်အနေနဲ့ ဆက်ဆံဖို့ ကြိုးစားပါ။ သူတို့အခုကြည့်နေတဲ့ ရုပ်မြင်သံကြားအစီစဉ်တွေ (သို့) သူတို့ဖတ်နေတဲ့ စာအုပ်တွေအကြောင်း သူတို့ကို မေးပါ။ သင့်ရဲ့ အကြိုက်ဆုံးပြပွဲတွေ (သို့) စာအုပ်တွေကို မျှဝေပါ။

၂။ သင့်ရဲ့ ထင်မြင်ချက်တွေကို ကမ်းလှမ်းပါ

သင့်ရဲ့ ဆယ်ကျော်သက်ကလေးက သင်နှင့် သဘောမတူတဲ့အရာတစ်ခုခုကို ပြောကောင်းပြောပါလိမ့်မယ်။ ဒီနေရာမှာ သင့်ရဲ့ ထင်မြင်ချက်တွေကို ရိုးရိုးရှင်းရှင်းသိမ်မွေ့စွာ မျှဝေနိုင်ပါတယ်။ ‘ဒါဟာ လုံးဝမှားယွင်းတဲ့ ဆုံးဖြတ်ချက်ပဲ’လို့ မပြောပါနဲ့။ အဲ့ဒီ့အစား ‘ဘယ်လိုဖြစ်တာလဲ၊ အမေကတော့ ဘယ်လိုမြင်တယ်၊ အဖေကတော့ ဘယ်လိုမြင်တယ်’ ဆိုတာမျိုး ညင်ညင်သာသာပြောသင့်ပါတယ်။

ဆယ်ကျော်သက်တွေဟာ ပြဿနာတွေကို သူတို့ယုံကြည်ပြီး လေးစားသူတစ်ဦးဦးကို ပြောပြဖို့ လိုအပ်ပါတယ်။ ဒါမှလည်း သူတို့အနေနဲ့ သူတို့လိုအပ်တဲ့ အကူအညီတွေကို တောင်းခံနိုင်မှာဖြစ်ပါတယ်။ ပြဿနာ (သို့) လွယ်ကူတဲ့ ဖြေရှင်းနည်းတစ်ခုခုအတွက် အဖြေရှာတွေ့နိုင်ဖို့ သင်ကူညီနိုင်မှာ ဖြစ်ပါတယ်။

၃။ အော်ဟစ်ခြင်း၊ အပြစ်တင်ခြင်းနှင့် နာမည်ရင့်ရင့်သီးသီးခေါ်ခြင်းကို ရှောင်ပါ

ဒီလိုပြင်းထန်တဲ့ လုပ်ရပ်တွေက သင့်ရဲ့ ဆယ်ကျော်သက်ကလေးတွေနဲ့ အဓိပ္ပာယ်ရှိတဲ့ စကားလက်ဆုံပြောဆိုမှုတွေကို ပျက်စီးစေနိုင်ပါတယ်။ သင်ဟာ သင့်ရဲ့ ဆယ်ကျော်သက်ကလေးကို စကားပြောဖို့ ကြိုးစားနေတယ်ဆိုတာ သတိရပါ။ ဒီလိုစကားလုံးတွေဟာ သင်နောက်ထပ်စကားပြောမယ့် စကားလုံးတွေရဲ့ အကျိုးကျေးဇူးတွေကိုလည်း ဖျက်ဆီးပစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဆယ်ကျော်သက်တွေနဲ့ စကားပြောတဲ့အခါ အတတ်နိုင်ဆုံးပုံမှန်နှင့် အညင်သာဆုံးအသံတွေနဲ့သာ ပြောပါ။

၄။ ဆယ်ကျော်သက်လေးရဲ့ privacy ကို လေးစားပါ

Privacy ကို လေးစားတယ်ဆိုတာ ဆယ်ကျော်သက်တွေတင် မကဘဲ လူတိုင်းအပေါ် ထားပေးရမယ့် တွေရဲ့ privacy ကို လေးစားပါ။ ဥပမာ – ညအချိန်မတော်ဖုန်းခေါ်ခြင်း၊ ညစာစားချိန်မှာ အနှောင့်အယှက်ပေးခြင်းတွေ မလုပ်ပါနဲ့။ သင့်ဆယ်ကျော်သက်ကလေးလေးကို လေးစားပါ။ သူတို့ရဲ့ အခန်းထဲမဝင်ခင် တံခါးခေါက်ပါ။

Chit_May_May

Nyein_Thu

Ref-wikihow

LEAVE A REPLY

Please enter your comment!
Please enter your name here