ဆယ်ကျော်သက်တွေပေါ်မှာ မီဒီယာရဲ့ လွှမ်းမိုးမှု အကောင်း၊ အဆိုးများ

0
252
- Advertisement -

” မီဒီယာကို ထိန်းချုပ်နိုင်သူဟာ စိတ်ကိုထိန်းချုပ်နိုင်တယ်”လို့ နာမည်ကြီး အဆိုတော်၊ တေးရေးဆရာ ဂျင်မ်မောရစ်ဆန်က ပြောကြားခဲ့ပါတယ်။

ဆယ်ကျော်သက်တွေရဲ့ အတွေးအခေါ်နဲ့ ယုံကြည်မှုကို ပုံဖော်ရာမှာ မီဒီယာက အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ တကယ်တော့ မီဒီယာကို စဉ်ဆက်မပြတ် ထိတွေ့မှုက ကလေးရဲ့ လူမှုရေး၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတတ်မှုကို ထိခိုက်နိုင်တယ်လို့ သက်သေပြခဲ့ပါတယ်။ ဆယ်ကျော်သက်တွေပေါ်မှာ မီဒီယာရဲ့ သက်ရောက်မှု အကောင်း၊ အဆိုးနှင့် ပတ်သတ်ပြီး ဒီဆောင်းပါးလေးကနေ မျှဝေပေးလိုက်ပါတယ်။

ဆယ်ကျော်သက်တွေအပေါ် မီဒီယာရဲ့ ကောင်းကျိုးသက်ရောက်မှုများ

- Advertisement -

မီဒီယာနှင့် ထိတွေ့ခြင်းက အမြဲတမ်း အဆိုးချည်းပဲ မဟုတ်ပါဘူး။ မီဒီယာတွေက ဆယ်ကျော်သက်တွေရဲ့ အပြုအမှုနှင့် သဘောထားအပေါ် အောက်ပါနည်းလမ်းတွေနဲ့ ကောင်းကျိုးသက်ရောက်ပါတယ်။ သို့သော် ကလေးကြည့်နေတဲ့ အကြောင်းအရာ အရည်အသွေးပေါ် မူတည်တယ်ဆိုတာ သတိရပါ။

၁။ ဖျော်ဖြေရေးနှင့် မိမိကိုယ်ကို ဖော်ပြတဲ့နည်းလမ်း- လူမှုရေးမီဒီယာ ပလက်ဖောင်းတွေဖြစ်သော Facebook, Twitter နဲ့ Instagram တို့က ဆယ်ကျော်သက်တွေအတွက် ကမ္ဘာအနှံ့က စိတ်ဝင်စားမှုတူညီသူတွေနဲ့ အပြန်အလှန်ဆက်သွယ်ဖို့ နေရာပေးပါတယ်။ ဒီအပြန်အလှန်ဆက်သွယ်မှုက ဖျော်ဖြေမှုနှင့် စိတ်ကျေနပ်မှုကို ရရှိစေပြီး သူတို့ရဲ့ယုံကြည်မှုနှင့် self-esteem ကိုမြှင့်တင်ပေးပါတယ်။

၂။ လှုံ့ဆော်မှု ဖြစ်စေနိုင်သော အရင်းအမြစ်တစ်ခုဖြစ်နိုင်ပါတယ်- အွန်လိုင်းမှတ်တမ်းရုပ်ရှင်တွေ၊ ရုပ်ရှင်တွေ၊ အင်တာနက်ပေါ်က လှုံ့ဆော်မှု ဇာတ်လမ်းတွေ၊ ပရင့်နှင့် broadcast media တွေက ဆယ်ကျော်သက်ကလေးအတွက် လှုံ့ဆော်မှု ရင်းမြစ်တစ်ခုဖြစ်ပါတယ်။ ဥပမာအားဖြင့် ဆယ်ကျော်သက်လေးတွေဟာ ဘဝကို လှုံ့ဆော်မှုရဖို့ စတိဗ်ဂျော့ဘ်နှင့် ချပလင်ကဲ့သို့သော စစ်မှန်သော ဘဝအခြေပြုရုပ်ရှင်ကို ကြည့်နိုင်ပါတယ်။

၃။ လူမှုရေးကျွမ်းကျင်မှုများ ဖွံ့ဖြိုးတိုးတတ်စေဖို့ ကူညီပေးပါတယ်- အချို့သော ဆယ်ကျော်သက်တွေဟာ ဘာသိဘာသာနေတတ်သူလေးတွေ ဖြစ်ပါတယ်။ သူတို့အတွက် ဆိုရှယ်မီဒီယာက လွတ်လပ်သော ပတ်ဝန်းကျင်တစ်ခုဖြစ်ပါတယ်။ လူမှုကွန်ယက်က ထိရောက်သော ဆယ်သွယ်ရေးအတွက် လိုအပ်သော လူမှုရေးကျွမ်းကျင်မှုများကို ဖွံ့ဖြိုးစေပါတယ်။ ထိရောက်တဲ့ communication ကဖွံ့ဖြိုးတိုးတတ်ဖို့နှင့် ပေါင်းသင်းဆက်ဆံရေးတွေကို ထိန်းသိမ်းဖို့ မရှိမဖြစ်လိုအပ်ပါတယ်။

၄။ လူမှုရေးနှင့် နိုင်ငံရေးအမြင် တိုးတတ်စေပါတယ် – လက်ရှိဖြစ်ရပ်တွေနဲ့ သတင်းတွေကို စိတ်ဝင်စားသော ဆယ်ကျော်သက်တွေဟာ ဆင်းရဲနွမ်းပါးမှု၊ ကမ္ဘာကြီး ပူနွေးလာမှုစတဲ့ လူမှုရေး၊ နိုင်ငံရေးနှင့် လူ့ဖွံ့ဖြိုးတိုးတတ်မှုဆိုင်ရာ ကိစ္စရပ်များမှာ စိတ်ပါဝင်စားစေပါတယ်။ သင့်ကလေးရဲ့ ကိုယ်ရည်ကိုယ်သွေးနှင့် စိတ်ဝင်စားမှုတွေကို ဆုံးဖြတ်ဖို့ ကူညီနိုင်ပါတယ်။

၅။ ကျန်းမာရေးရဲ့ အရေးကြီးမှုကို သတိပြုမိစေပါတယ်- မီဒီယာတွေက ကျန်းမာရေးနှင့်ပတ်သတ်ပြီး ဘယ်လိုထိန်းသိမ်းရမယ်၊ ဘယ်လိုကာကွယ်ရမယ်ဆိုတာကို ဖြန့်ဝေပါတယ်။ ထိုသို့သော သတင်းအချက်အလက်တွေကို အာရုံစိုက်သော ဆယ်ကျော်သက်တစ်ယောက်ဟာ ဆယ်ကျော်သက်ဘဝ စိတ်ဓါတ်ကျခြင်း၊ ကလေးဘဝအဝလွန်ခြင်းစတဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာများနဲ့ ဖြစ်နိုင်ချေရှိသော ဖြေရှင်းနည်းတွေကို ပိုသတိပြုမိပါလိမ့်မယ်။ ဒီအချက်က သူတို့ကို အသိပညာနဲ့ ကျန်းမာသော လူနေမှုပုံစံစတဲ့ ရွေးချယ်မှုများ ပြုလုပ်ဖို့ ကူညီပါလိမ့်မယ်။

၆။ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ဖော်ထုတ်ခြင်းအတွက် အထောက်အကူပြုပါတယ်- အကြောင်းအရာ အရည်အသွေးကောင်းသော ရုပ်မြင်သံကြားအစီအစဉ်တွေ၊ စီးရီးတွေနဲ့ ရုပ်ရှင်တွေက ဆယ်ကျော်သက်တွေကို Identity ဖွံ့ဖြိုးစေပါတယ်။ ဥပမာအားဖြင့် ကျား၊မတန်းတူညီမျှမှုကို ရောင်ပြန်ဟပ်သော ရုပ်ရှင်က ဆယ်ကျော်သက်တစ်ယောက်အား သူတို့ဘဝမှာ ဒါကို လိုက်နာဖို့ motivate ဖြစ်စေပါတယ်။

ဆယ်ကျော်သက်တွေအပေါ် မီဒီယာရဲ့ ဆိုးကျိုးများ

visual media နဲ့ social media ကို အသုံးပြုခြင်းက ဆိုးကျိုးသက်ရောက်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ််လာနိုင်သော နည်းလမ်းများစွာ ရှိပါတယ်။ ဒီနေရာမှာ အကဲဖြတ်ရမှာဖြစ်တဲ့ ဖြစ်နိုင်ချေ အချို့ရှိပါတယ်။

၇။ ကျန်းမာရေးနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာတွေကို ဦးတည်သွားစေနိုင်ပါတယ်- စခရမ်ကြည့်ချိန်များတာက ပညာရေးစွမ်းဆောင်ရည် ညံ့ဖျင်းခြင်း၊ အိပ်စက်ခြင်းမှာ အားနည်းခြင်း၊ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု အားနည်းခြင်းနှင့် ဆက်စပ်နေပါတယ်။ ဒီအချက်တွေအားလုံးက အဝလွန်ခြင်း နှင့် ဖွံ့ဖြိုးတိုးတတ်မှုအပေါ် ဆိုးကျိုးသက်ရောက်ခြင်း ကဲ့သို့သော ကျန်းမာရေးပြဿနာတွေနဲ့ ဆက်စပ်လျက်ရှိပါတယ်။

၈။ မှားယွင်းသော အမြင်တွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်- မီဒီယာတွေက ဆေးလိပ်သောက်လျှင်၊ အရက်သောက်လျှင်၊ မူးယစ်ဆေးဝါးသုံးစွဲလျှင်၊ ကားမြန်မြန်မောင်းလျှင် လန်းတယ်လို့ ထင်ရအောင် လူငယ်တွေကို အမြင်မှား အတုယူမိစေပါတယ်။ လူကြီးဘဝရဲ့ တင်ပြချက်အားလုံးက သူတို့ရဲ့အကြိုက်ဆုံးသရုပ်ဆောင်တွေကို အတုယူမိအောင် ဆယ်ကျော်သက်တစ်ယောက်အပေါ် သြဇာသက်ရောက်မှု ရှိနိုင်ပါတယ်။

၉။ မှားယွင်းသော ယုံကြည်မှုတွေ ပေါ်ပေါက်လာစေနိုင်ပါတယ်- တစ်ခါတစ်ရံမှာ ဘက်လိုက်သော သတင်းနှင့် သတင်းအတုတွေ ဖြန့်ဝေဖို့ လူမှုပလက်ဖောင်းတွေကို အသုံးပြုကြပါတယ်။ ဆယ်ကျော်သက်တွေဟာ သတင်းအချက်အလက်တွေကို ယုံကြည်လာခြင်းဖြင့် သူတို့ရဲ့ သဘာထားနှင့် အပြုအမှုကို ပြောင်းလဲစေနိုင်ပါတယ်။

၁၀။ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြစ်ပေါ်နိုင်ပါတယ်- ဆယ်ကျော်သက်တွေဟာ အနိုင်ကျင့်ခြင်း၊ ကောလဟာလ ဖြန့်ဝေခြင်း၊ အခြားသူတွေရဲ့ ဘဝအပေါ် လက်တွေ့မကျသော အမြင်တွေနဲ့ မီဒီယာတွေမှ ရွယ်တူချင်းဖိအားတွေကို မကြာခဏ ကြုံတွေ့ရလေ့ရှိပါတယ်၊ ဒီအရာတွေက ဆယ်ကျော်သက်တွေရဲ့ စိတ်ကျန်းမာရေးအပေါ် မကောင်းတဲ့ ဂယက်ထမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ စိတ်ဓါတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ သီးခြားဖြစ်ခြင်းနှင့် မိမိကိုယ်ကို သက်သေခြင်းတို့ ဖြစ်နိုင်ပါတယ်။

၁၁။ အကြမ်းဖက်အပြုအမှုကို ဖွံ့ဖြိုးစေနိုင်ပါတယ်- လေ့လာမှုတစ်ခုအရ အကြမ်းဖက်ရုပ်မြင်သံကြား အစီအစဉ်တွေကို ကြည့်ခြင်း၊ အကြမ်းဖက်ဗီဒီယိုဂိမ်း ကစားခြင်းက ဆယ်ကျော်သက်တစ်ယောက်ရဲ့ အပြုအမှုကို ပြောင်းလဲစေပြီး အကြမ်းဖက်မှုတွေ၊ ရန်လိုမှုတွေ ပြုလုပ်နိုင်ပါတယ်။

၁၂။ စွဲလမ်းမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်- ဆိုရှယ်မီဒီယာကို ပုံမှန်ကြည့်ခြင်း (သို့) ဂိမ်းကစားခြင်းက ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။ သုတေသနအရ ဆိုရှယ်မီဒီယာကွန်ယက်ကို အလွန်အကျွံ သုံးခြင်းက အခြားစွဲလမ်းစေသော အပြုအမှုတွေနဲ့ တူညီသော လှုံ့ဆော်မှုကို ဖြစ်စေနိုင်တယ်လို့ ဖော်ပြပါတယ်။ ဆယ်ကျော်သက်အများစုက ဓါတ်ပုံတွေ၊ ရင်တွင်းခံစားချက်တွေကို အွန်လိုင်းပေါ်တင်ပြီး သူငယ်ချင်းတွေဆီမှ ကောင်းတဲ့ ကွန်းမန့်တွေ၊ မျှဝေမှုနတွေနဲ့ လိုက်ခ်တွေကို မျှော်လင့်တတ်ကြပါတယ်။ ဒီအတွေ့အကြုံတွေက ဦးနှောက်ရဲ့ reward system ကိုသက်ဝင်လှုပ်ရှားစေပြီး dopamine ပမာဏကို တိုးစေပါတယ်။ ရေရှည်မှာ မီဒီယာစွဲလမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။

သင့်ကလေးအပေါ်မီဒီယာရဲ့ ဆိုးကျိုးနဲ့ ကောင်းကျိုးသက်ရောက်မှုက မီဒီယာသုံးစွဲသော အချိန်ပမာဏနှင့် မိဘတွေက ကလေးကို ထိတွေ့မှုကို ဘယ်လိုကောင်းမွန်စွာ ထိန်းညှိတယ်ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။

Chit_MayMay

LM_nandar

Source- momjunction.

Chit MayMayမှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here