Home adolescence ဆယ်ကျော်သက်တွေမှာ ခန္ဓာကိုယ်အနံ့ဆိုးထွက်ခြင်းကို ဖယ်ရှားဖို့ သိကောင်းစရာများ

ဆယ်ကျော်သက်တွေမှာ ခန္ဓာကိုယ်အနံ့ဆိုးထွက်ခြင်းကို ဖယ်ရှားဖို့ သိကောင်းစရာများ

0
419

ဆယ်ကျော်သက်တွေဟာ လူပျို/အပျိုဖော်ဝင်ပြီးနောက်မှာ ခန္ဓာကိုယ် အပြောင်းအလဲတွေကို ဖြတ်သန်းသွားရပါတယ်။ ဒီအပြောင်းအလဲတွေထဲမှာ ခန္ဓာကိုယ်အနံ့ဆိုး နံခြင်းလည်း ပါဝင်ပါတယ်။ ဒီအတွက်ကြောင့် စိုးရိမ်စရာမလိုပါဘူး။ ဆယ်ကျော်သက်တွေမှာ ခန္ဓာကိုယ်အနံ့ထွက်တာက ပုံမှန်ဖြစ်ပါတယ်။ ယောကျ်ားလေးတွေမှာ ပိုမိုဖြစ်ပွားလေ့ရှိပါတယ်။

ခန္ဓာကိုယ်အနံ့ဆိုးက ချွေးထွက်ခြင်းကြောင့် ဖြစ်နိုင်ပေမယ့် တခြားအကြောင်းပြချက်တွေလည်း ရှိနိုင်ပါတယ်။ ဒါ့ကြောင့် မေမေတို့ဆယ်ကျော်သက်လေးရဲ့ ကိုယ်ခန္ဓာအနံ့ကို ထိန်းချုပ်ဖို့ ဖြစ်နိုင်တဲ့ အကြောင်းရင်းတွေနဲ့ အကြံဉာဏ်တွေကို မျှဝေပေးလိုပါတယ်။

ဆယ်ကျော်သက်တွေမှာ ခန္ဓာကိုယ်အနံ့နံခြင်းက ချွေးအလွန်အကျွံထွက်ခြင်း (hyperhidrosis) ကြောင့် ဖြစ်နိုင်ပါတယ်။ ချွေးထွက်ဂလင်းများတာကြောင့် ဖြစ်ပါတယ်။ ထို့အပြင် ဆယ်ကျော်သက်ကိုယ်ခန္ဓာအနံ့ နံရခြင်းရဲ့ အကြောင်းရင်းအချို့မှာ-

၁။ ဟော်မုန်းအပြောင်းအလဲများ

ပျိုဖော်ဝင်စဉ်နှင့် ဝင်ပြီးနောက်မှာ ဟော်မုန်းတွေ တတ်လာပြီး ချွေးနှင့်အဆီဂလင်းတွေ ထုတ်လွှတ်မှုကို တိုးစေပါတယ်။ ထုတ်လုပ်တဲ့ချွေးက အနံ့မရှိပေမယ့် အရေပြားမျက်နှာပြင်ပေါ်ရှိ ဘက်တီးရီးယားတွေက ချွေးတွေကို အမိုးနီးယားနှင့် အက်ဆစ်အဖြစ်သို့ ပြိုကွဲပျက်စီးသွားပြီး ထူးခြားသောအနံ့ကို ထွက်စေပါတယ်။

၂။ တစ်ကိုယ်ရည်သန့်ရှင်းမှု ညံ့ဖျင်းခြင်း

ပုံမှန်ရေမချိုးခြင်း၊ အဝတ်ပုံမှန်မလဲခြင်းတို့က အရေပြားပေါ်မှာ အထူးသဖြင့် ချိုင်းကြား၊ ပေါင်ကြားနှင့် ခြေထောက်တွေမှာ ဘက်တီးရီးဘားတွေ စုဆောင်းခြင်း ဖြစ်ပေါ်ပါတယ်။ ၎င်းက ခန္ဓာကိုယ်အနံ့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။

၃။ အစားအသောက်ရွေးချယ်မှုများ

ကြက်သွန်ဖြူ/ကြက်သွန်နီ၊ အနံပြင်းပြင်း ဟင်းခတ်အမွေးအကြိုင်၊ နို့အခြေခံတဲ့စားသောက်ကုန်များ၊ ငါးများ၊ ပဲပုပ်တွေကို စားသုံးခြင်းက ခန္ဓာကိုယ်အနံ့ဆိုးကို ဖြစ်ပေါ်စေနိုင်ပါတယ်။

၄။ Bromhidrosis (ချိုင်းချွေးနံ့ပြင်းခြင်း)

အရေပြားဘက်တီးရီးယားတွေက ချွေးတွေနဲ့ အပြန်အလှန်ဆက်သွယ်ပြီး ၎င်းကို ဒြပ်ပေါင်းများအဖြစ် ဖြိုခွဲသောအခါ ခန္ဓာကိုယ်အနံ့ကို ဖြစ်ပေါ်စေပါတယ်။ ဒီအခြေအနေက များသောအားဖြင့် လက်ဖဝါး၊ ခြေဖဝါးနှင့် အရေပြားအတွန့်အခေါက်တွေမှာ ဖြစ်ပေါ်ပါတယ်။

၅။ Trimethylaminuria

ငါးညှီနံ့ရောဂါလက္ခဏာလို့လည်းခေါ်ပြီး ဆယ်ကျော်သက်တွေနဲ့ လူကြီးတွေမှာ ဖြစ်ပွားနိုင်ပါတယ်။ခန္ဓာကိုယ်ထဲမှာ သဘာဝအလျောက် ထုတ်လုပ်တဲ့ ဒြပ်ပေါင်းတွေဖြစ်သော Trimethylaminuriaကို ခန္ဓာကိုယ်မစွမ်းဆောင်နိုင်ချိန် အခြေအနေမှာ တွေ့ရှိရပါတယ်။ ခန္ဓာကိုယ်အတွင်းရှိ Trimethylaminuria စုဆောင်းခြင်းက လူရဲ့ဆီး၊ အသက်ရှုခြင်းနှင့် ချွေးတွေမှာ ငါးညှီနံ့ နှင့်တူသောအနံ့ကို ဖြစ်ပေါ်စေပါတယ်။

၆။ Superadded infections

ဝဲယားနာတွေဟာ ချိုင်းကြား (သို့) ပေါင်ခြံတွေမှာ တွေ့ရလေ့ရှိပါတယ်။ ဒါက ပြင်းထန်သော ယားယံခြင်းနှင့် ခန္ဓာကိုယ်အနံ့ကို ဖြစ်ပေါ်စေပါတယ်။ ဆယ်ကျော်သက်တွေမှာ ပုန်းအောင်းလေ့ရှိတဲ့ ဘက်တီးရီးယားကူးစက်မှုတွေ ရှိနိုင်ပါတယ်။

ဆယ်ကျော်သက် ကိုယ်ခန္ဓာအနံ့ကို ဘယ်လိုဖယ်ရှားရမလဲ?

ကျန်းမာသော အစားအစာကို စားသောက်ပြီး ရေဓါတ်ဖြည့်ပါ။ ဒါ့အပြင်ဆယ်ကျော်သက်အရွယ်မှာ ခန္ဓာကိုယ်အနံ့ကို ကာကွယ်ဖို့နဲ့ ထိန်ချုပ်ဖို့ သင်လုပ်နိုင်တဲ့ အချက်အချို့ကတော့

antibacterial soap နှင့် ရေချိုးခြင်း- antibacterial soap နှင့် ပုံမှန်ရေချိုးခြင်း၊ ချိုင်းကြား၊ ပေါင်ခြံနှင့် ခြေဖဝါးကဲ့သို့သောအစိတ်အပိုင်းတွေကို သန့်ရှင်းခြင်းက ခန္ဓာကိုယ်အနံ့ဆိုးကို ဖြစ်ပေါ်စေတဲ့ ဘက်တီးရီးယားတွေနဲ့ ချွေးတွေကို ဖယ်ရှားပေးပါတယ်။

သန့်ရှင်းသော အဝတ်အစားတွေကို ဝတ်ဆင်ပါ- သန့်ရှင်းသော ချည်ထည်လေးတွေ ဝတ်ဆင်ခြင်း( အတွင်းခံ၊တီရှပ်၊ ခြေအိတ်များအပါအဝင်) က လေဝင်လေထွက်ကောင်းတာကြောင့် ခန္ဓာကိုယ်အနံ့ကို လျော့နည်းစေပါတယ်။ rayon, silk, နဲ့ polyester ကဲ့သို့သော ပစ္စည်းတွေက လေဝင်လေထွက်မကောင်းသလို ပိုပြီးချွေးထွက်စေပါတယ်။

ချိုင်းချွေးနံ့ပျောက်ဆေးသုံးပါ- Deodorants ကခန္ဓာကိုယ်အနံ့ကို ဖုံးအုပ်နိုင်ပါတယ်။ အလူမီနီယမ် zirconium နဲ့ aluminum chloride ပါဝင်သော ချွေးနံ့ပျောက်ဆေးတွေက ထိရောက်မှုရှိပါတယ်။

အချို့သောအစားအစာတွေကို လျှော့ချခြင်း- ကြက်သွန်ဖြူ၊ ငါးနှင့် ဟင်းခတ်အမွှေးအကြိုင်ကဲ့သို့သော အနံ့ပြင်းပြင်းအစားအစာတွေကို ကန့်သတ်ခြင်းဟာ ခန္ဓာကိုယ်အနံ့ကို လျော့နည်းစေပါတယ်။ ဆယ်ကျော်သက်တွေမှာ ခန္ဓာကိုယ်အနံ့အတွက် အိမ်တွင်းကုစားနည်းအချို့ကို စမ်းကြည့်နိုင်ပါတယ်။

Apple cider vinegar – ပန်းသီးရှာလကာရည်က အရေပြားရဲ့ pHအဆင့်ကို ထိန်းညှိနိုင်ခြင်းအားဖြင့် အနံ့တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ သို့သော် ၎င်းကို ရေမှာရောပြီး ဝါဂွမ်းဖြင့် ချိုင်းကြားမှာသုတ်လိမ်းသင့်ပါတယ်။ ခြေထောက်အနံ့အတွက်ဆိုရင် ရေပူထဲကို ပန်းသီးရှာလကာရည်တစ်ခွက်ထည့်ပြီး ၁၅မိနစ်လောက်စိမ်ပါ။

Epsom salt – Epsom ဆားရည်ထဲမှာ ခြေထောက်တွေကို စိမ်ခြင်းက ခြေထောက်အနံ့တွေကို လျှော့ချရာမှာ အထောက်အကူပြုနိုင်ပါတယ်။

သဘာဝချွေးနံ့ပျောက်ဆေး- သံပုရာရေ၊ အုန်းဆီနှင့်် မုန့်ဖုတ်ဆိုဒါပါဝင်တဲ့ သဘာဝချွေးနံ့ပျောက်ဆေးသုံးနိုင်ပါတယ်။ ကျောက်ချဉ်ကိုလည်းသုံးနိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်ပြမလဲ?

ခန္ဓာကိုယ်အနံက အရမ်းပြင်းပြီး ထိန်းချုပ်လို့မရပါက ဆရာဝန်နှင့် ပြသပြီးရောဂါရှာဖွေသင့်ပါတယ်။ အိမ်တွင်းကုစားမှုတွေက မသက်သာရင် ဆရာဝန်နှင့်ပြပါ။ တကယ်လို့ ဆယ်ကျော်သက်ဟာ ချွေးအလွန်အကျွံထွက်ပြီး အခြားကျန်းမာရေးအခြေအနေတစ်ခုရှိပါက ဆရာဝန်နှင့် သွားပြဖို့ လိုအပ်နိုင်ပါတယ်။

ခန္ဓာကိုယ်အနံ့နှင့်ပတ်သတ််ပြီး စိတ်ဖိစီးမှုဖြစ်ရမယ့် ပြင်းထန်သောအခြေအနေမဟုတ်ပါဘူး။ အချို့သော လူနေမှုပုံစံစတဲ့ ပြောင်းလဲမှုတွေပြုလုပ်တဲ့အခါ ပျောက်ကွယ်သွားနိုင်ပါတယ်။ နေ့စဉ်ပုံမှန်သန့်ရှင်းရေးကို ဂရုစိုက်ပေးခြင်းက ဆယ်ကျော်သက်တွေမှာ ခန္ဓာကိုယ်အနံ့တွေကို ဖြေရှင်းနိုင်ဖို့ ကူညီနိုင်ပါတယ်။

Chit_MayMay

LM_Nandar

Source-momjunction.

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here